ကျွန်တော် ဒီနေ့ အေးအေးလူလူ လ္ဘက်ရည်ဆိုင်မှာ မနက်က မိုးချုပ်ဘက်ထိ ထိုင်ဖြစ် လိုက်ပါတယ်။ကောင်တာက ကောင်မလေး ချောလို့ လား။မဟုတ်ပါ။လမ်းပေါ်က အချက်
အချာမို့ လား။မဟုတ်ပါ။ကျွန်တော် အေးအေးလူလူ စာဖတ်ရင်း၊ဆေးလိပ်သောက်ရင်း၊ ရေနွေးသောက်ရင်း….စဉ်းစားရင်း နေချင်လို့ ပါ။ချောင်ကျတဲ့ လူရှင်းတဲ့ ဆိုင်တစ်ဆိုင်မှာပါ။
ရှောင်မှ တွေ့ တတ်တယ် သိလား။ကျွန်တော် ထိုင်နေတုန်း ကျွန်တော် သိပ်ကြည့်မရတဲ့ လူတွေ ရောက်လာပါရဲ့။သူတို့ က ကျွန်တော့်ဘေး လာထိုင်တယ်။စိတ်က သိပ်မကြည်တော့ဘူးပေါ့။ထိုင်ရုံဆို စကားမပြောလည်း ရတယ်။မဟုတ်ဘူးဗျာ။လူကိုလည်း နှိပ်ကွပ်တယ်ဗျ။စိတ်ထဲမှာတော့ ငပေါတွေ…ငပေါတွေ အကြိမ်ကြိမ် ပြောပြီးနေပြီ။ကျွန်တော်က အလုပ်ကို စိတ်မရှိဘူး…… စာတွေလျှောက်ဖတ်နေတော့ ဘာရမှာမို့ လို့ တုန်းတဲ့။ကျွန်တော့် လက်ထဲက စာအုပ်ကို ကြည့်ပြီး ပြောတာပါ။အလုပ်လုပ်နိုင်မှ ငွေရမတဲ့ဗျာ။သူ့  တူမတစ်ယောက် ဂျပန်က ပို့ လိုက်တဲ့ စာအကြောင်းပြောပြန်တော့…ဂျပန်တွေက အလွန်ဟန်ဆောင်ကြသတဲ့။အရမ်းလည်း အားနာတတ်ကြသတဲ့။ဘာကိုမဆိုအားနာပြီးဟန်ဆောင် ဆက်ဆံကြ သတဲ့။ဟန်ဆောင်နေသလား ၊ တကယ်လားဆိုသည်ကို ပင် မသိနိုင် လောက်အောင်ကိုဆိုဘဲဗျ။ကျွန်တော် စိတ်ညစ်လာပါပြီ။ သြော်ဟုတ်လား၊ကောင်းတာပေါ့ လို့ ခေါင်းညိတ် ထောက်ခံရင်း…နေချင်တယ်လို့ ပြောရင် သူတို့ ကို ကျွန်တော်တို့ ရွာပို့ ပေး လိုက်ပါ။ရှိသမျှ အမွှေး တွေဘဲပြောင်သွားမလား။ လူဘဲရူးသွားမလား။ ခဏလေးချင်းဖြစ်သွားစေရမယ်လို့ ။သူ …မျက်လုံးလေး ကလယ် ကလယ် စဉ်းစားပါတယ်။ထောက်ခံ သည်ရှိရဲ့။ဟွန်း….လို့ သူသက်ပြင်းချသည်။ပြီး ဆက်ပြောသည်။သူငြိမ်သွားပြီ ဆိုပြီးစာဖတ်ဖို့  အရှိန်ယူလိုက်တဲ့ ကျွန်တော် စာအုပ်ပိတ်ပြီး နားထောင်နေလိုက်သည်။ဂျပန်ပြည်မှာ လူအများက အလုပ်လုပ်ကြသည့်အတွတ် ငွေချမ်းသာကြသည်တဲ့။ကျွန်တော်တို့ ဗမာတွေက တော့ ပျင်းကြသတဲ့။ကျွန်တော့်ကို လည်း ပျင်းသတဲ့။ဂျပန်တွေဆို မနက်ရှစ်နာရီကနေ ညဘက် သန်းခေါင်ထိ အလုပ်လုပ်ကြသတဲ့။ကျွန်တော့်ကို ပါပြောလာပြီ။ကျွန်တော် ပြန်ပြောရ တော့  မည်။အခုကျွန်တော်က ဘာဖြစ်နေလို့ တုန်းပေါ့။ကျွန်တော် စိတ်တိုတိုနှင့် မေးလိုက်သည်။သူ….အင်း၊အဲ နှင့် မဖြေ။ကျွန်တော်က ဆက်ပြောသည်။အခုကျွန်တော် ထိုင်နေသည်။နေပါအုံးပေါ့။ခင်ဗျားက ကြီးပွားနည်းတွေ သိပြီးပြီ ဆိုတော့ အခုခင်ဗျားကကော…လို့ ကျွန်တော် ကလိလိုက်သည်။သူ…..အင်း..ဆိုပြီး၊စဉ်းစားသည်။ပြီး သူက ဆက်ပြောသည်။ငါက အခု အလုပ်လုပ်ခဲ့လို့ ငါ့မှာ အရိပ်တွေရှိတယ်။ငွေတွေ ရှိတယ် တဲ့ဗျာ။
ကျွန်တော် ခနဲ့ သလို ရယ်လိုက်ပြီး….နွားခြေရာခွက်ကို ပင်လယ်ထင်သော ဖားသူငယ်ကဲ့သို့ ….လို့ 
သူ့ ကို စိတ်ကုန်သလို ကြည့်ပြီးပြောလိုက်တယ်။ချာခနဲ့ လှည့်ထွက်သွားလေရဲ့။ကျန်လူများကတော့
သူတို့ စကားနှင့်သူတို့ မို့ အစအဆုံး မကြားလိုက်ကြ။သူထွက်သွားမှ ကျွန်တော့်ကို ကြည့်လေ၏။ နားအေးသွားတာပေါ့။တိုက်တိုက်ဆိုင်ဆိုင်ဘဲ ကောင်တာက ထူးအိမ်သင်း ၏ တစ်နေ့ စာအလွဲများ ဖွင့် လိုက်တယ်။
သူ မမှတ်လို့ ရယ်သာ။အရင် အခေါက်တုန်းကလည်း ငါက မင့်တို့ အရွယ်တုန်းက အတော်လေးကြိုးစားပြီး အလုပ်လုပ်နေပြီ။ဘာညာညာပြောပြီး …အဲ့ဒါကြောင့် သူက အခုဆို အောင်မြင်သတဲ့။ကျွန်တော် အဲ့တုန်းက ပြောခဲ့တာ မှတ်မိနေသေးသည်။အောင်မြင်တယ်။ အောင်မြင်တယ်။အောင်မြင်တယ်။ကျွန်တော် တမင်ကိုဘဲ သုံးခါလောက် ခပ်ကျယ်ကျယ် ရွတ်ခဲ့သည်။
သူ ကျွန်တော့်ကို ဘုကြည့် ကြည့်သည်။ကျွန်တော် ကျောက်တုံးပိသူများ ခေါင်းစဉ်တပ် ပြီး သူ့ ကို ပြောဖြစ်တယ်။လူတွေ …လူတွေ ကိုယ်စီမှာ မွေးကတည်းက သူတို့ နှင့်အတူ ကျောက်တုံးလေးတွေ ပါလာကြတယ်ပေါ့။အချို့ ကတော့ ဂုဏ်ရှိတဲ့ မိဘတွေဆီမှာ ဖြစ်ရပြီး။အချို့ ကတော့ ငွေရှင်၊ကြေးရှင် တွေဆီမှာ လူဖြစ် ရသည်ပေါ့။သူတို့ အတွက်က အတော်လေး အဆင်ချောပြီးသား။အချို့ ကျတော့ လက်ချည်ဗလာ။သူတို့ အောင်မြင်ခြင်းအတွတ် သူတို့ ကိုယ်တိုင် သူတို့ လိုချင်သောနေရာကို တွန်းယူကြ ရတယ်ပေါ့။ဘ၀ဆိုတဲ့ လမ်းကလည်း နိမ့်တစ်ခါ၊မြင့်တလှည့် ရှိတတ်ပြန်ရော။ကျောက်တုံး တွန်းရာတွင် ကံ(အလုပ်)၊ဥာဏ်၊၀ိရိယ၊ပေါင်းပြီး တွန်းကြပြီး လူတွေချင်း အားလုံးတော့ လမ်းခရီးချင်း မတူညီကြ။ဖြစ်ရပ်များသည်တော့ လမ်းနှင့်တူပြီး ဥာဏ်သည်တော့ လမ်းခရီးအလိုက် အသုံးချ
တတ်သော အရည်အချင်းနှင့်တူသည်။ဝိရိယသည် ဘာလိုဘဲဖြစ်ဖြစ် တွန်းမယ်ကွာဆိုတဲ့ စိတ်ဓါတ်နှင့် အချိန်မလပ် တွန်းနေတတ်ခြင်းဖြစ် သည်။အချို့ က အစကတည်းက ကုန်းဆင်းတွေ။အချို့ ကျပြန်တော့ သေသည်အထိ အဆင် မချောကြ။ဘယ်လောက် ဥာဏ်ကောင်းသည်ဖြစ်စေ၊ ၀ိရိယကောင်းသည်
ဖြစ်စေ…. လမ်းကဆိုး၊ပို့ လို သောနေရာက အလှမ်းဝေးသည် ဖြစ်နေလျင် သူ့ အဖို့ မလွယ်။အချို့ဆို လူကလည်း တကယ်တော်ပါရဲ့။အလုပ်လည်း မနားတမ်းလုပ်ပါရဲ့။သူတို့ တစ်သက်တွင်အောင်မြင်မှု့
ဆိုသည်ကို မသိသွားကြ။ကမ္ဘာဦးအစက တိုင်ပြောမယ်ဆိုရင် ကျွန်တော်တို့ ထိုင်နေတဲ့ နေရာအောက်
မှာ အောင်မြင်တယ်ဆိုတာကို လုံးဝမသိသွားရဘဲ သေသွားခဲ့ရတဲ့ လူတော်တွေ အများကြီးမို့ အားနာသောအားဖြင့် ကျွန်တော်တို့ ထိုစကားအတွတ် ဆင်ခြင်သင့်ပါသည်လို့ ကျွန်တော် သူ့ ကို ကြည့်ရင်းပြောလိုက်သည်။သူ ဘာမျှတော့ ပြန်မပြောခဲ့။ကျွန်တော် ဆက်ပြောသည်။လူတွေက
သူတို့ တွန်းလို့ ကျောက်တုံး ကမရွေ့ ရင် ...ကံကိုက မကောင်းတာပါလို့ ဆိုတတ်ကြပြီး။သူ့ အားမပါဘဲ လမ်းကိုက ကောင်းသွားလို့  လိုရာကို လိမ့်သွားပြန်တော့ရင်တော့ ငါပေါ့လို့ လက်မထောင်ပြီး အောင်မြင်ခြင်းဘက်တွင် ကျောက်တုံးပေါ် တတ်ထိုင်တတ် ကြသည်ပေါ့။ ကျောက်တုံးတစ်ပတ်လည်သောအခါတွင် ထိုသူသည် ကျောက်တုံး ပိလေ၏။ အချို့ လည်းသူတို့ 
တွန်းသောကျောက်တုံးက တွန်းရာမသွား၊ပြောင်းပြန် ဆင်းသဖြင့် မရှောင် လျင် ရှုံးနိမ့်ခြင်းဘက်တွင် ကျောက်တုံး ပိလေ၏။ကျောက်တုံးပိသူများသည် ဦးနှောက်၊ခေါင်း (စဉ်းစားတွေးခေါ်ခြင်း၊စာပေ)၊
ခြေ၊လက် (အပေါင်း အသင်း၊စုပေါင်းလှုပ်ရှားခြင်း)တို့ ကျောက်တုံးအောက် ပိကုန်လေသဖြင့်
ထိုသူများသည် ဘ၀ တစ်ပိုင်း သေလေပြီ။ထိုကျောက်တုံးကို သူ့ ဘာသာသူ လိမ့် ပါစေ။
တွန်းဖို့  တာဝန်သာကိုယ့်တာဝန်။ကိုယ့်ကိုလည်း ပြန်မပိစေဘဲ။လိမ့်တဲ့ ကျောက်တုံးပေါ်လည်း တတ်မထိုင်မိစေဘဲ နေမှ လွတ်တော့မပေါ့နော် လို့ ကျွန်တော်ပြောလိုက်တယ်။သူ ကျွန်တော်ပြောတာကို နားလည်ဟန်တော့ ရှိပါရဲ့။နှုတ်ဆိတ်သွားသည်။ကျန်သူများက မျက်နှာ မကောင်းကြ။
ကျွန်တော်ပြောသည်များ လွန်ခဲ့လေလားဗျာ။သူက အမှတ်မရှိဘူးဗျ။ဒီနေ့ လည်း ထပ်လာပြီး
ဒီအကြောင်းဘဲ ပြောပြန်တာဘဲ။နောက်ထပ်လည်း ပြောရအုံးမယ် ထင်ပါရဲ့ဗျာ။နောက်တော့ သူလာရင် ပြေးတာဘဲ ကောင်းမယ် ထင်ပါတယ်နော်။နောက်တွေ့ မှ အေးအေးဆေးဆေး ခင်ဗျားရယ်၊ကျွန်တော်ရယ်၊သူရယ် လ္ဘက်ရည်ဆိုင် ထိုင်တာပေါ့။အဲ့ဒါမှ ကျွန်တော့်ကို ကိုယ်ချင်းစာတတ်မှာဗျ။ကျွန်တော်နှင့် အဖော် နောက်နှစ်ယောက်ကတော့ အတော်လေး မိုးချုပ်မှ ပြန်ခဲ့ကြသည်။
Jan 1, 2008
သူ့ အတွေး
Posted by
Phoe Lynn
at
7:29 PM
Subscribe to:
Post Comments (Atom)
1 comment:
မိုက်တယ်ကွာ။ ဆက်လုပ် ။
စောင့်ဖတ်နေ မယ်။
Post a Comment