Nov 9, 2007

ယောင်မှားခြင်းထဲကလွဲချော်မှု့များ

အတိတ်ကောက်ကြောင်းရဲ့ နောက်လိုက်ကြည့်မိတော့ လွဲချော်မှု့တွေ ကအပုံပါလားဗျာ။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်၁၅ နှစ်လောက်ကပေါ့....။ကျွန်တော် တစ်စုံတစ်ရာကို တွေ့ ရှိခဲ့သလို ခံစားခဲ့ရတယ်။အက်ဒီဆင်လို ကမ္ဘာ့အကျိုးပြုမဖြစ်ခဲ့ပေမယ့်  ....ကျွန်တော့် အတွတ်တော့ထိတွေ့ မှု့ အသစ်တစ်ခုပါ။အတော်လေးလည်း ဆန်းကြယ်လှ ပါဘိ။အယင်အခါတုန်းများက လို မုန့်စားရလို့ ၊အရုပ်ရလို့ ပျော်တာမျိုးမဟုတ်ခဲ့ပါ။
ရင်ထဲမှာ သိပ်သိပ်လေး ကြည်နူးခဲ့ရ။ရင်တုန်ခဲ့ရ။တလှိုက်လှိုက်ပေါ့။အဲ့ခံစားချက်ကို ကျွန်တော် ဘယ်လို နာမည်ပေးရမလဲ။အများအခေါ်အရတော့ အချစ်တဲ့။သြော်ချစ်ခြင်းတရားတဲ့။ကျွန်တော့် ဆီကို ဆိုင်းမဆင့်ဘုံမဆင့် ရောက်လာခဲ့ပါရောလား။ကျွန်တော် သူ့ ကိုမျှော်တတ်ခဲ့တယ်။ဓါတ်တိုင်တစ်တိုင် အကွာလောက်က စောင့်ကြည့်နေရတာကို ကျေနပ်ခဲ့တယ်။ရော....သူ့ ကို မတွေ့ ရတဲ့နေ့ တွေကျ ရင်ထဲ ဟာတာတာ။စိုးရိမ်စိတ်တွေ တန်းစီပြီး ကြက်ပျံမကျ ရင် ထဲစည်ကားလှချည့်။ကျွန်တော် သူ့ အကြောင်းတွေကို တတိတိ အာသာငမ်းငမ်း နားစွန့် မိတယ်။သူ့ ကိုပိုးပန်းတဲ့သူတွေ အများသားလား။ရင်ထဲ ပူရပြန်ပါရောလား။ညဘက် သူ စာကျက်လို့ မှအဆင်ပြေပါ့မလား။အလိုက်ကမ်းဆိုးမသိတဲ့ကောင်းတွေ က အော်ကြီး ဟစ်ကျယ် ဂီတာတီးပြီး သီချင်းဆိုသတဲ့။ဒေါသစိတ်လော….။စိုးရိမ်စိတ်လော။ကျွန်တော်ခွဲခြားမသိခဲ့ရပါ။
မင့်လည်းသွား ပြီးဂီတာတီး သီချင်းဆိုပါ့လားဆိုတော့ကျွန်တော်မလုပ်ရဲပါ။ကျွန်တော်လုပ်ရဲတာ သူ့ အကြောင်းကို သူ့ ဆီခွင့်မတောင်း ဘဲ အချိန်စေ့  တွေးမယ်။သီချင်းတွေနားထောင်ရင်း ကျွန်တော် သူ့ ကို စိတ်ကူးယဉ်မယ်လေ။ကျွန်တော် အဲ့အချိန်တွေ ဆို ပျော်ပါတယ်။သူကတော့ကျွန်တော့် ကို သိမယ်မထင်။ကျွန်တော်ကတော့ သူသိစေ့ချင်သည်။
သိသွားပြန်ရင်လည်း ကျွန်တော်ရှက်မိရအုံးမယ်။ကျွန်တော် ….ဘာဆက်လုပ်ရမည်နည်း။ကျွန်တော်စဉ်းစားရင်း ….စဉ်းစားရင်း….တစ်နေ့ သတင်းတစ်ခု ကျွန်တော့်ဆီ တံခါးခေါက်ပါတယ်။သူ ရည်းစားထားနေပြီတဲ့။သူ့ မှာ ရည်းစားရှိတယ်တဲ့။ကျွန်တော့်စိတ်ကူးတွေ တစ်စစီ ပါ။သူပြန်ကြိုက် လက်ခံလိုက်တဲ့ သတ္တ၀ါကို အမုန်းမပွားပေမယ့်
သူ့ ကိုတော့ စိုးရိမ်စိတ် ပိုမိတယ်။အဲ့ သတ္တ၀ါကို ကျွန်တော် မကြည်။သူ က တကယ်ကော ဟုတ်ပါ့မလား။နောက်များမှ ပြစ်သွား ရင် ……။ကျွန်တော် သူ့ ရှေ့ကရှိမှာပေါ့။ အဲ့အချိန် တုန်းကတွေးခဲ့တာပါ။ကျွန်တော် သူ့ အကြောင်းတွေ ကို ကြားရင်း၊ခံစားရင်း တက္ကသိုလ် တတ်ဖို့ ရန်ကုန် ကိုထွက်လာခဲ့တယ်။သူ့ အကြောင်းတွေ က မကြားတစ်ခါကြားတစ်ခါ။ခပ်သဲ့သဲ့ လေးတွေကို ကြားရင်း၊ခံစားရင်း ကျွန်တော် တက္ကသိုလ် ပထမနှစ် ပြီးခဲ့ပါတယ်။
ဒုတိယနှစ် …….စာသင်နှစ်ကုန်ခါနီး ….လပိုင်း အလို …ပထမနှစ်က ကောင်မလေးတစ်ယောက်။မျက်မှန်လေးနှင့်။
လူကိုကြည့်လျင် မျက်မှန်လေး ပင့်ပင့်ကြည့်တတ်သည်။ကျွန်တော်နှင့်မျက်လုံးချင်းဆုံမိကြရင်….။ဘေးတီးသူငယ်ချင်းများ တွန်းပေးတဲ့ ရှုံးနိမ့်ခြင်းတွင်းထဲ စိတ်ပါ လက်ပါ ကိုယ်တိုင် ဒုတိယအကြိမ် ခုန်ချမိပြန်ပါရောလား။အစ ဆုံးခြေလှမ်း အနေနှင့် ကျွန်တော် ရည်းစားစာ လေးတစ်စောင် ရေးသည်။လူကြုံနှင့်ပေးသည်။ ကောင်မလေးယူသွားသည်။
အာ….ဟုတ်ပြီပေါ့။သည်တစ်ခါ လွဲရိုးလားပေါ့။ငါ ပေါ့ ။ငါပေါ့။လို့ သူငယ်ချင်းတွေ ရှေ့ လက်မထောင်ခဲ့ဘူးပါသည်။ နောက်တစ်ခါ စာထပ်ပေးမည်ပေါ့။သူငယ်ချင်းတစ်ယောက်နှင့် အတူသွားပေးသည်။မယူဘူးတဲ့။ရပါတယ်။
သူမယူတော့ ကျွန်တော် ပြန်ယူခဲ့တာပေါ့။အဲ့တုန်းကဆို ကြောက်တာမှ လွန်ပါရော။အဲ့ကြားထဲ မယူဘူးလို့ လည်းဆိုပြန်ရော …ကျွန်တော် မှာ မူးပြီး ပြာသွားတာဘဲဗျာ။ရှက်ကလည်းရှက်တာပေါ့နော်။သိပ်မကြာခင်မှာဘဲ ကျွန်တော်တို့ စာမေးပွဲဖြေရပါသည်။နောက် ကျောင်းပိတ်သည်။ကျွန်တော် သူ့ ကို မတွေ့ ရတော့။အိမ်ကိုသိသော်လည်း ။
မသွားရဲ။ အခန်းထဲမှာဘဲ ..Ayoelay အရိုးလေး ဆိုပြီး သူ့ ဖို့ အမှတ်တရ ပရိုကရမ် လေးတွေ ရေးဖြစ်ခဲ့သည်။ သူ ကပိန်ပိန်လေးရယ်။နာမည်ဝှက် အရိုးလေး ဆိုပြီး ကျွန်တော်တို့ အဖွဲ့ ကခေါ်ကြတယ်လေ။ရံဖန်ရံခါ ကျွန်တောလမ်း၊ပုသိမ်လမ်းထိပ်က (ယခုပိတ်သွားပြီဖြစ်သော) လ္ဘက်ရည်ဆိုင်မှာ ထိုင်ရင်း သူ့ အရိပ်လေးတွေကို
ပြန်ကောက်ရင်း။ကျောင်းပိတ်ရက်တွေကုန်ခဲ့။နောက်နှစ်ကျ ……သူ ကအတွဲနှင့် ကျောင်းတတ်သည်။ကျွန်တော့်မှာ သူ တို့ အတွဲကို ရှောင်ရသည်။ကျောင်းမှာကလည်း အိမ်သာနှင့် ဖဲဝိုင်းကလွဲလို့  ကျန်တဲ့နေရာ တွင် အတွဲတွေနှင့်မလွတ်။ကျောင်းမှာနောက်ဆုံးရောက်တဲ့ ကျောင်းသူတွေ ကအစ ကျွန်တော့်ဇာတ်လမ်းကိုသိနေသတဲ့။
ဘယ်သူ့ လက်ချက်မှန်းတော့မသိ။ကျွန်တော်တော့ အတော်လေး အီသွားပါသည်။ကျောင်းကိုလည်း မရောက်တစ်ခါ ရောက်တစ်ခါ။သည်လိုနဲ့ ဘဲ လိမ်ဖယ်လိမ်ဖယ်ပညာရေးကိုတော့ အဆုံးသတ်အောင်မြင်ခဲ့သည်။ဂုဏ်ထူးတန်း တောင်ဝင်ခဲ့သေးပါရဲ့။ကျောင်းအပ်ပြီး …မတတ်ဖြစ်ခဲ့။ဖြေလည်းကျမှာဘဲလို့ တွေးမိတော့ ကျွန်တော် သွားမဖြေခဲ့။
အဲ့နေရာမှာကျ ကျွန်တော်က အားကြီးပါးနပ်သည်။ကျန်တာတွေ သာသည်လို တွတ်တတ်ရင်ကောင်းမှာဘဲလို့ တောင် တွေးမိပါရဲ့။
နို့တဲ့ဗျာ။ခပ်ထုံထုံ နှလုံးသားတစ်စုံကထပ်ခုန်ပြန်ပါရော။ထိမ်းလို့ လည်းမရ။မထိမ်းလို့ ကလည်းမရ။ခတ်တော့ခတ်ပါရဲ့။ကျောင်းပြီးပြီ။ကျွန်တော် အလုပ်လုပ်ရမည်။
မဟုတ်ရင် ရန်ကုန်မှာ နေရမှာ မဟုတ်။ကျွန်တော် အလုပ်ရှာသည်။ရှားပါးသော အရာတွေ ထဲမှာ အလုပ်လည်းပါတယ်သိလား။ကျွန်တော် ၁နှစ်ကျော် ၂ နှစ်လောက် ရှာရသည်။
ကြားထဲ စာဖတ်လိုက်။လ္ဘက်ရည်သောက်လိုက်။ ဘာအလုပ်မှ မရှိ။အလုပ်ကြေးများလိုက်တာနှင့် အတော်လေး ဇိမ်ကျနေခဲ့ရသည်။ရတာမလို ၊လိုတာမရ ဆိုသလို ပေါ့။အရိုးများသလေး ချေးခါးသလေးနှင့်။တစ်ခုစိတ်တိုင်းကျ တာက ကောင်မလေးတစ်ယောက် ။ချင်းနှစ်ခြင်းကျောင်း နားလေးမှာ တွေ့ မိတာ။တိုင်းရင်းသူလေးလား။
ခရစ်ယာန်ကျောင်းလာတတ်တာလား။ကျွန်တော်ထင်ခဲ့သည်။နောက် သုံးလေးငါးရက် ဆက်တိုက် တွေ့ ဖြစ်ကြတော့ …..သူငယ်ချင်းတစ်ယောက် က စုံစမ်းပေးသည်။ လ္ဘက်ရည်ဆိုင်ကတဲ့။ကျွန်တော် အဲ့ဆိုင်မှာသွားထိုင်သည်။အို……ဟိုးအရင် တုန်းကသိတာပေါ့။မြင်ဖူးပါတယ်။ကလေးမလေးရယ်။သူလေး ကြီးလာတာပေါ့။ကျွန်တော် တစ်ခါတုန်းက သူ တို့ အိမ်ရှေ့မှာ မူးပြီး ပုဆိုးလေး မခါမခါနှင့် သူငယ်ချင်းများနှင့် တွဲပြီးကခဲ့ဖူးသည်။ အဲ့တုန်းက သူလေးက ကလေးလေးရယ်။အခုများတော့…..ထွားကြမ်းလှချည်ရဲ့။ကျွန်တော့်ကို မှတ်မိ၊မမှတ်မိ မသိပါ။ကျွန်တော် ကလည်း အားရင် အခန်းထဲ သိပ်မနေ။ထူးပြီး လုပ်ဆောင်စရာမရှိယင် အဲ့ဆိုင်မှာ ဘဲ သွားထိုင်တာပေါ့။
လ္ဘက်ရည်ဆိုင်ထိုင်တာကို အကာအကွယ်ယူပြီး သူ လေးကို မကြာမကြာ ခိုးကြည့်တာပေါ့ ။ဘယ်ရမလဲ။လှပသော မျက်နှာ၊ထူထဲသော မျက်ခုံး၊ဖူးသွဲ့သွဲ့  နှုတ်ခမ်း၊ဖြောင့်စင်းသော နှာတံ။သွယ်လှသော ကိုယ်လုံးလေး ကို လှုပ်လီလှုပ်လဲ့ သူလေးလမ်းလျောက်တတ်ပါရဲ့။လှလွန်းပါရဲ့။ကျွန်တော့် အပြော လွန်တယ်မဖြစ်အောင် ခင်ဗျားတို့ ကိုကြုံရင်ပြမယ်လေ။နို့ တဲ့ သူက အခုအိမ်ထောင်သည်ဖြစ်သွားပြီ ဆိုတော့ ခင်ဗျားတို့ သူ့ ယောက်ျား မသိအောင်တော့ကြည့်ရလိမ့်မယ်နော်။သန့်သန့်လေးဘဲ ကြည့်ရမှာနော်။အခုသူတို့ ပျော်နေလေရဲ့။
ကျွန်တော်လည်းသူတို့ ကို ရံဖန်ရံခါ တွေ့ ရတတ်ပြီး ပျော်တတ်ပါတယ်။တကယ်ပြောတာပါ။ကျွန်တော်သူ့ ကိုပိုးခဲ့တာ ၃ နှစ်လောက်တော့ရှိမယ် သိလား။နို့ တဲ့….. သူ ကကျွန်တော်ပိုးတယ်ဆိုတာကို သိချင်မှ တောင်သိမှာ။ဘယ်သို့ ဖြစ်စေ ကျွန်တော်ငယ်စဉ်တည်းက နားထောင်ခဲ့တဲ့သီချင်းတွေ က ကျွန်တော့်ကို ပြစ်မသွား။သူတို့ နဲ့ အခုထိ ရင်းနှီးဆဲ။
အလွမ်း သီချင်း အလွဲ သီချင်း တွေ ဆိုပါတော့။ ထပ်ပြောမယ်နော်။ခဲမှန်ဖူးတဲ့စာသူငယ်က ထပ်ပြီး အစာမကောက်တော့ဘူး မထင်ပါနဲ့ ။မှန်ရောင်မကြောက်တော့တဲ့ကျီးကန်းတွေရှိတယ်။ ခဏခဏ တွေ့ ရဖန်များတော့
သူ့ ကို မှန်ရောင်က လန့် အောင်မလုပ်နိုင်တော့ဘူးနော်။ကျွန်တော်လည်း …..ဆက်ရန်ရှိသေးသည်…..လို့ ပြောရမှာဘဲ။ခင်ဗျား မရယ်နဲ့ နော် ။ကျွန်တော့် ဖြစ်ရပ်တွေ ကို
ရယ်မပြစ်ပါနဲ့ နော်။

No comments:

javascript:void(0); Save Template