Nov 11, 2007

သီတင်းကျွတ်ခဲ့ပြန်ပြီ

သည်နေ့ တော့ထူးခြားပါရဲ့။သီတင်းကျွတ်ပြီးလို့ ဖြစ်လိမ့်မလားဘဲ။ဈေးထဲလည်းလူတွေစည်ကားလှပါရဲ့။ရွာလုံးကျွတ်နီးပါ တတ်လာကြသလားအောင့်မေ့ရ။ အရောင်းအ၀ယ်တွေ လက်မလည်အောင်ကိုပါ။သူတို့ မှာငွေတွေ တအား ပေါနေလား ဆိုတော့မဟုတ်တန်ဘူး။တစ်ရာသီမှာမှ တစ်သီးစား။လက်ရှိကုန်ဈေး နုန်းနဲ့ သူတို့ ဝင်ငွေ က လောက်ငှ ရုံ ။မပိုလျှံ ။ကျွန်တော်သိသပေါ့။ကျွန်တော် ရွာတွေ အကြောင်း ကောင်းကောင်းကြီး မသိတောင် တီးမိခေါက်မိတော့ရှိပါ ရဲ့။အထူးသဖြင့် ရွာတွေက လူတွေပေါ့။အ၀တ်အစား တွေ ၀ယ်ကြ ၊ခန်းဝင်ပစ္စည်းဆိုတာ တွေကို အဆမတန် ပေးပြီးဝယ်ကြသည်။လူတွေ ….လူတွေ ရာသီအလိုက် အလုပ်ရှုပ်ကြတဲ့အထဲ တွင်သီတင်းကျွတ် (၀ါကျွတ်)ဆိုသည်ကို အမြင်ကပ်လှသည်။လူတွေနှယ် အိနြေ္ဒမရ ၊တလှုပ်လှုပ် တရွရွ။အမျိုးသမီး။ အမျိုးသား အမြင်ကပ်စရာ။အပျိုကြီး။လူပျိုကြီး ကျီးကြည့်တောင်ကြည့်။ဘယ့်နှယ်ဗျာ။ကျွန်တော့်မှာ လည်း မရှိဒေါသလို့ ဆိုရမလား။သူတို့ ကိုမြင်လေ အမြင်ကပ်လေ။ကျွန်တော် စိတ်တိုတိုနဲ့ တော်သလင်းဆရာများပြီး၊ သီတင်းကျွတ် ဆရာများ အလုပ်များကြလေပြီလို့ ပြောပြစ်တယ်။သည်နေ့ လည်း ညဘက်ကြီး ကျွန်တော်ဆီကို လူတွေ လာကြတယ်။အပြင်ကလှမ်းခေါ် ပါရဲ့။သူ့ ညီမပျောက်သွားလို့ တဲ့။ကျွန်တော်လန့် သွားတာပေါ့။ကျွန်တော်မသိဘူး။ ကျွန်တော် ဘယ်မှ မသွားဘူး။ဘာမှလည် တကယ်ကို မသိဘူးပေါ့ ။ အတော်လေးကြောက်ကြောက်လန့် လန့် ဖြေတော့။သူ့ ညီမရည်းစားက ကျွန်တော့် သူငယ်ချင်းတစ်ယောက်ပါတဲ့။တော်ပါသေးရဲ့။ကျွန်တော်နဲ့ တော့လွတ်သွားပြီပေါ့။နို့ တဲ့ ကျွန်တော့်ဆီကို ဘယ်သို့ လာသနည်း။ကျွန်တော် ကသူတို့ ပုန်းနေ သည့်နေရာသိ နေမလား ဆိုပြီးတော့တဲ့။ကျွန်တော် အလုပ်ရှိသည်။မအားပါပေါ့။ဒါမျိုးသိလည်းမသိပါ။ဆိုင်လည်းမဆိုင်ပါ။အကယ်၍သိသည်ဆိုလျင်ဒါမျိုး ကတော့ ညီမချင်းစာနာပါတယ်။လိုက်ပြမှာပေါ့။ဘာပေါ့။ပြောလွှတ်လိုက်ရတယ်။တယ်မလွယ်ပါလား။အိမ်ထဲဝင်တော့နှလုံးတွေတုန်နေသည်။ဟိုသတ္တ၀ါ ကတော့ကောင်းစားနေမှာပေါ့။မနှစ်တုန်းကလည်းဒါမျိုးကြုံခဲ့သည်။မနှစ်ရဲ့အရင်နှစ်တွေတုန်းကလည်း မလွတ်ခဲ့။ကျွန်တော့်ကိုများအောင်သွယ်တော်ကျ လို့ ။အရင်တနှစ်တုန်းကလည်း သူငယ်ချင်းများအကျိုးပေးသည်မှာ သူတို့ ခိုးပြေပြီး ကျွန်တော့်ဆီဖုန်းဆက်သည်။ကောင်မလေးကလည်း သူငယ်ချင်း။ သူ့ အိမ်ကို ပြောပေးပါတဲ့။ကျွန်တော်ကလည်း လူကြီးတွေ စိတ်ပူနေပါအုံးမယ် ဆိုပြီး သွား မိတယ်။အပြောခံရတာများလေ။ဒေါသဆိုတာများလေ ငယ်ထိပ်က အခိုး ထွက်လောက်ပါရဲ့။ပြီး သူတို့ မပေးစားတာလည်းမဟုတ်။သူတို့ မဂ`်လာဆောင်တော့သွားလိုက်ပါတယ်။ ဒီနေ့ နေ့ ခင်းကတောင်သူတို့ သားလေးကို မုန့် ကျွေးခဲ့ပါသေးတယ်။လူတွေ ကိုတစ်ခါတစ်လေ ကျွန်တော် ဒေါသထွက်ပါတယ်။ကျွန်တော့်မှာ သည်လို ကံများပါလာသလားမသိ။သူတို့ နဲ့ ဘဲ ကျိမ်း ကျေနေသလော။နောက်များကျ ဖြစ်ခဲ့ယင်တောင် ကျွန်တော်တော့ ၀ါခေါင်လမှာမဂ`်လာဆောင်မယ်လို့  ပြောမိတယ်။သီတင်းကျွတ်မှာကိုကြောက်ပါတယ်။ကိုယ့်ဖို့ စိုးစိမျှမပါဘဲ သူ့ ဖို့ ချည်ဘဲ ဖြစ်ဖြစ် နေတဲ့ သီတင်းကျွတ်။လာပြန်ပါပြီသီတင်းကျွတ် မဂ`်လာ ဆောင်တွေ လိုက်ရအုံမယ်။အခုသီတင်းကျွတ်ယူတဲ့လူတွေက နောက်နှစ်သီတင်းကျွတ်ဆို မွေးကြပြီ။သည်နှစ်မှာလည်း မနှစ်ကယူထားကြတဲ့သူငယ်ချင်း တွေက ကလေးတွေနဲ့ လာလိမ့်အုံးမယ်။ကျွန်တော်တော့ မရှိဒေါသ ထွက်ရအုံးမယ်။ဟွန်း…….။ အခုမှ ပိုးနေတဲ့ သူငယ်ချင်းတွေ ကလည်းပိုပြီးပျာလာကြပြီ။အစွံ ကျန်ရှိနေသေးတဲ့အပျိုကြီးတွေကလည်း နားစွန့် ခေါင်းထောင် နိုးကြားလာ ကြပြီ။ကျွန်တော် ပုံလေးတစ်ခုပြောဖြစ်တယ်။သူတို့ နားလည်မှု့ရပါစေတော့လို့ ပေါ့နော်။တစ်ခါတုန်းကပေါ့လို့ စရတာပေါ့။အပျိုကြီး တစ်ကိုယ်တည်း နေတဲ့ အိမ်ဝိုင်းတစ်ခုတွင်းမှာပေါ့ …..။ကြက်ဖတစ်ကောင်နဲ့ ကြက်မတစ်ကောင် က(ကန်တော့ပါရဲ့) ဖိုမသဘာဝဖြစ်ကြသပေါ့။အဲ့မှာ ထုံးစံအတိုင်း ကြက်မ လေးက ရှေ့ကပြေး။ကြက်ဖကနောက်ကလိုက်ပေါ့။ရှေ့ကပြေးနေတဲ့ကြက်မလေးက ငါပြေးတာများမြန်နေမလားလို့ တွေပြီးနောက်ကို လည်တဆန့် ဆန့် နဲ့ တဲ့။နောက်ကလိုက်တဲ့ ကြက်ဖက အို …မမှီလည်း အညောင်းပြေပေါ့လို့ တွေးသတဲ့။အဲ့အချိန်မှာဘဲ …၀ိုင်းရှေ့ဖြတ်သွားတဲ့ကားကြီးတစ်စီး က အရှိန်နဲ့  အလာ …ရှေ့ကကြက်မလေး ခမျာနောက်ကို ကြည့်ရင်းကြည့်ရင်းပြေးတော့ ရှေ့က ကားကြီးကိုမမြင်။တိုက်မိပြီးသေရောတဲ့။အဲ့အဖြစ်ကို အစအဆုံးမြင်နေ တာက အိမ်ထဲကအပျိုကြီး။အပျိုကြီးကဘာပြန်ပြောသလဲဆိုတော့ ``တွေ့ လား။အသက်နဲ့ အရှက်လဲပြစ်တယ်တွေ့ လား။မိန်းမသားတွေ ကို ဘာမှတ် လဲ``တဲ့ ။အဲ့ဒါကြောင့်အပျိုကြီးဖြစ်တာ။ပြီးသူတို့ က စပြစ်သီးချဉ်တယ် လုပ်ချင်သည်။သူများ တွေကိစ္စတွေကိုလည်းကို့ လို့ ကန့် လန့် အားကြီးလုပ်ချင် သည်။သူတို့ ကြောင့်နှောင့်နှေးသူများလည်းရှိတတ်ပြန်တယ်လေ။အဲ့ကန့် လန့် သမားတွေကို လည်းကျွန်တော်သိပ်မကြည်။သူတို့ ကိုမေးကြည့်ပါ။မညာ ကြေးပေါ့။အထူးသဖြင့် ကိုယ့်ကိုကိုယ်မညာနဲ့ ။မလို ချင်တဲ့သူရှိသလား။မရှိပါ။ကြောက်ပြီးသော်လည်ကောင်း၊အကြောင်းမဆုံ၍သော်လည်ကောင်း သာ တစ်ကိုယ်ထဲနေရသည်။သူများတွေ ပျော်နေသည်ကိုလည်း မမြင်လို မရှု့စိမ့်ကြ။ပူတယ်လောင်းတယ်လေးပြောတတ်ကြသည်။သူတို့ လည်းတူတွေ ၊ တူမတွေနှင့် သီတင်းကျွတ်တွင် စကားများကြ လေပြီ။အဲ…အဒေါ်အပျိုကြီးတွေစကားတော့သွားပြီး နားမယောင်လေနဲ့ နော်။သူတို့ က သူတို့ လည်းတကယ် မသိဘဲနဲ့ မကောင်းဘူးဘဲပြောမှာ။ကိုယ်လုပ်စရာရှိတာသာ လုပ်။လိုက်စရာရှိ တာသာလုပ်။လိုက်စရာရှိလိုက်ပစ်လိုက်။နောက်မှ ကျန်နေခဲ့အုံးမယ်။ ပြောမယ်သာပြောရတာ…။ဒါမျိုတွေကျအားပေးစရာကိုမလိုပါဘူး။မြင်ချင်တာဘဲမြင်။ကြားချင်ရာဘဲကြားကြတာပါ။ပြောပြရအုံးမယ်။ တစ်ခါတုန်းကတဲ့ ဘုန်းကြီးတူမတစ်ယောက်က လင်ယူချင်တော့ ဘုန်းကြီးဆီလာသတဲ့။ဘုန်းကြီးကိုတိုင်ပင်သပေါ့။သူ့ မှာ မိဘတွေမရှိ ။ ရွာထဲမှာလည်း အပျိုလေးတစ်ကိုယ်တည်း ဖြစ်နေ၍ မတင့်တယ်ပါ ပေါ့။သူ့ ကို ရွာထဲက မောင် ဘယ်သူဘယ်ဝါက ကမ်းလှမ်းကြောင်းပေါ့။အဲ့မှာ ဘုန်းကြီး က လူတွေကိစ္စငါနဲ့ မဆိုင်။ငါ့မှာ တရားချိန်နီးပြီ ဆိုပြီး ကြေးစည်လေးထုပြီး ဘုရားခန်းထဲဝင်သတဲ့။ဘုန်းကြီးတူမလည်းကျောင်းကပြန်ခဲ့တယ်။ သိပ်မကြာ…..အဲ့လူနဲ့ ယူလိုက်ရော။နောက် ……နှစ်များကြာလာတော့ နို့ စို့ ကလေး ကတွဲလောင်းလက်စွဲကလေးကတစ်ယောက်နဲ့  မနိုင်မနင်း ဖယိုဖရဲ ဘုန်းကြီးဆီ လာပြန်ရော…။ဘုန်းကြီးရှေ့ရောက်တော့ ဘုန်းဘုန်းကပြောတော့ ယူလေ…ယူလေ…ဆို။အခုတော့သူ ကဘာမှလည်းမလုပ်။အချိန်မရှိ ထန်းရေလေး တမြမြ နဲ့ ။တပည့်တော်မ တော့ဘုန်းဘုန်းစကားနာထောင်မိ ကာမှ ပိုဆင်းရဲ ရပါပြီ လို့ ဆို သတဲ့။ဘုန်းကြီးလည်း လန့် သွားသတဲ့။ဘာရယ် ဘယ်လို ငါက ပြောလို့ ယူတယ် ဟုတ်လား တွေ ဖြစ်ကုန်ရော။အဲ့မှာဘုန်းကြီးက ပြောသတဲ့ငါကြေးစည်တီးတာက လူပေ၊လူတေ လို့ ဆိုသတဲ့ ။လူတွေ က ဘယ်လိုပြောပြောသူတို့ ကြားချင်တာကို ဘဲကြားကြတာပါ။ခင်ဗျားလည်း ကြားချင်တာကို ဘဲကြားတတ်တဲ့နားလေးရှိပါစ။ကျွန်တော့်မှာတော့ရှိတယ်လေ။ မြှောက်ပေးတာမဟုတ်ပေမယ့် …လုပ်ချင်တာတော့ လုပ်ပြစ်ပါ။အောင်သွယ်တော် ဘ၀နှင့်နေရသည်ကို ကျွန်တော်ကြောက်နေပါပြီ။သူတို့ က လူပျိုလူလွတ် ဆို ပြီးပိုနှိပ် စက်ကြသည်။မရှက်တမ်းပြောရရင်လေ ကျွန်တော်လည်း အဲ့ဘ၀က လွတ်ချင်လှပါရဲ့။သီတင်းကျွတ်ပြန်ပြီနော်။

No comments:

javascript:void(0); Save Template