Sep 6, 2007

အလှည့်

ကျွန်တော်တစ်နေ့ က ညောင်ဦးကိုရောက်တော့ ရွာဘက်က အတော်လေး ရှေးကျသော အဘကြီး

တစ်ယောက်နဲ့ တွေ့ ခဲ့ပါတယ်။သူက ရန်ကုန်ကိုပြန်တဲ့ဘုန်းကြီးတစ်ပါးကို လေယာဉ်ကွင်းကိုလိုက်ပို့ တာပါတဲ့။
အဘကြီးနဲ့ စကားစပ်မိတော့ ဟိုဟိုသည်သည် ပြောဖြစ်ကြရင် …အဘကြီးက စကားမစပ်သည်ကနေ
ရန်ကုန်ကို နေ့ ခင်းသည်အချိန်ကြီးထွက်တော့ ညစားကို ဘယ်အချိန်ကျ ဘယ်မှာ စားလဲတဲ့။ကျွန်တော်က ရှင်းပြပါတယ်။ခုသွားပြီး သိပ်မကြာ ဘူး ရန်ကုန်ကို ရောက်ရော လို့ …။လေယာဉ်ကျကားများလို ကားချင်း ရှောင်ရတာ။ဂျိုင့်ရှောင်ရတာမရှိတော့ မြန်တာပေါ့လို့ ။သိပ်လည်းမရှင်းတတ်ဘူးလေ။
တစ်နေ့  မှတ်မိနေပါသေးတယ်။ကျွန်တော် ရွာက ဘကြီးတစ်ယောက်နဲ့  ရန်ကုန်မြို့ ထဲလျှောက် လည်ပါတယ်။ဘကြီးက မြို့ထဲမှာComputer installer CD တွေ ရောင်းတဲ့ဆိုင်လည်းရောက်ရော …
ကျွန်တော့်ကို မမေးဘဲ ဆိုင်မှာ သွားမေးတယ်။အဲ့ဆိုင်က ပြန်ပြောတာဘဲကြားလိုက်ရတယ်။ဒီမှာက VCD မရှိဘူး။Computer နဲ့ ဘဲ သုံးလို့ ရတဲ့ CD တွေဘဲ ရှိတာတဲ့။ကျွန်တော်ပြီမှ ဘကြီးကို ပြောပြရပါတယ်။
သူကတော့ဟိုငေး၊သည်ငေး။ကျွန်တော်ကတော့ ဘကြီးလက်ကိုဆွဲပြီးသုတ်သုတ် ပြေးရသည်။
တော်ကြာ ....ထပ်မေးနေရင်ကျွန်တော် တော့ဒုက္ခ ပေါ့။
တစ်နေ့ ကျွန်တော် အလုပ်လုပ်နေတုန်း ကျွန်တော့် ညီဝမ်းကွဲ လေးတစ်ယောက် နောက်ကနေ လာကြည့်နေပါတယ်။ကျွန်တော် လုပ်နေရင်း ကနေ လှည့်ကြည့်ပြီး ပြုံးပြလိုက်တယ်။သူ က ၃နှစ်သား လောက်ရယ်။အဒေါ်တစ်ယောက်ရဲ့သား။နောက်ဆုံးပိတ်ညီလေး။ချစ်စရာ အားကြီးကောင်း။ပြောပြရ အုံးမယ်။သူ့ ကို ကျွန်တော် အပြင်သွား ရင် ခေါ်ခေါ်သွားလေ့ရှိပါတယ်။အဲ့မှာ သူနဲ့ က အရွယ်ကွာ….။ညီပါလို့ က လည်းပြောမရ…။တူ ပါလို့ ကလည်း မဟုတ်။အချို့ ကဆို ကလေးကတော့ ချောတယ်နော်တဲ့။ကျွန်တော့်ကို အဒေါ်က လာဒ်တိတ် နေလိမ့်မယ် နော်လို့ စတတ်ပြီး ..ကျွန်တော်က ကာကွယ်ပြီးသားရတာပေါ့လို့ ပြန်ပြော
တတ်ပါတယ်။ဒါနဲ့ အဲ့နေ့ က ကျွန်တော် သူ့ လက်ထဲမှာ အထုပ်လေး တစ်ထုပ်ကိုင်ထားတာ တွေ့ တာနဲ့ ….
ကိုကြီးကို ကျွေးပါအုံးပေါ့။သူကိုင်ထားတာ သကြားခဲ ထုပ်လေးပါ။ကျွန်တော် တောင်း ကြည့် တယ်။သူ လက်ထဲမှာ ကစားပြီး ၀ှက်လိုက်တယ်။ကျွန်တော် မြင်တာပေါ့။သူ့ လက်ထဲက လိုက်လုပါတယ်။
ပေးရခါနီးကျ သူ ကပြောတယ်။မုန့် မဟုတ်ဘူး။ မုန့် မဟုတ်ဘူး။ကိုကိုကြီး အဲ့ဒါဖော့ဖျက်တဲ့။ သူထွက်သွားပါ တယ်။ကျွန်တော် စဉ်းစားမိတယ်။သူ ကျွန်တော့်ကို ပတ်သွားတယ်ပေါ့။ အေးပါကွာ။ အေးပါဆိုပြီး။ သဘောကျ ကျန်ခဲ့ရတယ်။အဒေါ်နဲ့ တွေ့ တော့ ကျွန်တော်တို့ ကလေးအကြောင်းကို စကားစပ်မိရင်းကနေ တစ်နေ့ က ကျွန်တော့်ကို လှိမ့်သွားတဲ့ အကြောင်းပြောဖြစ်တာပေါ့။အဒေါ်က ပြောပါတယ်။ အဲ့ဒါ တကယ်ဖော့ဖျက်တဲ့။
သူကပူဆာ လို့ ဝယ်ပေထားရတာတဲ့။အယ်…ပေါ့။ကျွန်တော် မသိပါ။ကျွန်တော်တို့ ငယ်ငယ်တုန်းက သကြားခဲပုံလေးကိုဗျာ။ကျွန်တော်ကို တော့ ကလေးက အဘိုးကြီး က သိလည်းသိဘဲနဲ့ လို့ ကျွန်တော့် ပြောပေါက်အတိုင်းပြောရင်တော့….။တကယ်ဘဲ
ကျွန်တော်တို့  အလှည့်ရောက်တော့မှာလား။
ကျွန်တော့်မှာ ၉၀ကျော်အဘတစ်ယောက် ရှိပါတယ်။ အဘက ကျွန်တော်ကို အင်မတန်ချစ်ပါတယ်။ ကျွန်တော်ငယ်ငယ်က အတော်လေးချူချာတော့ ဆေးမပြတ်သောက်ခဲ့ရပါတယ်။ အဘကကျွန်တော့်ကို အချိန် နဲ့ ဆေးတိုက်ပါတယ်။ကျွန်တော်ကလည်းအဘ ကလွဲပြီးကျန်တဲ့သူ က ဆေးတိုက်ရင် မသောက်။အဘကဘဲ ကျွန်တော့်ကို ဂရုတစိုက် ဆေးကိုမခါးရအောင် အာခေါင်ထဲထိတိုက်နိုင်ပါသည်။ကျွန်တော်မှတ်မိနေသေးသည်။ အဘနှင့်ဘဲအိပ်။အဘနဲ့ ဘဲစား။အဘ နှင့်ဘဲ လမ်းလျှောက်။အဘစက်ဘီးကိုင်မှ စက်ဘီးစီးတတ်ခဲ့ပါသည်။နေ့ တွေ ၊နေ့ တွေ ကုန်လာခဲ့။ကုန်လာခဲ့ ။အဘ အခုဆို ကောင်းကောင်းမမာတော့။ အသက် ၉၀ကျော်ခဲ့ပြီလေ ။ လှဲလျက်၊ထိုင်လျက် ဘဲ နေပါတော့တယ်။ဖြစ်လာခဲ့ရပါပြီ။အပေါ်ထပ်အောက်ထပ်ဆင်းဖို့ ရာ ကျွန်တော် ကုန်းပိုးမှ။ရေချိုးလျင် ကျွန်တော် ချိုးပေးမှ။ ဖြစ်နိုင်လျင်ထမင်းလက်ဆုံစားချင်သည်။

ကျွန်တော်စဉ်းစားမိတယ်။တစ်နေ့ ကျရင်…..ကျွန်တော်တို့ လည်း။

javascript:void(0); Save Template