Dec 6, 2007

မှိုစားကြသူများ

ကျွန်တော် အရင်တုန်းက ကျောင်းအားရက် တွေ နဲ့ တိုက်ဆိုင်လို့  ရေလှောင်တမံ စီမံကိန်း တစ်ခုကို အဖော်တစ်ယောက်နှင့် အလည်လိုက်သွားခဲ့ဖူးပါသည်။လေးငါးရက် အိပ်ပြီးပြန်လာခဲ့သည်။ရွာလေးတစ်ရွာမှတဆင့် ဆည်တည်ဆောက်ရေး သို့ ၂ မိုင်ခန့် တောလမ်းခရီးကို လမ်းလျှောက်ရသည်။တောထဲအတွတ် စားစရာ အစုံကို ရွာတွင်အပြီး ၀ယ်ယူကြရသည်။ရွာကို ပြန်ဝယ်ဖို့ ကမလွယ်ဘူးလေ။ကျွန်တော်တော့ဘာရယ်၊ညာရယ်ကောင်းကောင်းမသိ၊နားမလည် သော်လည်း မြန်မာပြည် ၏ ထုံးစံအတိုင်း
ခေါင်းလေး ညိတ်လိုက်၊လိုက်ပြသည်များကို အတွန့် တတ်လျှောက် မေးလိုက်။ အဲ့သည်မှ အင်ဂျင်နီယာများ ကတော့
ကျွန်တော်နှင့် အဖော်ကို အတော်လေးခင်ကြပါသည်။တောထဲတွင် လိုသည်မရှိ နီးရာတွင်မှ ခူးခပ်ချက်ပြုတ်ကျွေးကြသည်။ကျွန်တော်
တို့ လည်းတစ်နေ့ ….တောထဲကို လမ်းလျှောက်အထွက် မူးမူးနှင့် အပြန်ကျ ချက်ပြုတ်စားဖို့ လိုက်ရှာရင်း….မှိုတစ်ခင်းတွေ့ ကြသည်။
ခူးလိုက်တော့ ပုဆိုးတစ်ကွင်းစာ အပြည့်ရသည်။ညဘက်ကျ ကျွန်တော်တို့ ချက်ကြသည်။အင်ဂျင်နီယာများကတော့ သူတို့ အလုပ် တစ်ဖက်နဲ့ မို့ မ၀င်အား။ကျွန်တော်နှင့် အဖော် ၊ ပြီး နှစ်ယောက်လောက် ၀ိုင်ချက်လိုက်သည်။ ဟင်းကမွှေးလာပြီ…….။တစ်အောင့်နေရင်
စားလို့ ရပြီ။ကျွန်တော်တို့ ထမင်းခူးလိုက်သည်။ဟင်းကျက်တော့ ဟင်းထည့်ပြီး လူကြီးများကို သတိရသည်။သူတို့ ကို ဦးချရမည်ပေါ့။
ကျွန်တော်တို့ ဟင်းခွဲလိုက်ပါသည်။သည်တစ်နေ့ မှဘဲ ထူးထူးခြားခြား မှိုဟင်း။ဝိုင်းကူသော အင်ဂျင်နီယာက ပြောသည်။ကျွန်တော် စဉ်းစားသည်။အယင်က မစားဖူးပါတဲ့ ။အဲ့လို ဆို ကျွန်တော်တို့ ခူးလာတဲ့မှိုတွေက စားကောစားကောင်းလား။ကျွန်တော် စဉ်းစားတယ်။
ကျန်သူများလည်း ကျွန်တော့်လို ပဲဖြစ်သည် ထင်ပါရဲ့။သူတို့ မတို့ ရဲ။ကျွန်တော်တို့ ထမင်းပန်းကန်တွေကို ကိုင်ရင်း ငုတ်တုတ်တွေ…။
အဲ့လို ဆို သွန်ပြစ်ပါလားဆိုပြန်တော့ …မလုပ်ရက်။နှမျောသည်။ဟင်းရည်လေးတို့ လိုက်။ထမင်းစေ့လေးတွေ ရေလိုက်။ဗိုလ်ကြီးတို့ 
က လိုဏ်ခေါင်း (tunnel) ထဲမှာ။သူတို့ မကြာခင် ပြန်လာကြတော့မှာ…။ဗိုလ်ကြီးဆိုလို့ ….. အင်ဂျင်နီယာရာထူးများထဲတွင်လည်း ဗိုလ်ကြီးခေါ်SAE ရာထူး ရှိလေ၏။ဗိုလ်ကြီးက အမောတကောနှင့်ပြန်လာပြီး…မျက်လုံးများကတော့ ကျွန်တော်တို့ ထမင်းဝိုင်းအလယ်မှ မှိုဟင်းဆီဝယ်။ဗိုလ်ကြီး စားမည်လုပ်တော့ ကျွန်တော်တို့ တော့ ချက်ပြီး မစားဝံ့ကြောင်း ဗိုလ်ကြီးကို ပြောပြသည်။ဗိုလ်ကြီး က မှိုတစ်ဖတ်ကို ယူပြီးဝါးလိုက်သည်။ပြီး အားရပါးရ လွေးလေတော့၏။စားကောင်းတယ်လို့ တောင် ပြောသေးသည်။ကျွန်တော်တို့ ကဘေးမှာ….။မျက်လုံးလေးတွေက စူးစမ်းသလို …အားကျသလို ။စားတော့မစားရဲသေး။ကျွန်တော်တို့ တလှုပ်လှုပ်။ဗိုလ်ကြီး ကို နောက်နာရီဝက်လောက် ကြည့်နေကြသည်။သူဘာမျှမဖြစ်။ကျွန်တော်တို့ မနေနိုင်တော့။မှိုဟင်းကောင်းလေ၏။နောက်လူများဖို့ 
တောင် မက ပိုပိုလျှံလျှံ။မှိုဟင်းတစ်ခွက်….။ကျွန်တော် တို့ သူငယ်ချင်းများကြားထဲတွင် ပြောစရာတစ်ခုဖြစ်ခဲ့ပါသည်။သူငယ်ချင်းများ ရည်းစားထားလျင်၊မိန်းမယူလျင် ကျွန်တော်တို့ အဖွဲ့ က မှိုဟင်းကို ငေးနေဘိ သကဲ့သို့ ငေးနေလေ့ ရှိပြီး…..စောင့်ကြည့်
လိုက်ဦးမည်ဆိုတဲ့ အထာလေးတွေ ကိုယ်စီနှင့်။သူငယ်ချင်းတစ်ယောက် မိန်းမခိုးတုန်းကလည်း ကျွန်တော်တို့ အဖွဲဝိုင်းပြီး မှိုဟင်းတစ်ခွက် ချက်ပေးလိုက်သေးသည်။ကျွန်တော်တော့ အခုထိ ရှေ့လူများ ဘာမျှမဖြစ်ခဲ့ကြပေတဲ့….. မှိုဟင်းတစ်ခွက် မနှိုက်ရဲသေး။ကိုယ်တိုင်ခူးပြီး ချက်ပေးခဲ့ရတဲ့ လူတွေလည်း ရှိတယ်လေ။
ကျွန်တော် လွန်ခဲ့တဲ့ နှစ်တုန်းက မြို့ပေါ်မှာ မှိုစိုက်ခင်း မရှိဘူး…။မှိုစိုက်မယ်ဆိုပြီးလုပ်ခဲ့သေးသည်။ စိုက်လည်းစိုက်ဖြစ်ခဲ့သည်။
(၆)လခန့် ဘဲ လုပ်ငန်းတာရှည်ခဲ့သည်။ အဲ့အလုပ်က မကိုက်ဘူးလားဆိုတော့။ မဟုတ်။ရာသီဥတုအေးလွန်းသည်က တစ်မျိုး၊
မိုးရွာရက်ရှည်သည်က တစ်မျိုး။လူမစောင့်နိုင်သည်က တစ်မျိုး။ကျွန်တော်လက်လျှော့ခဲ့သည်။အတွေ့ အကြုံပေါ့။မှိုတွေ ရခဲ့ပါသည်။အစပ်ကောင်းတော့ စိုက်ခင်းအပြင်ရောက်လျင် အကုန်လုံးကုန်သည်။သူကအေးလွန်းလျင်မထွက်။အေးလွန်းလျင် မြင်းချေး၊ငုံးချေးလိုက်ဝယ်ပြီး ပိုထည့်ပေးရသည်။များသွားလျင်လည်းလောင်ကုန်သည်။ပြီး မှိုခင်းအုပ်သည့် ပလပ်စတစ်စက အောက်စအလွတ်မခံ။လေ၀င်ပြီး သရမ်းသွားလျင် ကျွန်တော်တို့ တော့ ကုန်ပြီသာမှတ်ပလေ့။ မှိုခင်းထဲမှာ လူမသိသူမသိ မမြင်မိလို့ အရွယ်လွန်မှိုတွေ ကိုလည်း ကျွန်တော် ကိုယ်ချင်းစာ၊နှမျော စွာနဲ့ နှုတ်ပြီးလွင့်ပြစ်ခဲ့ရ။ပြီး ပြောပြရအုံးမယ်။မှိုရောင်း တဲ့အခါတွေ
မှာ အချိန်အခါတန်လို့ ပွင့်သွားရင် ရောင်းပန်းမလှတော့ဘူး။မှိုတွေ ပွင့်ကုန်တော့ အလေးချိန်မစီး။ဝယ်သူကလည်း မကြိုက်။
အရသာပေါ့ သွားသည်တဲ့။ကျွန်တော်….စကားတစ်ခုကို သတိရမိသည်။သမီနဲ့ ငါး အိမ် ကြာကြာမထားနဲ့ တဲ့ ။သမီးကညာ ခါမလင့်စေနဲ့ 
လို့ လည်း ဆိုတာကို။ကျွန်တော်တို့ တော့ အဲ့တုန်းက မှိုပေါ့နော်။ပွင့်သွားမှဆိုရင် နှစ်ဦးနှစ်ဖက်နစ်နာသည်။အချို့လည်း ရာသီဥတုအရ အရွယ်မရောက်သေးခင် ပွင့်သွားကြ၏။အဲ့အခါမျိုးဆို ပိုလို့ မကိုက်ပေ။အရွယ်ထွားပြီး အလုံးလှမှ၊ပြီး မပွင့်သေးပေမှ ကျွန်တော်တို့ 
အစဉ်ပြေလေ၏။ကျွန်တော် အယင်တုန်းက မှိုဟင်းတစ်ခွက်အကြောင်း ပြောဖူးတော့ ….. ကျွန်တော်စိုက်တဲ့မှိုကိုတော့ ကျွန်တော် ယုံယုံကြည်ကြည် စားခဲ့ပါတယ်။အတောက်ပြေ ….ကန်စွန်းရွက်လေးနဲ့ ရောပြီး တော့လေ။

No comments:

javascript:void(0); Save Template