ကျွန်တော် ဒီနေ့ မြို့အရှေ့ဘက် က စေတီတွေဆီရောက်ခဲ့ပါတယ်။ညောင်ပင်အောက်မှာ ကျွန်တော် ဦးလေးကြီးတစ်ယောက်နဲ့ တွေ့ ပါတယ်။ကျွန်တော်နဲ့ အသိပါ။ကျွန်တော် လှမ်းနှုတ်ဆက် ပြီး စကားစမြည်းပြောဖြစ်ကြပါတယ်။ သူကပြောပါတယ်။တရားပွဲတွေ အကြောင်းနဲ့ အချို့ဘာသာရေး အယူအဆ
တွေအကြောင်းပါ။တရားပွဲတစ်ခုမှာ ဘုန်းကြီးတစ်ပါးက စတိတ်ရှိုးပွဲများကဲ့သို့ ဖန်တီးထားသည်မှာ အင်မတန်
စိတ်ဝင်စားဖွယ်ကောင်းကြောင်း။ပလ္လင် ကိုဆုံလည်ခုံနှင့်လုပ်ထားပြီး တရားပွဲ မစခင် ပရိတ်သတ် ကို မိုက်ကယ်ဂျက်ဆင်ကဲ့သို့ ကြောပေးထားပြီး....နောက်မှ ဆုံလည်ခုံနှင့် ပရိတ်သတ် ဘက်လှည့်ကာ သီချင်း တစ်လှည့်၊ပါဋ္ဌိတစ်လှည့်၊ ဗြိတိသျှလိုတစ်လှည့် ပြောရင်းဟောရင်း ...နဲ့ အင်မတန်လည်း အပြောအဟော ကောင်းကြောင်းပေါ့။ကိုးကွယ်တဲ့လူတွေကလည်း များကြောင်း လည်းပါတယ်။ဘယ်လိုဘဲဖြစ်ဖြစ် ကောင်းပါ တယ်တဲ့။ဒါပေတဲ့ အခုခေတ် ဘုန်းကြီးတရားပွဲများမှာ ဗြိတိသျှလို ထည့်ဟောမှ တရားပွဲဖြစ်မြောက်နေသလို ဖြစ်နေပါရောလား ဆိုတာကို စဉ်းစားမိတယ်။
ကျွန်တော်တော့ ဦးဇောတိက(ပျဉ်းမနားဆရာတော်)တရားဟောသည်ကို သဘောကျပါသည်။
ဆရာတော်၏ စာအုပ်များကိုလည်းကြိုက်ပါသည်။အချို့နေရာများတွင် English လို သုံးလိုက်ခြင်းက ပို၍ ထိမိပြီး
တိုရှင်းဖြစ်နေတာကိုတွေ့ ရပါတယ်။ဆရာတော်ကို ဦးခိုက်လျက်ဆိုပါ၏။
အခြေအနေအချိန်အခါ မသိဘဲလိုအပ်သည်ထက်ပို၍အကြွားသန်မိလျှင်ကား မကောင်းပါ။
အဲ့မှာ အစောက ဦးလေးကြီးပြောချင်တာ ပါဋ္ဌိလိုတောင်ဖြစ်နိုင်သမျှတရားပွဲတွေမှာ မသုံးသင့်ကြောင်းနဲ့ ပိုဆိုးသည်မှာ ယနေ့ ခေတ်ဘုန်းကြီးများ က တရားပွဲများတွင် ဗြိတိသျှလို ပါမှ ဘုန်းကြီးရာဝင်ပြီး တရားနာများက
အထင်ကြီးသည် အထင်နှင့် အောက်က လူများနားလည်သည်၊နားမလည် သည် ကိုအပထား သူမှတ်ထားတာ တွေ၊ကျက်ထားတာတွေကို အစွမ်းကုန် ထုတ်သုံး၍ နောက်ဆုံး ပိတ် သာဓုခေါ်စေပြီးတရားပွဲကိုပြီးစေကြောင်း ကိုပါ။ကျွန်တော်လည်း အချို့ တရားပွဲတွေကိုသဘောမကျ ပါ။ ကျွန်တော်တတ်နိုင်သမျှတော့ရှောင်ပါသည်။ မရသည်အဆုံးမှ သာသွားလိုက်ရသည်။
အေးစေလိုလို့ တရားနာ ပူဇာစ အကျိုး ကျွန်တော်ဖြစ်နိုင်သ၍ ထပ်မတိုးချင်တော့ပါ။ဆရာမှားလျှင် တစ်သံသရာလုံးမှောက်မယ် ဆိုတဲ့ မိုးကုတ်ဆရာတော်ကြီး စကားကိုနားထဲ စွဲနေပါတယ်။ တစ်ခါတုန်းက
စာအုပ်တစ်အုပ်ထဲတွင် မေတ္တာတရားကို လေအေးပေးစက်အကြောင်းနှင့်နှိုင်းယှဉ်၍ ဥပမာပေးထားသည်ကို တွေ့ရပါတယ်။ကျွန်တော် တို့နိုင်ငံမှာ က အတော်လေးပြည့်စုံရုံနဲ့ ရေခဲသေတ္တာဆိုတာ၊လေအေးပေးစက်ဆိုတာ မြင်ဖူးကြတာမဟုတ်။ဘုန်းကြီးကပြောသေးတယ် အသံဆူညံတဲ့ အမျိုးအစားဆို အိပ်လို့ မရတော့ဘူးတဲ့။
ကျွန်တော်တို့ ကိုအားနာပါအုံး။ဘယ်ကလာ လေအေးစက်မပြောနဲ့ ပန်ကာတောင် မီးလာမှ သုံးရတာ။ အဲ့ 
့စာအုပ်ကဘယ်သူတွေ အတွတ်ရေးထားတာလဲစဉ်းစားစရာပါ။ကျွန်တော်လည်း လေအေးပေးစက်
ဆိုသည်များကို ကောင်းကောင်းမရင်းနှီးပါ။ဝယ်သုံးဖို့ ကလည်း ငွေမတတ်နိုင်ပါ။ငွေရှိသည်ထားဦး လျှပ်စစ်မီးက အချို့နေရာများနှင့် ဘုန်းကြီးကျောင်းများ တွင်သာ ၂၄ နာရီလာပါသည်။ကျွန်တော့် အတွတ်တော့ ယပ်တောင်က ပိုသေချာပါသည်။ပြီးတရားကို ခပ်ပေါပေါလုပ်၍ သီချင်းစာသားများနှင့်တွဲပြီး ဘယ်ဘုန်းကြီး လုပ်သည်မသိပါ။ကျွန်တော်သည်ပင် အချို့စာသားများကို သီချင်းစာသားမှန်းမသိပါ။ထိုဘုန်းကြီးက သီချင်း တွေကို အားကြီးနားထောင်ဟန်ရှိရဲ့။အဲ့လုပ်ရပ်မျိုးတွေအတွတ်ကို စဉ်းစားရမှာပါနော်။ပြောရအုံးမယ်။
တစ်ခါတုန်းက ဆရာတော်ဘုရားကြီးတစ်ပါး ရဲ့ မွေးနေ့မဂ်လာ အငြိမ့်ပွဲမှာ ပျက်လုံးတဲ့ဗျာ။မောင်ရယ်နှမရယ်
အတူထိုင်ကြည့်လို့ မှမရ။စင်ပေါ်မှညစ်တီး ညစ်ပတ်ဆဲနေသည်ကို အောက်မှထိုင်နားထောင်နေရဘိ
သကဲ့သို့ ။အချို့ရယ်ကြလေ၏။ခေတ် ကာလပျက်လုံးတဲ့လားဗျာ။ဘယ့်နှယ်ဖြစ်ပါသနည်း။အတန်တော့ ထိန်းသိမ်းသင့် ပါသည်။
ကျွန်တော်တို့ဘာသာရေးကိုအတော် လေးစဉ်းစားရမှာပါ။အဘယ့်အတွတ်ကြောင့်သံဂါယနာ တင် ခဲ့ရပါသနည်း။အဘယ့်အတွတ်ကြောင့် ထေရ၀ါဒ ခေါ်ပါသနည်း။(မောင်အံ့ ရေးသော သာသနာသက္ကရာဇ်
၂၅၀၀ ခရီးတွင် ရှု့)။ပြီး....တရားပွဲအများစုတွင် အလှူအတန်းအများစုအတွတ် အသားပေး ဟောပြော
နေသည်ကိုတွေ့ ရပါသည်။ငရဲနှင့် ခြောက်၊ဘုံနှင့်မြှောက် ၍ ဘာသာရေး ကိုမညစ်နွမ်းစေရာပါ။ သဲအင်းဂူဆရာတော်၏ တရားတစ်ပုဒ်တွင် ထင်ပါသည်။ဒါန၊သီလ၊ဘာဝနာ(သမထ) လောက်က သာသနပ အလုပ်သာဖြစ်သေးကြောင်း ကြားခဲ့ဖူးပါသည်။ထိုကဲ့သို့ရဲ့ရဲ့ ၀ံ့ ကိုသာအလိုရှိပါသည်။
အချို့ဘုန်းကြီးများသည်တရားပွဲအတွတ်....ခပ်ရိုင်းရိုင်း ပြောရလျင် (ပလ္လင်ဆင်းငွေချေ) စနစ်နှင့် ငွေကြေး သတ်မှတ် လက်ခံကြကြောင်း တဆင့်သိရပါသည်။ဟုတ်သလော။အင်မတန် ၀မ်းနည်းစရာကောင်းလှပါသည်။
ဒုတိယ သံဂါယနာ အဘယ်ကြောင့်တင်ခဲ့ရပါသနည်း။
တရားပွဲများတွင် တရားနာပရိတ်သတ်သည်လည်း အတော်လေး အားရစရာကောင်းပါသည်။ဦးရေ အင်အားများလှပါသည်။တရားပွဲတစ်ခုမှာ ကြုံဖူးပါသည်။မကြားရမည်စိုး၍ထင့်မတရားတိုးဝှေ့ ပြီး နေရာလုကြ
သည်မှာ မြင်၍ မှမကောင်း။အပြန်အတွတ်မော်တော်ကားစီစဉ်ပေး ထားရာ၊ကားနေရာဦးဖို့ရာ ပြေးကြ ၊
လွှားကြရင်း စကားများ ကြ ဒေါသထွက်ကြ ၊ကျွန်တော်မှာ ရယ်ရမလား၊ ငိုရမလား မသိဖြစ်ခဲ့ရဖူးပါသည်။
ယနေ့ဗုဒ္ဓဘာသာအများစုသည် လှူခြင်းနှင့် အတိုးပေးခြင်းကို ရောထွေးနေကြသည်။တစ်ကျပ်လှူ လျင် တစ်ရာရသည်ဟု လိုဘ ကိုရှေ့ထားပြီးလှူတန်းနေကြသည်။ပြီးနောက်ဘ၀ကျ....နောက်ဘ၀ကျ နှင့်
အပြုံ လိုက်သုံးပြီး စိုးရိမ်မှု့များစွာနှင့် ပါတကား။ဒီဘ၀ဆိုသည်ကိုပင်အားမရ နောက်ဘ၀အတွတ်တဲ့ဗျာ။
ဖြစ်နိုင်သမျှ ပစ္စုန်ပ္ပန်တည့်တည့်နေ ပါဆိုတဲ့....စကားကို သူတို့ သရော်နေသလော။မသိသလော။ဗုဒ္ဓ ပြောခဲ့တဲ့နိဗ္ဗာန်ဆိုတာ ကိုအသေအချာ ဆရာကောင်းနဲ့ လေ့လာသင်ယူအားထုတ်သင့့် ပါတယ်။
မိုးကုတ်ဆရာတော် ဘုရားကြီး ဦးဝိမလကို ကျွန်တော်......အင်မတန်သဘောကျပါတယ်။
ဆရာတော့်ကို နှိုင်းဆဖို့ ရာ ကျွန်တော် အသိနှင့် ခွေးပါးစပ်နှယ် ၊နတ်ဒ္ဓါ နဲ့ ဘာဆိုင်လို့ တုန်းလို့ ကျွန်တော့်ကိုယ် ကျွန်တော်ပြောရမှပါ။အ၀ိဇ္ဇာမှဝိဇ္ဇာသို့ မှဦးဇင်းလေး ဟောသောတရား များသည်လည်းကောင်းပါသည်။
ဦးဇင်းလေးသည်ရဲရင့်သည်။ပြတ်သားသည်။ကျွန်တော်တို့ ဘာသာရေးတွင်ထိုသို့ သူများ များစွာလိုပါသည်။
ကျွန်တော်ဦးခိုက် ကန်တော့လျက်ဆိုပါ၏။
ကျွန်တော်နှင့်ဦးလေးကြီးတို့ နှစ်ယောက် သတင်းလော၊အတင်းလော မသိ ၊ အတော်လေး ကြာအောင် ပြောဖြစ်ကြပါတယ်။
ဒါနဲ့ မိလိန္ဒမင်း အမေး အဖြေ ဆိုတဲ့စာအုပ် ထဲက မေးခွန်းလေးတစ်ခုအကြောင်းပြော ပြရအုံးမယ်။
အဖြေကစာအုပ်ထဲမှာရှိပါတယ်။
မကောင်းမှု့မှန်းသိလျက် ပြုလုပ်သူနှင့် မသိဘဲပြုလုပ်သူနှစ်ဦးတွင်မည်သူက ပိုပြီးအပြစ်ကြီးသလဲတဲ့။
အဖြေရဲ့နောက်ကွယ်ထဲမှာ ဗုဒ္ဓဘာသာရဲ့ လေးနက်တဲ့ အနှစ်လေးတွေ ပါတယ်လို့ထင်တာဘဲ။
ကျွန်တော် သည်စာကို(၃၀)ရက်နေ့ကရေးပြီးတင်မလို့ ဘဲ။နို့ တဲ့ Speed က မကောင်းတော့ဘာမှ လုပ်လို့ မရဘူး။အဲ့လိုနဲ့ ကျွန်တော် မတင်ဖြစ်ခဲ့ဘူး။
ကြုံတာနဲ့ ကြားဖူးတာလေးတစ်ခုပြောပြရအုံးမယ်။တစ်ခါတုန်းက ဒေသတစ်ခုမှာ တကယ်ဖြစ်ခဲ့တာတဲ့။
ရွာလေးတစ်ရွာက ဘုန်းကြီးတစ်ပါးကရွာသူတစ်ယောက်နဲ့ လက်ပူးလက်ကြပ်မိတော့ မြို့နယ်သံဃာ အဖွဲ့ အစည်းမှာ အစစ်ခံရပြီး လူထွက်ရသတဲ့။ဘုန်းကြီးဝတ်က ချက်ချင်းလူဝတ်ဝတ်စေရာပေါ့။
အဲ့မှာ ဘုန်းကြီးလူထွက်က ပုဆိုးလေး မ၀တ်တတ် ၀တ်တတ်နဲ့ မကာ မကာ လမ်းလျှောက်ထွက်လာပြီး ပြောသတဲ့။``ကွာ ငါ့ကျမှ ကံဆိုးလို့မိ``လို့ ဆိုဘဲ။စဉ်းစားစရာပါဘဲနော်။ကျွန်တော်အခု ပြောသာပြောရတယ်။
သံပုရာသီးတော့ ကြောက်ပါတယ်။ပြောပြရအုံးမယ်။ခင်ဗျားလည်း ဒီအကြောင်းတွေသူများကို တတ်နိုင်သမျှ မပြောမိပါစေနဲ့နော်။သံပုရာသီးစာ မိနေအုံးမယ်။
တစ်ခါတုန်းက တဲ့အိမ်တစ်အိမ်မှာ ဆရာတော်တစ်ပါးကို နေ့ဆွမ်းအတွတ် ပင့်တဲ့အခါ မှာ အိမ်သားတွေက
တော့စောင့်လို့ ပေါ့။ဆရာတော်က ဘာလို့ မကြွလာသေးပါလိမ့်ပေါ့။အတော်ကြာတဲ့ထိပေါ်မလာတော့ အိမ်ရှင်မ ကပူလာပြီ။တရားနာပရိတ်သတ်ကလည်း မနည်းဘူးရောက်နေပြီ။သည်တော့သူ့ ယောက်ျားကို သွားချေပေါ့။ ဆရာတော် နေများမကောင်းဖြစ်သလား။သွားပြီးကျောင်းကိုကြည့်ချေပေါ့။လင်ဖြစ်သူ ကလည်းသွားပါတယ်။
ကျောင်းရောက်တော့ ...ဆရာတော်ကို အခန်းထဲမှာ မတွေ့ ။ကျောင်းပတ်ရှာတော့လည်းမတွေ့ ။နောက်တော့
မီးဖို ချောင်ထဲကမီးခိုး မြင်တော့ သွားကြည့်မိတယ်။ဆရာတော်က ကြက်ဥ ကိုကိုယ်တိုင် ဖောက်ပြီး ကြော်စား
နေတာကိုတွေ့ တယ်တဲ့။သူလည်းမယုံလို့ အသေအချာ မျက်လုံး ပွတ်ပြီး ပြန်ကြည့်တယ်တဲ့။အသေအချာကို ဟုတ်နေတယ်တဲ့။သူလည်းတိတ်တိတ်လေးပြန်လာ တာပေါ့။အိမ်ရောက်တော့ လူတွေကို သူမြင်တဲ့ အတိုင်း ပြန်ပြောသတဲ့။အဲ့မှာ အိမ်ရှင်မ က ``အောင်မလေးတော် ....ကျွန်မ ယောက်ျားတော့ သူရဲစီးပါပြီ။ဘီလူးစီးပါပြီ။
လုပ်ပါအုံး´´ လို့ အော်သတဲ့။ကျန်တဲ့လူတွေက ၀ိုင်းချုပ်ပြီး သူ့ ကို မျက်စိဇွတ်ဖြဲ ၊သံပုရာသီးတွေညစ်ထည့်။
နားထဲ၊ပါးစပ်ထဲ သံပုရာသီးတွေ ထည့်ပါ ရောတဲ့။ယောက်ျားလုပ်သူတော့ အတော်လေး ငြိမ်သွားတယ်တဲ့။
ယောက်ျား လုပ်သူကလည်း သေအချာမြင်တာဆိုတော့....။ငါ့မိန်းမ က လူတွေအများကြီးရှေ့ မှာမို့ လို့ ဖြစ်လိမ့်မယ် ။အေးအေးဆေးဆေး နှစ်ယောက်ထဲကျ မှပြောပြရ မယ်လို့ တွေးပြီး နှစ်ကိုယ်ကြား ကျတော့
ပြောပြန်ရောတဲ့။အဲ့မှာလည်း မိန်းမက အယင်လို ဘဲ အော်ပြီး ဘေးအိမ်က လူတွေရောက်လာ၊ သူခမျှာတစ်နေ့ 
တည်းနဲ့  သံပုရာသီး နှစ်ခါ ရလိုက်တော့ အတော်လေး မှတ်သွား တယ်တဲ့။နောက်များ စကားတောင်မစ ရဲတော့ဘူးတဲ့။ကျွန်တော်လည်း သံပုရာသီးကိုတော့ ကြောက်ပါတယ်။ခင်ဗျားလည်း လျှောက်မပြောမိ စေနဲ့အုံးနော်။
ကျွန်တော် ပြောတာ မကောင်းတာတွေချည်ဘဲ များနေ ပြီလားမသိဘူး။ မကောင်းတာ သိမှ ကောင်းတာကို သိမယ်လေ။ကောင်းတာကျ စာနဲ့ ဖော်ကျူးဖို့ အတွတ် ကျွန်တော် အရည်အချင်း မပြည့်စုံပါ။နောက်များ တွေ့ ခါမှ ပြပါ့မယ်။ကျောင်းကြီးတစ်ကျောင်း ရှိတယ်။ဆရာတော်၊နာယက ဆရာတော်များ၊စာချ ဘုန်းကြီးများ ၊ စာသင်သားများ အားလုံး တော်ကြပါသည်။ကျွန်တော်အဲ့ကျောင်းမှာ ဘုန်းကြီး ၀တ်ဖူးပါသည်။ ကြည်းနူးစရာပါ။ သံဃာရဲ့ ဂုဏ်တော်တွေကိုရည်မှန်းဖို့ ကွက်ကွက်ကွင်းကွင်းမြင်ခွင့် ရပါပြီ။ကျွန်တော်ကျေနပ်ခဲ့ရပါတယ်။
သံဃာတော်များကိုဦးခိုက်လျက်ကျွန်တော်ဆိုပါ၏။
တိုက်ဆိုင်တဲ့အခါလေးမှာ ရေးမိတာမို့ မှားတာပါရင်ခွင့်လွှတ်ပေးပါ။
Oct 13, 2007
ပြောပါရစေနော်
Posted by
Phoe Lynn
at
2:22 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment