သူ့  တုံ့ ပြန်မှု့
တစ်နေ့ တုန်းက ကျွန်တော်လက်ရည်သောက် နေတုန်း....ကလေးမလေးတစ်ယောက် ကျွန်တော်ရှေ့မှာ ကျုံကျုံလေးထိုင် ကန်တော့ပါ လေရဲ့ ။ရော...ခတ်ပြီ။ကျွန်တော်နဲ့ လည်းမသိ ၊ ပြီးလက်ရည်ဆိုင်ကြီးမှာ...။ကျွန်တော် မသိမသာ ဘေးဝိုင်းတွေကို အကဲခတ်လိုက်တယ်။သူတို့ ကတော့ မသိလိုက်မသိဘာသာ..။ကျွန်တော်က ဘာလဲပေါ့...ကလေးမလေးကို မေးငေါ့ပြလိုက်တယ်။
ကလေးမလေးက လက်ဝါးလေးဖြန့် လို့ ...ပိုက်ဆံ တောင်းတာတဲ့ဗျာ။သူတို့ ဆီမှာပိုက်ဆံတောင်းရင်အဲ့လိုဘဲ တောင်းကြသတဲ့။
ခတ်ဘူးလာဗျာ..ကျွန်တော်မှမသိတာကို။ကလေးမလေးကို ငွေတစ်ဆယ်ပေးလိုက်တယ်။အဲ့အချိန်တုန်းက လက်ရည်တစ်ခွက်ကို ရှယ်မှ ဆယ့်နှစ်ကျပ်။ကျွန်တော်လည်း အတော်လေးကျေနပ်ပါတယ်။မှန်တာပြောရ ရင်အဲ့ကလေးမလေးက ကျွန်တော်ကို ကန်တော့တာ ပထမဆုံးဘဲ။တစ်ခါမှကန်တော့တာ မခံရဖူးတော့ ရှိန်းတိန်းဖိန်းတိန်းရယ် သိလား။
နောက်ရက်တွေကျလည်း ကလေးမလေး လာပါတယ်။ကျွန်တော့်မှာ ပါရင်ပါသလို သူကိုပေးပါတယ်။ရောက်တဲ့အခါတိုင်းလည်း သူက ကျွန်တော့်ကိုကန်တော့သွားတယ်။အနည်းအများကွာတာကလွဲလို့ မပေး ဘူးရယ် မရှိခဲ့ပါဘူး။တစ်နေ့  လကုန် ဖိနပ်ပါး ကျွန်တော့်မှာ ငွေရှားနေတဲ့ တစ်နေ့ ..လဘက်ရည်ဖိုးတောင် အကြွေးဖြစ်ခါနီးသူငယ်ချင်းတွေရောက်လာ တော့ပျော်သွားတယ်။သူ တို့ တိုက်လိမ့် မယ်ပေါ့။
အဲ့အချိန်မှာ ကလေးမလေး ကထုံးစံအတိုင်း ကျွန်တော့်ကိုမြင်တော့ လာပါရောလာ..။ကျွန်တော့်မှာက ငွေမရှိ...ဘေးကသူငယ်ချင်း ဆီကငွေအချို့ တောင်းပြီးပေးမယ်လုပ်တော့ သူကျွန်တော့်ကို မော့ကြည့်တယ်။ဘေးက သူငယ်ချင်းကလည်း ညည်းအစ်ကိုကြီးမှာ ပိုက်ဆံမရှိလို့ လက်ရည်တောင် ငါတို့ ဆီ ကပ်သောက်နေ ရတာ..ဘာညာပေါ့။ ပြောတော့ ကလေးမလေး ဆွေ့ ကနဲ ထတယ်။
သူ့ လက်ထဲမှာတစ်နေကုန် တောင်းရ သမျှ ကျပ်တန်တွေ...။ကျွန်တော့်ရှေ့ လာချပြီ..``သူများဆီမှာကပ်မသောက်နဲ့ သမီး ပေးမယ်တဲ့``။
အယ်ပေါ့....ကျွန်တော် တုန်သွားပါတယ်။ဘေးကသူငယ်ချင်းတွေကတော့ ပြုံးစေ့စေ့။သူ့ ငွေတွေချခဲ့ပြီး ထွက်သွားရော...။
ကျွန်တော့်သူငယ်ချင်းတွေက သူ့ ငွေတွေကိုပြန်ပေးပါသေးတယ်။သူ့ ကဒီတစ်ခါဘဲ ပေးရပါသေးတယ်လို့ ပြန်ပြော သွားတယ်။
ဘယ်လိုမှပြန်ပေးလို့ မရတော့ဘူး။ထွက်သွားပါရော...။ကျွန်တော့် အဲ့နေ့ က လက်ရည် မချိုခဲ့ပါ။
နောက်ရက်တွေကျ...မတွေ့ တစ်ခါတွေတစ်ခါနဲ့ ..ကျွန်တော်လည်...ဟိုသွားသည်သွား...မတွေ့ တော့ပါ..။ဘာဘဲဖြစ်ဖြစ် မှတ်မှတ်ရရ ပါ။
ဗဟိုလမ်းပေါ်မှာပေါ့
အရင်တုန်းက ဗဟိုလမ်းပေါ်မှာ ၁၈၄ နံပါတ်နဲ့ bus ပြေးတုန်းကပေါ့...။ကျွန်တော် မြို့ထဲကိုသွားမလို့ ကားပေါ်တက်လိုက်တယ်။
ကားဆရာက....ကဲ...အချိန်မတော်ဈေး၊ ဘုကန့် လန့် ဈေး...ကုန်ပြီလား။(သူဆိုလိုတာ ကြည့်မြင်တိုင်ညဈေး နဲ့  စမ်းချောင်း ဂွဈေး) ။
ဆက်သွားလိုက်တော့ ပန်းခြံမှတ်တိုင်...သူ့ အပြောက ကဲ..ရင်ခွင်နန်းတော်...ရင်ခွင်နန်းတော် တဲ့။ စုံတွဲတွေ ဆင်းကြပါရဲ့ ။
နောက်မှတ်တိုင်တစ်ခု ....သူ့ အပြော အရ ```ချစ်ဒုက္ခ````` အမျိုးသမီဆေးရုံ(ကျမ္မာကထာမှတ်တိုင်) ရှုံ့ မဲ့နေတဲ့ကိုယ်ဝန် ဆောင်အမျိုးသမီးတွေ.... ထမင်ဂျိုင့်တွေနဲ့ အမျိုးသားတွေဆင်းကုန်ကြပါရဲ့ ။
ကျွန်တော် စဉ်းစားမိခဲ့သည်မှာ
လွန်ခဲ့တဲ့...၄ နှစ်လောက်ကကျွန်တော် Accident တစ်ခုနဲ့ ဆေးရုံ ရောက်သွားခဲ့ဖူးတယ် သိလား။အဓိက ကတော့အတော်လေးမူး သွားတာပါ။မန္တလေးဆေးရုံ မှာ (၁) လ လောက်နေလိုက်ရပါတယ်။ပြန်ဆင်းလာတော့ လူတွေက ကျွန်တော့်ကို သေးတွင်းထွက်လေးပေါ့။
သနားသလို ကြည့်ကြတယ်။ကဲ...မှတ်ပြီ လားဆိုတဲ့ မျက်လုံးတွေနဲ့ ပါ။ကျွန်တော့် ဘေးက လိုက် ပြုစုပေးခဲ့တဲ့(Nurse) ဆရာမ နဲ့ တွေ့ တော့
ဆရာမက ကျွန်တော်ကိုမေးတယ်။သောက်ရဲ သေးလားတဲ့။ဟုတ်ကဲ့ ...ဆေးလိပ်တော့သောက်နိုင်နေပါပြီ။အရက်ကိုတော အတော်လေးပြန် ကျင့်ရပါဦး မယ် လို့ ပြန်ဖြေလိုက်ပါတယ်။အဲ့မှာ ဆရာမက လက်စ နဲ့ တစ်ခါတည်း နေလိုက်ပါလားတဲ့။ဟုတ်ပါတယ်။ကျွန်တော် ဆေးရုံပေါ်
မှာတုန်းက ဆေးလိပ်မှ မသောက်တာကို။ဆရာမကို ပြောမိပါတယ်...။ကျွန်တော်စဉ်းစားမိတာလေးတွေကို.....။
ကျွန်တော် ဆေးရုံကဆင်းတော့ သူငယ်ချင်းတွေနဲ့ လက်ရည်ဆိုင်ထိုင်ပါတယ်။ဆိုင်မှာ ဘေးဝိုင်းက ဆေးလိပ်သောက်ပါတယ်။ရှေ့ဝိုင်းက ဆေးလိပ်သောက်ပါတယ်။ကျွန်တော်လည်း ဆေးလိပ်နဲ့ ဝေးတာ (၁) လလောက်ရှိပြီဆိုတော့ သူ့ အရသာကိုမေ့နေပါပြီ။ဘာလို့ အယင်
တုန်းက သောက်ပါလိမ့်...ပေါ့။မှာကြည့်ဦးမယ်..စဉ်းစားပြီး..စားပွဲထိုးကောင်လေးကို ဆေးလိပ်တစ်ပွဲမှာလိုက်တယ်။ကောင်လေး လာချ
ပေးပါတယ်။ဟုတ်ပါပြီဆေးလိပ်...။နောက်မီးခြစ်...။မီးခြစ်က ခပ်လှမ်းလှမ်းမှာချိတ်လို့ ။ကျွန်တော် မီးသွားညို လိုက်ပါတယ်။
သောက်ကြည့်တယ်...။တစ်ဖွာ က နှစ်ဖွာ..။အရသာ ဆိုတာကို ဆန်းစစ်ကြည့်တယ်။ပူစပ်စပ်နဲ့ ...ဘာလဲ...အရသာပေါ့ ...။
တယ်လဲ ထူးပြီးမကောင်းတဲ့ပြင်...ကျန်းမာရေး ကိုထိခိုက်စေ တယ်တဲ့။ကျွန်တော်..သောက်မိတဲ့ဆေးလိပ်ကို ကြည့်မိပါတယ်။
တကယ်တန်းကျ....သူ ကဘာလဲပေါ့...ဆက်မသောက်ချင်တော့ပါဘူး။......ဒါပေတဲ့..တမင်တကာ လှမ်းမှာတာက ကျွန်တော်ပါ... ..ပြီးကိုယ်တိုင်ဘဲ မီးညှိခဲ့ တာပါ။အစောတုန်းကတော့ သောက်ချင်လှပါချည်ရဲ့ ဆို...အခုကျမှ...မကြိုက်တော့လို့  သူ့ ကို လွှင့်ပြစ်ရင်.......။ကျွန်တော်စဉ်းစားတယ်...တာဝန်ယူရမယ်။ကျွန်တော် ဆက်သောက်ပါတယ်။အဲ့သလိုနဲ့ ကျွန်တော်
ဆေးလိပ်ပြန်သောက်တတ်လာခဲ့ပါတယ်။တစ်ချို့ ..တစ်ချို့ မလိုတော့ရင် လွှင့်ပစ်ပါတယ်။နင်းခြေပြစ်ကြပါတယ်။
ကျွန်တော်...အခြားမီးတွေကိုညှိဖို့ စွံ့ အနေတဲ့ ကျွန်တော့်လက်တွေက ဆေးလိပ်တွေကိုဘဲ တစ်လိပ်ပြီး တစ်လိပ် မီးညှိ နေမိပါတယ်။အဲ့ဒါက အခြားမီးတွေညှိတာနဲ့ စာရင် အတော်လေး..လူကိုသက်သာစေတယ်လို့ ကျွန်တော်ယူဆပါတယ်။ဥပမာ...အချစ်မီး။
ကျွန်တော်တို့ ဆေးလိပ်တစ်မျိုးကို သောက်တာက လွန်ရောညှော်...နာရီဝက်ပါ..။ကျန်တာကို မီးညှိပြီးမှ.....ညှော်တာသိရင်...
ကျွန်တော်တို့ ဆေးလိပ်များလို ဒီတစ်လိပ်ကုန်ရင် ဒီတံဆိပ် မသောက်တော့ဘူးလို့ကလည်းမဖြစ်။ဆေးလိပ်က ကျန်းမာရေးထိခိုက်တာတော့မှန်မှာပါ။ကျန်တာလေးများ..မီးညှိလို့ ..မညှော်တာ၊ကျန်းမာရေးမထိခိုက်စေနိုင်တာများတွေ့ ရင်...
ကျွန်တော်ကိုလက်တို့ ပါအုံး။မမေ့ကြေးနော်။(ဒါပေတဲ့ အငေါက်ခံရနေကျ ယောက်ျား၊မိန်းမ တွေက အငေါက်မခံရတဲ့နေ့ တွေများဆို နေမထိထိုင်မသာ၊မသက်မသာ...တဲ့) ။ကြားဖူးတာဘဲ။ကြာတော့လည်းနေတတ် သွားကြတာဘဲတဲ့.......သိဘူးလေ။ ရောက်မှမရောက်ဘူးတာကိုနော်။
စဉ်းစားမိတာလေးတွေပါ။......မှားယင်လဲ မှားပေမပေါ့။
အချစ်နဲ့ အရက်
ကျွန်တော် သူရာ ဆိုသော အရက်ကို ရံဖန်ရံခါ သောက်တတ်ပါသည်။
ကျွန်တော်ပြောကြည့်မယ်နော်ဆိုပြီး...လူတော်တော်များများကိုပြောခဲ့ဘူးတယ်။ အခုလဲပြောကြည့်မယ်နော်။
ကျွန်တော်တို့ အရက်သောက်သောက်ကြတဲ့အခါ ပထမ တစ်ခွက်(နှစ်ပတ်) ၊ ကြည်ကြည်လင်လင်နဲ့ နေကောင်းရုံပါ။မြင်သမျှကလှတယ်။
ရှု့ ခင်းတွေကစိမ်းလန်းတယ်။ မီးရောင်တွေကတောက်ပတယ်။လမ်းတွေက ချောမွေ့ တယ်။ကျွန်တော့် ကိုယ်တွေ့ ပါ။ အချစ်ဆိုတာကိုလည်း နှစ်ပတ်စာ..စားသုံးကြည့်မယ်။ကောင်မလေးတစ်ယောက်...လှတယ်ပေါ့။ဟုတ်ပါပြီ။သူ့ ကိုကြည့်မယ်။ဘယ်လိုပဲ ကြည့်ကြည့် သူက လှနေတာပါ။ စိတ်ကူးထဲရော...အိပ်မက်ထဲရော...မကပါဘူး။နေ့ ခင်းကြောင်တောင်မျက်လုံး ထဲမှာပါ သူပါနေတတ်တာလေ..။အဲ့မှာ ကျွန်တော်တို့ မူးပြီး။အချစ် နှစ်ပတ်စာ။အဲ့အချိန်လေးမှာ နေမထိထိုင်မသာ...
ထပ်တိုးချင်တာဘဲသိတော့တယ်။ဘယ်လို နီးစပ်အောင် လုပ်ရမလဲပေါ့။အရက်သောက်တဲ့အခါတွေမှာလည်း ပထမနှစ်ပတ်နဲ့ သောက်တဲ့လူအများစုကမနေကြပါဘူး။ထပ်သောက်ချင်ကြပါတယ်။ကဲ...သောက်ပြီ..နောက် အရက်နှစ်ပတ် မူးပါတယ်။ရီဝေ..ရီဝေ မကတော့ပါ..။ဘေးကသူငယ်ချင်းတွေ ဘာတွေမသိတော့ဘူး။စကားများလာပါတယ်။ငြင်းခုံချင်လာပါတယ်။ဘယ်သူဘယ်ဝါ ကောင်းကောင်း ခွဲခြားမသိ တော့ပါဘူး။အချစ်...နောက် နှစ်ပတ်..သူ့ အစ်ကိုတွေ၊မောင်တွေကို မသိချင်တော့ဘူး။ဘေးလူတွေကို သိပ်ဂရုမစိုက်ချင်တော့ဘူး။သူ့ မျက်လုံးထဲမှာ တစ်ခုဘဲ မြင်တော့တယ်။သူလည်း အချစ်လေးပတ်စာမူးနေပါပြီ။အဲ့မှာ အချစ်ဆိုတာကိုသောက်မိထားတဲ့လူက ထပ်သောက်ချင်တယ်။အချစ်ခြောက်ပတ်စာ...။အရက်သမားကလည်း သောက်တယ် နောက်ထပ်နှစ်ပတ်။ပေါင်း...ခြောက်ပတ်။အို...လောကကြီးက မတရားဘူးပြောပြချင်တယ်။သူပြောချင်တာပြောပြီး မှောက်သွားပါရော....။သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပါတော့တယ်။အယ်...မနက်..မိုးလင်းတော့...သူ့ ခမျှာ..ခေါင်းက တဆစ်ဆစ်နဲ့ အတော်နေလို့ ဆိုးပါတယ်။အရက်နာ ကျပါတော့တယ်။ဟုတ်ပြီ ...အချစ်စားသုံးသူ....သူလည်း..အချစ်ခြောက်ပတ်...
နောက်ဆုံးပိတ် အိမ်ထောင်ပြုခြင်းကိုဆက် လုပ်ပါတယ်။သူလည်းပြောချင်တာ ပြောပါတယ်။နှစ်နှစ်ခြိုက်ခြိုက်
အိပ်မောကျပါတော့တယ်။မနက်ကျ သူလည်း ခေါင်းကိုက်ကောင်း ခေါင်းကိုက်ပါလိမ့်မယ်။ အချစ်နာကျပါလိမ့်မယ်...ထင်တာပဲလေ။
အရက်နာကျရင်...သော်တာဆွေ့ အပြောအရ...ဖြေဆေးက...အပ်စပရင်ပါတဲ့ဆေးကိုသောက်ပါတဲ့။ဥပမာ အပ်စပီးလက်။ပြီး..အရည်ရွှမ်းတဲ့အသီး တစ်မျိုးမျိုးကို စားလိုက်ယင် နာရီဝက်လောက်ဆို ပျောက်ပါတယ်။ဥပမာ၊ဖရဲသီး၊လိမော်သီး။
ကိုယ်တွေ့ မို့ ပါ။အချစ်နာကိုတော့ ဘယ်လို ဖြေမှ ရမှာလဲ။ကျွန်တော် မသိပါ။အချစ်နာကျတာကကျတော့ နာရီဝက်နဲ့ ပျောက်ပါ့မလား။
သိနိုင်ဘူးလေ။
ပြေးကြသူများ
တစ်ခါတုန်းကပါ ကျွန်တော် စော်ဘွားကြီးကုန်း(ယခင်ကားကွင်း) ကိုသွားဖို့ ....Taxi ငှားလိုက်တယ်။ ခရီးဝေးသွားမှာဆိုတော့ ရိက္ခာအပြည့်အစုံနဲ့ ပေါ့။ဆေးလိပ် နဲ့ ကွမ်းယာ အလုံအလောက် ပါမှလေ။ လမ်းကျမှဝယ်ရင် ကွမ်းယာကအဆင်ပြေဖို့ မလွယ်ဘူး
မဟုတ်လား။ကွမ်းကိုစားလေ့ မရှိပေမယ့် ခရီးသွားယင်း အိပ်ချင်ပြေ ၀ါးမယ်ပေါ့ ..။Taxi ငှားတော့မောင်တဲ့ဆရာ က ဘကြီးအရွယ်။ ကျွန်တော်က ဆေးလိပ်လေး သောက်လက်စနဲ့ တက်တာဆိုတော့ ကားထဲထိ သောက်လျှက် ပါသွားတာပေါ့ ။
ကျွန်တော်လည်း..အိတ်ထဲကဆေးလိပ်ဘူးထုတ်ပြီး..ဘကြီးဆေးလိပ်သောက်ပါအုံးပေါ့။ဘကြီးက ပြုံးပြပြီး အဘ မသောက်တော့
ဘူးတဲ့။အလာပ သလာပ ပြောရင်း ဆက်သွားလာ ခဲ့တာ..ကျွန်တော်လက်ထဲက ဆေးလိပ်ကုန်ပါရော...။ဆေးလိပ်ကုန်မှ ကွမ်းယာ ၀ယ်ထားတာသတိရတယ်။ဘကြီးလည်းကျွေးရအောင် ကွမ်းယာထုတ်ကိုထုပ်ယင်း... ဘကြီးစားပါအုံးပေါ့...ဘကြီးက အယင်လို
ဘဲပြုံးပြပြီးလက်ကာတယ်။ပြီးဘကြီးက ကျွန်တော်ကိုကြည့်ပြီး...ကောင်လေး ဆေးကော ကွမ်းကော ပါလား...အဘလည်းကောင်လေး
တို့ အရွယ်တုန်းက တော့အစုံလုပ်တယ်...အခုတော့ မောသွားပြီ....ကောင်လေးလည်း မမောခင်တော့ ပြေးလိုက်အုံးပေါ့ ....တဲ့။
ခံစားမှု့အားလုံးအတွတ် ကျွန်တော်တို့ က မမောခင်မှာသာပြေးကြတာပါ....။
လိုချင်ကြသူများ
တစ်ခါတုန်းက ကျွန်တော်ကိုလူတစ်ယောက်ကပြောပြဖူးတယ်။မိုးခပ်ဖွဲဖွဲလေး ကျနေတဲ့ မိုးချုပ်(ညနေ) တစ်ခုမှာ...သူထမင်းစားပြီးစ အိမ်ရှေ့ကိုလမ်းလျှောက်အထွက်....အိမ်နီးချင်းတစ်ယောက် သူ့ အိမ်ရှေ့မှာတူရွင်းတစ်ချောင်နဲ့ တစ်နေ့ ကမှသူစိုက်ထားတဲ့
မာလကာပင်ကို တူးနေ တာကိုတွေ့ လိုက်တယ်တဲ့။သူဘာမှမပြောဘဲ အသာလေး ငြိမ်နေပြီးသူပြီးတဲ့အထိ စောင့်ကြည့်နေလိုက
်တယ်တဲ့။တူးတဲ့လူကတော့ ခပ်မှောင်မှောင် လူမမြင်လောက်ဘူး အထင်နဲ့ ပေါ့ ။ မကြာခဏ သူ့ အိမ် ကိုလည်း အကဲခပ်ရင်း
ကြည့်ရင်း။ပြီးတော့မာလကာပင်လေး ယူပြီးထွက်သွားတယ်တဲ့။သူလည် မာလကာ ပင်လေးကိုတော့နှမျော တယ်။အူနီ မျိုးလေး
ဆိုတော့ တမင် ကိုဝယ်ပြီး စိုက်ထားရ တာ လို့ ဆိုဘဲ။ ဒါပေတဲ့ ...မသိလိုက် မသိဘာသာဘဲ နေလိုက်ပြီး၊
သူစဉ်းစားမိတယ်တဲ့..........ခုနက မာလကာပင်တူးတဲ့သူ..... သူလိုချင်တဲ့ မာလကာပင်ကို သူ ရသွားပါတယ် ။ ဒါပေတဲ့....သူမလိုချင်တာ တစ်ခုလည်း သူ ရသွားတယ်တဲ့။
ကျွန်တော်လည်းစဉ်းစားမိတယ်....လိုချင်တာတစ်ခုကိုယူခါနီးရင်....မလိုချင်တာ ဘာတွေရ နိုင်လဲပေါ့။
ချမ်းသာခြင်း
တစ်ခါတုန်းကတဲ့...အမြဲအလုပ်လုပ်နေရမှ ကျေနပ်နေတတ်တဲ့သူဌေးကြီးတစ်ယောက်က သူ့ အိမ်ရှေ့မှာ ဟိုလုပ် သည်လုပ် လုပ်နေတုန်း မြစ်ကမ်းဘေးမှာ စိန်ပြေနပြေ အိပ်နေတဲ့ တံငါးသည် တစ်ယောက်ကို တွေ့ တယ်တဲ့။အဲ့ တံငါသည်က တစ်နေ့ မဟုတ်။
ဟိုးအရင်ကတည်းက သူက သည်လို ဘဲ။ရောက်လာရင်ငါးမျှားတယ်။သူ့ ပလိုင်လေးထဲ အသင့်အတင့် တစ်နေ့ စာငါးလေးတွေ ရ သွားရင် အေးအေးဆေးဆေး နေရောတဲ့။ ပက်လက်လေးလှန်....ဆေးလိပ်လေးဖွာ..။နေပူစာလေးလှုံ့။ အဲ့ဒါကို အမြင်ကပ်နေတာ အိမ်ထဲက သူဌေး။ သူဌေးက မနေတတ်တော့ သွားပြောရော။မင့်နှယ်ကွာ..အချိန်ရတုန်းလေးမှာ ပိုပိုလျှံလျှံ လေးရအောင် ပိုပြီးအလုပ်လုပ်မှပေါ့ ။အဲ့ဒါမှ သူဌေးဖြစ်မှာပေါ့ ။သူဌေးဖြစ်မှ အေးအေးဆေးဆေး နေလို့ ရမှာပေါ့  ....စသည်ဖြင့်ပေါ့။အဲ့မှာ တံငါသည် က နေပူစာလှုံ့ရင်း ပက်လက်ကနေ ပြန်ပြောတယ်တဲ့။
``အခုကော ကျွန်တော် အေးအေးဆေးဆေး နေနေတာ မဟုတ်ဘူးလား´´တဲ့။
ကျွန်တော်ကြားဖူတဲ့ တရုတ်ပုံပြင်လေးတစ်ခုပါ။
ချမ်းသာနည်း
တစ်ခါတုန်းကတဲ့ လူတစ်ယောက်က စာရွက်တစ်ထုတ်ကိုပိုက်ပြီး ချမ်းသာနည်းတွေ...ချမ်းသာနည်းတွေ (၁၀၀)
လို့ အော်ရောင်းနေသတဲ့..။အစကတော့လူတွေက ဘာတုန်းလို့ စိတ်ဝင်စားနေတာကလွဲပြီး မ၀ယ်ကြသေးဘူးပေါ့ ။ တစ်ယောက်စ နှစ်ယောက်စ စပြီးဝယ်ကြည့်ကြ၊ဖတ်ကြည့်ပြီးတော့မှ အတော်လေး ကောင်းတဲ့ စီးပွားရှာဖြတ်လမ်းနည်းတွေဖြစ်နေတာကိုတွေ့ ကြ ရော..။အဲ့မှာ အပြိုင်...အပြိုင် လုဝယ်ကြသတဲ့။ရောင်းတဲ့လူဆီမှာ လည်း အစောင်ရေသိပ်ပါတာမဟုတ်တော့ ခဏလေးချင်း
ကုန်သွားတာပေါ့။ စာစောင်ဝယ်လို့ ရတဲ့လူတွေက စုပြီး စုပြီး နည်းလေးတွေရဲ့ဆန်းသစ်ပုံတွေကို ချီးမွမ်းနေကြရောတဲ့။အဲ့အချိန်မှာဘဲ အစောကမှ စာစောင်ရောင်းသွားတဲ့လူက သူတို့ စကားဝိုင်းရဲ့ဘေးမှာ ငွေစလေးတစ်ပြားစ နှစ်ပြားစ သနားကြပါလို့ လာ တောင်း တဲ့သူတောင်းစား ဖြစ်နေတာတွေ့ ရော။သူတို့ တွေအတော်လေး ဒေါသထွက်သွားကြတယ်...။ခင်ဗျားကိုယ်တိုင်ကျ သူတောင်းစား ရောင်းတော့ကျချမ်းသာနည်း ၁၀၀ တဲ့...၊ဘာတဲ့...ပေါ့ ...စသည်ဖြင့်ကျိန်းမောင်းကြပါရော...။ အဲ့မှာ ရောင်းတဲ့လူက ...ခင်ဗျားတို့ နောက်ဆုံး နည်း ၁၀၀ မြောက်ကိုဖတ်ပြီး ပြီလားမေးတယ်တဲ့။ သူတို့ မဖတ်ရသေးဘူးလို့ ဆိုတော့ သူက ပြန်ပြောတယ်...
အစဉ်လိုက်ဖတ်သွား....ချမ်းသာနည်းတွေရဲ့နောက်ဆုံး နည်းက တောင်စားတာ အကောင်းဆုံးဘဲတဲ့။ ရယ်စရာအဖြစ် ကျွန်တော်ကြားခဲ့ခြင်းမဟုတ်ပါ..။ကျွန်တော် အထင် အင်မတန်ပါးနပ် သောအဘိုးကြီး တစ်ယောက် က ပြောပြဖူးခြင်းဖြစ်ပါသည်။
သူပြောလေ့ရှိသည်မှာ ...ငါမှာမရှိအောင်အတော်ကိုလုပ်ယူရတယ်....ဟူ၍....ဤနေရာတွင် ငွေကြေးတစ်ခုတည်းအတွတ်သာမဟုတ်။
ငွေကြေးသည်လည်း လူတစ်ယောက် အတွတ်ချမ်းသာမှု့တွေကို ဖဲ့ယူပါတယ်။ချုပ်နှောင်ပါသည်။
ရံဖန်ရံခါစဉ်းစားမိတာပါ
မှန်းဆတွေးတောသူများ
ဟိုးတုန်းကပေါ့ .......နေပူပူ ဇရပ်ကြီးတစ်ခုထဲမှာ ဖိုထိုးအဂရိတ် ဆရာတစ်ယောက် ရယ်၊တရားဆရာတစ်ယောက်ရယ်၊လက်သမားဆရာ
တစ်ယောက်ရယ် စုမိကြသတဲ့။သူတို့ ရောက်နေတဲ့ဇရပ် ရဲ့တိုင်တစ်ခုမှာ (၃၁) လို့ ရေးထားတဲ့စာလုံးနဲ့ အငြင်းပွားနေကြတာ တစ်ယောက်
နဲ့ တစ်ယောက် သိပ်ကြည်လင်ကြသည် မဟုတ်ဘူးပေါ့။ ဖိုဆရာ က ၃၁ ဆိုတာ အဂရိတ်ဆရာကြီးတစ်ယောက်က လောကဓါတ်
အကြောင်းကို အဂါင်္ နဲ့ တနင်္ဂနွေ ပေါင်းစပ်ပြီးတင်ပြတာလို့ ဆိုတော့၊တရား ပြဆရာကလည်းမဟုတ်ဘူး ပေါ့၊ ဒါက အတော်ကို
ု တရားသိတဲ့လူတစ်ယောက်က ဇရပ်ရောက်တဲ့လူတွေကို ၃၁ ဘုံရဲ့ ဆင်ရဲဒုကတွေကိုသိအောင် နေပူပူနဲ့ ဇရပ် တင်စား ဖော်ပြတာပေါ့။ သည် လိုဆိုပြန်တော့လက်သမား ဆရာကလည်းမဟုတ်ဘူး၊ ဒါက ဇရပ်ဆောက်တဲ့လက်သမား ဆရာကြီးက ၃\၁ သား ခွဲမယ်လို့ ရည်စူးပြီးထားတာလို့ ပြောပြန်ရောတဲ့။သူတို့ ငြင်းပွဲက တော်ကိုအရှိန်ရလာပြီး တစ်ယောက်နဲ့ တစ်ယောက် ထသတ်တော့မဲ့အနေအထား
ရောက် လာရော။အဲ့အချိန်မှာဘဲ ပုဆိုးထက်ခြမ်းကွဲ နဲ့ ယက်တောင် ခေါင်းကြားထိုးလို့  စိတ်သိပ်မနှံ့ တဲ့လူတစ်ယောက်ရောက်လာပြီး `အဲ့ဒါငါရေးတာ၊အဲ့ဒါငါရေးတာ၊အဲ့ဒါသစ်တုံ၊ပြောင်းပြန်လှန်တော့ ၃၁ ၊၃၁ ကိုပြောင်းပြန်လှန်တော့ သစ်တုံး’ လို့ ဆိုသတဲ့ဗျာ။
ပုဂံ၊ညောင်ဦး ရှေးဟောင်ပြတိုက်ထဲတွင် ကျွန်တော်ပြောဖြစ်ခဲ့သော ပုံပြင်လေးတစ်ခုပါ။တစ်ချို့ ဟာတွေက ငြင်းနေလို့ မှမကောင်းတာနော်။
နှစ်သိမ့်ပေးခြင်း
တစ်ခါတုန်းကပေါ့ ......... အရပ်ထဲမှာလူရွယ်တစ်ယောက်အမေ ဆုးံလို့ ရပ်ရွာအသုဘတစ်ခုမှာ သူငယ်လေး ခမျှာ ဖြေမစည်နှိင် တအိအိ ဆွေးဆွေးမြေ့မြေ့ငိုနေသတဲ့။' အမေရဲ့သားကိုတစ်ယောက်ထဲထားခဲ့ပြီလား။အမေမရှိယင်သားတစ်ယောက်ထဲ ဘယ်လိုနေရမှာ တုန်း ... အမေရဲ့' အစချီပြီးငိုလိုက်တာ အတော်နဲ့ အတောမသတ်နိုင်ဘူးဖြစ်နေရောတဲ့ဗျာ။အဲ့သည် မှာရွာကျောင်းဘုန်းကြီးရောက်လာပြီး ''လူဆိုတာ သေမျိုးတွေဘဲ၊ဘယ်သူမဆိုသေကြရတာဘဲ၊'' အစချီပြီး ဇာတိ၊ဇရာမရဏ ။အနိစ၊ဒုက၊အနတ အစရှိသဖြင့်ဟောပြောပြီး အငိုတိတ်စေသတဲ့။လူရွယ်လေးလဲ အတော်လေး တရားရသွားတယ်ပေါ့။သည်လို နဲ့ သည်ကောင်လေး မငိုတော့ဘဲနေပြီး
ဘုန်းကြီးပြောဟောခဲ့တာတွေကို နှလုံးသွင်း ပြီးနေလိုက်တာ အတော်လေး နေတတ်သွားရောပေါ့။သည်လိုနဲ့ ရက်တွေပြောင်းပြောင်း
လာလိုက်တာ၊ တစ်နေ့ ကျဘုန်ကြီးအမေ သေရောတဲ့။သည်တော့လဲ ဘုန်ကြီးခမျှာ သည်းလှိုက်ဖိုလှိုက် ငိုလိုက်တာဆွမ်းတောင် ဘုန်းမပေးနှိင်တော့လောက်အောင်ဘဲဖြစ်သတဲ့ဗျာ။ ဘုန်ကြီးအမေဆိုတော့ ရပ်ထဲရွာထဲက အသုဘရှု ပရိတ်သတ်ကလည်းမနည်းဘူးပေါ့ ။အဲ့သည်မှာ ဟိုတစ်နေ့ က အမေသေထားတဲ့လူငယ်လေးလဲ ပါသပေါ့။လူငယ်လေးကမနေသာတော့ ဘုန်ကြီးဘေးနားကပ်ပြီး လျှောက်သတဲ့။သူ့ အမေ အသုဘ တုန်းက ဘုန်းကြီး ဟောခဲ့တဲ့ တရားကိုပေါ့။သည်တော့ဘုန်းကြီးကဘာပြန်ပြောသလဲဆိုတော" ဟိတ်ကောင့့်  ဒါ ငါ့အမေကွ'' တဲ့ဗျာ။
ကျွန်တော်တို့ လည်းသူများကိစ္စ တွေမှာကျဝင်ပြီး ချွေးသိပ်လိုက်၊ဖြေဆည်ပေးလိုက်နဲ့ ၊ ကိုယ့်အလှည့်ကျ ဘယ်လိုမှ ဖြေသိမ့်
လို့ မရတာလေးတွေကို စဉ်းစားမိလို့ ပါ။
အရေးကြီး သော အရာ
တစ်ချိန်တုန်ကပေါ့ .........မြစ်ကမ်ဘေး၊မြို့နဲ မြစ်လေးဘဲခြားတဲ့ရွာလေးတစ်ရွာက လူတစ်ယောက် ရွာသူဌေးလေး .....။
သူ့ အိမ်မှာ ကက်ဆက်နဲ့ ဘာနဲ့ နေနိုင်တဲ့လူတစ်ယောက်ပါ။သူတို့ ရွာလေးက လျပ်စစ်မီး မရှိတော့ ဘထ္ထရီ အိုးကိုဘဲ အားကိုးပြီးသုံးရပါတယ်။ဘထ္ထရီအားကိုတော့ မြို့တက်တက်ပြီး အားသွင်းရသတဲ့။တစ်နေ့ မြို့ ကိုဘထရီအားသွင်းဖို့ အသွား ... သမ္မာန်လှေက မြစ်လယ်မှာပေါက်ပြီး တဖြည်းဖြည်း မြုပ်ရောတဲ့ဗျာ...။စီးလာတဲ့ လူတွေလည်း ရေးကြီးသုတ်ပြာ နဲ့ အရေးကြီးတာလေး
တွေကို တနိုင်သယ်ပြီးမြစ်ထဲခုန်ချသွားကြသတဲ့။အဲ့သည်မှာ ရွာသူဌေးလေး က ဘာလုပ်လိုက်သလဲဆိုတော့ ...သူ့ မှာ အင်မတန်တန်ဖိုးထား မြတ်နိုးရတဲ့ဘထအိုးလေးနှစ်လုံးကိုဆွဲပြီးခုန်ဆင်းသွားလိုက်တာ ပြန်တောင်မပေါ်တော့ ဘူးတဲ့ဗျာ။
ကျွန်တော်ကြားဖူးတာလေးတစ်ခုပါ။စဉ်းစားမိတယ်ဗျ။တစ်ခါတစ်ခါကျ ကျွန်တော်တို့ ကဘာမျှ မဟုတ်တာလေး တွေအတွတ် အရေးကြီးတာတွေကို မေ့နေတတ်တယ်နော်။
Nov 20, 2007
မှတ်မှတ်ရရ အတိုအထွာများ
Posted by
Phoe Lynn
at
5:32 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment