Dec 17, 2007

သူတို့ ပြောသောတစေ့တစောင်း

ကျွန်တော့်မှာ ဦးလေး၊ဒေါ်လေးများစွာရှိပြီး…သူတို့ တွေက အပျိုကြီး၊လူပျိုကြီးတွေအများစု
ဖြစ်ကြပါသည်။လူပျိုကြီး အချိုကတော့ ၄၀ ကျော်မှ အိမ်ထောင်ကျကြ၏။အချို့က
သေသည်အထိ လူလွတ်တွေ။သူတို့ နှင့် စကားစမြည်းပြောဖြစ်တော့………….။

ရွေးချယ်လို့ ရလားဟင်
ကျွန်တော် တစ်နေ့ က အဒေါ်ကြီးတစ်ယောက်နှင့် စကားပြောဖြစ်တော့ သူက ပြောတယ်။
အိမ်ထောင်မှု့ ဘုရားတည် ကားဝယ် ဆေးမှင်ရည်စုတ်ထိုး ဤလေးမျိုးနောင်ပြင်ရန်ခတ်တဲ့မျိုးတဲ့။
ဘယ်နှယ့် ..သူ့ ကျမှ တစ်ခု ပိုသွားရသွားသနည်း။သူကပြောတယ်။ကားတစ်စီးဝယ်ရင် ပြစ်ချက်တွေကို
အကုန် သိထားမှ ၊ ပြောနိုင်မှတဲ့..။မဟုတ်ရင် ဈေးကြီးမိပြီး ကိုယ့် လက်ထဲကျမှ ပြင်လို့ မဆုံးတော့ဘူးတဲ့။
အဲ...ရောင်ဈေး ၀ယ်ဈေးတည့်ပြီဆိုတော့ အဲ့ကားက ပြန်ပြီးငွေရှာပေးသလားဆိုတော့ ရှာပေးပါရဲ့..
သူပြန်သုံးတော့လည်း သောက်သောက်လဲ ကုန်ပြန်ရောတဲ့ဗျာ.။အိမ်ထောင်ဖက်ရွေးလည်းအဲ့လိုဘဲတဲ့။
သူ့ အပြောနော်။
သူပြောတုန်းက နားထောင်နေရင် ကျွန်တော်စဉ်းစားမိတယ် သိလား။ကွန်ပျူတာတစ်လုံး ၀ယ်တာနှင့် နှိုင်းယှဉ်ပြီးတော့။ကျွန်တော် လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်လောက်တုန်းက ကွန်ပျူတာတစ်လုံး ၀ယ်လိုက်တယ်။
နောက်ဆုံးပေါ် ပေါ့ အဲ့အချိန်တုန်းက..။သိပ်မကြာလိုက်ပါဘူး...သူ့ ထက် မြန်တာတွေ ကောင်းတာတွေ၊
လှတာတွေကပေါ်လာပါရောလား။သူ့ ကိုပျက်လို့ ပြင်မယ်ဆိုတော့လည်း အပိုပစ္စည်းက အတော်ကို
လိုက်ရှာရတယ်။ဒါပေတဲ့ ကျွန်တော်တော့ ပြင်ပြင်ပြီးသုံးနေတာ...သူကအတော်လေး အကျိုး ပြုပါတယ်...ကျွန်တော်ကိုပါ။ပညာလည်း တိုးစေခဲ့ပါရဲ့။ Internet ဆိုတာကြီးနဲ့ လည်းမိတ်ဆက်
ပေးခဲ့တယ်လေ။သူ့ က ထိုက်သင့်သလောက်ငွေကြေးလည်းရှာပေးပါရဲ့။သူ့ ကို ထိုက်သင့်သလို Upgrade တော့လုပ်ပေးနိုင်မှပေါ့နော်။သူကလည်း Upgrade လုပ်ပေးလို့ ရနိုင်လောက်အောင်တော့ အဆင့်ရှိတယ်လေ။
Computer ကိုပြောတာပါ။အခုထိသူက ဧည့်ခန်းထဲမှာ ၀ံ့ဝံ့ကြွားကြွား နေရာယူပြီး ဧည့်ခံနေဆဲပါ။အခုစမ်းမယ်
ဆိုလည်း သူ က အသင့်ဆိုတဲ့အနေအထား။ကျွန်တော်ကလည်းသူ့ ကို တော့ ဂရုစိုက်ပါတယ်။ရည်းစားဦး
မြေးဦး ရတဲ့ထိ မမေ့ဘူးလို့ အချို့သူငယ်ချင်းများက စကြသည်။အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်း
ကိုတော့ မစွန့် ရက်ပါဘူးနော်။နောက်ဆုံးအနှစ်ချုပ်ကျ...ကွန်ပျူတာကလည်းအဆင့်ရှိရမယ်၊သုံးတဲ့သူကလည်း
သူ့ ကွန်ပျူတာကို ခေတ်မှီလာအောင် Upgrade လုပ်နိုင်တဲ့အရည်အချင်းရှိရမယ်။မဟုတ်လို့ နောက်ဆုံးပေါ်
ကွန်ပျူတာကြီးဝယ်ပြီး သုံးတဲ့သူက ဘာမှ မသိရင် အလကားပဲပေါ့...။သုံးတဲ့သူကတော့ တော်ပါတယ် ဒါပေတဲ့
Computer က Upgrade လုပ်လို့ ကို မရတော့ရင်လည်း ဘကြီးသား ...ကြိုက်သလောက်စွမ်း..မရဘူးနော်..။
အဲ့နေရာမှာ သူ့ အထွာနဲ့ သူတော့ရှိမှာပေါ့ ။ထင်တာဘဲလေ။ စာချုပ်နှင့် တစ်နှစ်အတွင်းပျက်လျှင် ပစ္စည်းအသစ်
နှင့် လက်ခ အပြီး စိတ်တိုင်းကျစေရမည်ဆိုတဲ့ ယောက်ခမ တွေများရှိရင် လက်တို့ ပါအုံး။(ရယ်စရာသာ)

ခံစားရခက်သော ဇတ်လမ်းတစ်ပုဒ်
တစ်နေ့ ကပေါ့..ကျွန်တော် လ္ဘက်ရည်ဆိုင်မှာထိုင်ရင်း ကောင်မလေးကို ကြည့်နေတုန်း
ဦးလေးတစ်ယောက် ရောက်လာပါတယ်။ကျွန်တော်ကလည်း ဦလေးကို အဲ့ကောင်မလေး
ဘယ်လိုချောကြောင်း…ဘယ်လောက် ကျက်သရေရှိကြောင်း …ရေပတ်မ၀င်အောင်
ပြောမိပါရဲ့။ဦးလေကတော့ ငြိမ်လို့ ….ပြုံးပြုံးလေးနဲ့ နားထောင်နေတယ်။ကျွန်တော်တို့ 
မိုးချုပ်ဘက်က သူ့ အချိန်နဲ့ သူမို့ ဆိုင်ပြောင်ထိုင်ရင်း..ဦလေးက မူးလာတော့ ကျွန်တော့်ကို
ပုံပြင်လိုလိုလေး တစ်ခုပြောတယ်။တစ်ခါတုန်းကပေါ့…ကောင်လေးတစ်ယောက်။အလုပ်ပြီးအလုပ်
လုပ်နေတဲ့ ကောင်လေးတစ်ယောက်..တစ်နေ့ အလုပ်နားတဲ့အချိန်မှာ ဘာရယ်မဟုတ်ဘဲ
ကြေငြာတစ်ခုကို ကြည့်မိရင်….ကြေငြာမင်းသမီးလေးကို မြင်တော့ အတော်လေး သဘောကျမိ
ရော။အဲ့လို နဲ့ ကြည့်ရင်းကြည့်ရင်း သူ့ မှာတစ်နေ့ သူ့ ရုပ်လေးတစ်ခါမှ မမြင်ရရင်မနေနိုင် ဖြစ်
လာတယ်။သူ့ အလုပ်အားရင် မင်းသမီးလေး ရုပ်ရှင်တွေ ကြည့်တတ်လာပြီ။မင်းသမီးလေးကို
အပြင်မှာ တွေ့ ချင်တယ်။အပြင်က ချောင်းကြည့်တယ်။သူ့ ရိုက်ကွင်းတွေကို လိုက်ကြည့်တတ်တဲ့ အနီးကပ်ပရိတ်သတ်ဖြစ်ဖို့ သူကြိုးစားတယ်။ကြားထဲမှာလည်း သူ့ က အမျိုးမျိုး နီးစပ်ဖို့ 
မင်းသမီးနဲ့ ခင်တဲ့လူတွေကို လိုက်ပေါင်း။နောက်ဆုံးတော့ သူ မင်းသမီးလေးနဲ့ အနီးကပ်စကား
ပြောခွင့်ရရော။သူမှာလည်း တစ်နေ့ တစ်နေ့ ဘယ်လို ကုန်တယ်မသိဘူးပေါ့။ကျလာတော့မယ့်သူ့ မွေးနေ့ ကျ မင်းသမီးလေးကို ဖိတ်ချင်တယ်။သူဘယ်လို စကားစရမှန်း မသိဘူး။ပြီးတော့မင်းသမီးလေးတစ်ယောက်ထဲကို အထူးဧည့်သည်အနေနဲ့ ဖိတ်ချင်တယ်။သူ ကကြားထဲမှာလည်း မင်းသမီးလေး သွားရေးလာရေး အဆင်ပြေဖို့ 
သူ့ ကားလေး ပေးထားတယ်တဲ့ ။ကားမောင်းတဲ့လူကိုလည်း မင်းသမီးလေးသွားလို ရာလိုက်ပို့ ပေးဖို့ ပြော
ထားပြီးသားပေါ့။ကားဆရာကနေတဆင့် သူ့ မွေးနေ့ မှာ မင်းသမီးလေး လာပေးဖို့ပြောခိုင်လိုက်တော့ …..မင်းသမီးလေးကလာမယ်တဲ့။သူ တအား ပျော်သွားပါတယ်။သူ့ မှာ တစ်နေ့ တစ်နေ့ နေ့ တွေ ဆိုတာကို
ကုန်သွားဖို့ ဘဲမျှောနေရော။သူ့ မွေးနေ့ ရောက်လာပါပြီ။သူ စွန့် စားပြီး ဘယ်သူမှ မဖိတ်ဘဲ မင်းသမီးလေးတစ်ယောက်ထဲကို ဖိတ်လိုက်တယ်။မင်းသမီလေးရောက်လာတော့ သူ တို့ နှစ်ယောက်ထဲစကား
ပြောမယ်ပေါ့။သူ့ အစီအစဉ်ထဲ မင်းသမီးလေး ရောက်လာပါတယ်။ သူ နဲ့နှစ်ယောက်ထဲပေါ့။သူ့ ရင်ထဲက
စကားတွေကို ပြောဖြစ်တယ်။အထစ်ထစ်အငေါ့ငေါ့…ချွေးပေါက်ကြီးငယ်တွေကျလို့ ။
မင်းသမီးလေးက စဉ်းစားပေးပါ့မယ် ဆို တဲ့အဖြေ ပေးလိုက်တယ်တဲ့။သူ့ မှာလည်း ညကျအိပ်
လို့ မရ။မနက်ကျ အလုပ်လုပ်လို့ မရ…အူမြူးနေရော။အလုပ်လုပ်လို့ မရတော့ သူ ကား
လျှောက်စီးမယ်စိတ်ကူးနဲ့  လျှောက်ထွက်တယ်တဲ့။တစ်လမ်းလုံးလည်း သူ့ မှာ ဂဏှာမငြိမ်။
အဲ့အဖြစ်ကို သတိထားမိတာ ကားဆရာ။ဖြစ်ရင်းကို မေးတော့ ကောင်လေးက အကြောင်းစုံ
ပြောတယ်။အဲ့မှာ ကားဆရာက အံသြတဲ့ ဟန် နဲ့ ဘယ်လို မင်းသမီးနဲ့ လို့ ပြောတော့…
ကောင်လေးက လက်မလေးထောင်ပြီး ဟုတ်ကြောင်း ခေါင်းငြိတ်သတဲ့။ကားဆရာက
ဆက်ပြောတယ်။ကျွန်တော်တော့ ဆရာက ကားမောင်းပေးပါ ဆိုလို့ မောင်းပေးနေကတည်း
က အိမ်ကိုပြန်အိပ်ရတယ် မရှိဘူး။မင်းသမီးအိမ်မှာဘဲ လိုက်အိပ်နေရတယ်တဲ့။ဦးလေးဘာကို
ဆိုလိုသည် ကျွန်တော်သိသပေါ့။ကျွန်တော်မမူးတော့။အိမ်ပြန်ရောက်တော့ အီလည်လည်ရယ်။
ဦးလေးဆိုတော့ ဒေါသထွက်ဖို့ လည်းအခက်ရယ်။ကျွန်တော့်မှာတော့လေ အတော်လေး…………….။
ဦးလေးက သူ ဖတ်ဖူး၊မှတ်ဖူး၊ကြုံတွေဖူးတာတွေကို လည်းကျွန်တော့်ကို အနီးကပ်သင်ပေးပါရဲ့။
အိမ်ထောင်ပြုခြင်းက အချစ်ရဲ့သင်္ချိင်းတဲ့။အချစ်ဆိုတာ လွတ်တဲ့ငါး ကြီးတာပါဆိုဘဲ။
စိတ်ကူးထဲက ရည်းစားကို စိတ်ကူးထဲမှာဘဲ ထာဝရ ရည်းစားလုပ်သွားပါတဲ့။
စိတ်ကူးထဲမှာတောင် အိမ်ထောင်မကျပါနဲ့ နော်တဲ့။ဦးလေးပြောတာတွေက အများကြီးပါ။
သူပြောခဲ့တဲ့ ပုံလေးတစ်ခုကိုမှတ်မိသေးတယ်။
တစ်ခါတုန်းက လူတစ်ယောက်က အမှုတစ်ခုနဲ့ ထောင်ကျခါနီး သူ့ ကို တရားသူကြီးကလာတွေ့ တယ်တဲ့။သူ့ အမှုက ထောင်ကျဖို့ သေချာနေပြီ။ဒါပေတဲ့ သူ လွတ်အောင်လုပ်ပေးလို့ 
ရကြောင်း။နောက်ကြောင်းတွေပြောတော့ သူ့ သမီးက အဲ့ကောင်လေး ကို အသဲအသန် ကြိုက်နေတဲ့
ကောင်မလေး။သူက ထောင်ကလွတ်အောင်လုပ်ပေးမယ်။နို့တဲ့ အပေးအယူတော့ ရှိရမယ်။
ကိစ္စအောင်မြင်ရင် သူ့ သမီးကို ယူရမယ်။ကောင်လေးက အံသြ သဘောကျ လက်ခံလိုက်ရော။
သူ တို့ အောင်မြင်သွားကြတယ်။ကောင်လေးလည်းထောင်မကျတော့ဘူး။
တရားသူကြီးသမီးလည်း သူကြိုက်တဲ့ ကောင်လေးကို ရရောပေါ့။အဲ့လိုနဲ့ နေလာခဲ့တာ…
နေလာခဲ့တာ…ကလေးတွေရ။အိမ်ထောင်သက် ကြာလာကြပြီး…တစ်နေ့ အိမ်ထောင်သည်ကောင်လေး
က အိမ်ရှေ့မှာ ငူငူလေးထိုင်နေတော့ သူ့ မိန်းမ (တရားသူကြီးသမီး)က ဘယ်သို့ ဖြစ်သနည်း။
နေများမကောင်းလော မေးတော့ သူကပြန်ပြောတယ်တဲ့ …``ငါသာထောင်ကျ ခံခဲ့ရင်ဒီနေ့ က ငါ့လွတ်ရက်´´
လို့ တဲ့နော်။အခုတော့ လွတ်ရက်မရှိတော့ဘူးတဲ့။နာမည်ပေးထားတာကို က အိမ်(ထောင်)လို့ ဘဲနော်။
ကျွန်တော်တော့ မထင်မိပါ။ကျွန်တော် နန္ဒာသိန်းဇံ ရေးသော ပြောရင်းပြောနေကြမည့် ချစ်ခြင်း
မေတ္တာ…လောမသိသော စာအုပ်ထဲက ချည်တိုင်ကိုပြန်သော နွားကြီးကို ပြေးမြင်မိပါသည်။
ပုံပြောကောင်းသော ဦးလေးသည် လူပျိုကြီး ဘ၀ နှင့် ၄၃ နှစ်တွင် မော်တော်ကား မှောက်ပြီး
ဆုံးပါးသွားခဲ့သည်။

ပန်ကန်ဆေးသူများ
တစ်ခါတုန်းက ကျွန်တော့် တူလေးတစ်ယောက်ရဲ့မွေးနေ့ ကို သွားပြီး ၀ိုင်းကူလုပ်ပေးတဲ့
နေရာတွေထဲမှာ ပန်းကန်ဆေးတဲ့နေရာကို စိတ်ဝင်စားမိတယ်။ဝင်ကူပြီးဆေးပေးတယ်။ပြီးတော့
စဉ်းစားတယ်။သိပ်မျှော်လင့်ချက်မရှိပေတဲ့ ယတြယာချေမိတဲ့သဘောများ ဖြစ်နေမလားလို့ ။
သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။သူက နယ်က ကျောင်းလာတတ်တာ။သူ ကျောင်းသွားခါနီးကျ
သူ့ ဆရာကို နှုတ်ဆက်ဖို့ အသွား။ဆရာက မေးတယ်တဲ့…မင့် ကောင်မလေးကို သည်အတိုင်း ထားခဲ့တော့မှာလား။ကောင်မလေးနဲ့ အခြေအနေကိုမေးတယ်။သူက ပြန်ပြောတယ်…..အဲ့ကောင်မလေးနဲ့ 
သူက ဘယ်မှမဟုတ်သေးတဲ့အကြောင်း။ပြီးကောင်မလေးက ရည်းစားပွေကြောင်း။ဘယ်သူနဲ့ တုန်းက
ဘယ်လို။ဘယ်သူနဲ့ တုန်းက ဘယ်လို။ပြောပြီးတော့ ကျွန်တော်က ရန်ကုန်ရောက်မှ တကယ်ကို
ရိုးရိုးအေးအေးလေး ကို ရည်းစားထားမှာလို့ ပြောခဲ့သည်တဲ့။ဆရာကတော့ ပြုံးပြီးနားထောင်နေရင်….
``အေးအေး…မင့်က ဒီပန်းကန်ကို ဘယ်သူစားထားတယ်ဆိုတာကို သိတော့ ဘယ်ဆေးချင်ပါ့မတုန်း။
ရန်ကုန်သွားပြီး ဘယ်သူ စားထားမှန်းမသိတဲ့ ပန်းကန်ကို သွားဆေးချေအုံးပေါ့´´…လို့  ပြောလိုက်သတဲ့။
သူက အဲ့တုန်းကတော့ အမှု့မဲ့ အမှတ်မဲ့ရယ်…နောက်တော့သူ….စဉ်းစားရင်း…စဉ်းစားရင်း။
ကျွန်တော်လည်း သူ့ ဆရာ့စကားကို စဉ်းစားရင်း…စဉ်းစားရင်း။

ယိမ်းကြည့်သူများ
နောက်ဦးလေးတစ်ယောက်က ပြောပြန်ရော…..။သူကတော့ ကျွန်တော့်ကို ဝေဖန်တဲ့သဘောပါ။
ကျွန်တော်က အခုထိရည်းစားတစ်ခါမျှမထားဘူး…။အိမ်ထောင်ပြုမယ်ဆိုတောင် စဉ်းစားဖို့ ဘယ်သူဘယ်ဝါ ကို မရှိ ဖြစ်နေတာကို ပါ။သူ ငယ်ငယ်တုန်းက ယိမ်းကြည်သလို ဖြစ်နေသတဲ့။သူယိမ်းကြည့်ရင် သည်တစ်ယောက်ကျ ကြည့်ပြီး နောက်တစ်ယောက်ကျ မကြည့်ရင်အားနာစရာကြီးဆိုပြီး အားလုံးကို မျှဝေပြီးကြည့်သတဲ့။ပွဲပြီးတော့
ဘယ်သူဘယ်ဝါကတော့ ပိုလှတယ်။ဘယ်သူ ကတော့ ပို စွဲဆောင်မှုရှိတယ် …မဝေဖန်တတ်တော့ဘူးတဲ့။
အခုတော့သူ က အိမ်ထောင်သည် ဖြစ်သွားပြီလေ။အသက်လေးဆယ်ကျော်မှ ယူလိုက်တာပါ။နို့တဲ့
သူငယ်ငယ်တုန်းက အကျင့်မပျောက်သေးတော့ သူ့ မိန်းမငယ်ငယ်လေးက ခဏခဏ မျက်စောင်းထိုးခံရသတဲ့။
ကြည့်စရှိတဲ့မျက်လုံး တွေက စိတ်မရှိပေတဲ့ ထိန်းဖို့ တော့ ခက်တယ်နော်။

ကစားကြသူများ
တစ်ခါတုန်းက ကျွန်တော်နှင့် ကျွန်တော့် အဒေါ်တို့ စကားစမြည်းပြောဖြစ်ကြပါတယ်။ရန်ကုန်မှာလွတ်လပ်ရေး
နေ့ ဆိုရင် ကလေးတွေက အင်မတန်ဆော့(ကစား)ကြလေသည်။လမ်းပေါ်မှာ အသံချဲ့စက်တွေနှင့် သူတို့ 
ညဉ်းကြီးနက်သည်အထိဆော့ကြသည်။ကျွန်တော်တို့ ဧရာဝတီတိုင်းနာမည်နှင့် လမ်းတွေမှာ ပိုသလားမသိပါ။
ကျွန်တော်တို့ က ပွဲကြည့်ပရိတ်သတ်ပေါ့။အဒေါ်ကပြောတယ်။ရန်ကုန်က ကလေးတွေ အတော်လေး
ဆော့ကြကြောင်း။သူတို့ ကစားနည်းတွေလည်း အတော်လေးစုံကြကြောင်း။ပြီးကျွန်တော်တို့ ကော နယ်မှာ
ကလေးဘ၀ အဲ့လောက် ဆော့ကြလားတဲ့။ကျွန်တော်ပြန်ဖြေပါတယ်။လူတွေက မျောက်ကဆင်းသက်သည်
ဆိုတဲ့ ဒါဝင် အယူမှန်ကြောင်း။လူကြီးလူငယ် မဟူဆော့ နေကြကြောင်း နှင့်ကျွန်တော်တို့ လည်း ငယ်စဉ်က
နယ်မှာ အတော်လေး ဆော့ခဲ့ ကြကြောင်း။အခုအသက်လေး ရသွားတော့ ကလေးများလို ခြေလက်တွေ
မဆော့တော့ဘဲ…….မျက်လုံးများသာ ဆော့တော့ကြောင်း လမ်းပေါ်က ဖြတ်သွား ဖြတ်လာ မိန်းကလေးများကို
မျက်လုံး ဝေ့ရင်းပြောမိခဲ့ပါတယ်။

သူ့ အထင်

တစ်နေ့ တုန်းက ကျွန်တော် ဦးလေးတစ်ယောက်နှင့် လ္ဘက်ရည်ဆိုင်ထိုင်ရင်း…ဦးလေးက ကျွန်တော့်ကို မိန်းမ ပိုးနည်းသင်ပေးပါတယ်။သူက ပုံလေးတစ်ခုပြောပြတယ်။တစ်ခါတုန်းက လင်မယားနှစ်ယောက်က
ဈေးထဲ လျှောက်လည်ရင်း မိန်မဖြစ်သူက မိန်းမ၀တ် အနွေးထည်ခပ်လှလှတစ်ထည်ကို သဘောကျရော။
အင်္ကျီဈေးကလည်း ကောင်းနေတော့ ယောက်ျားလုပ်သူက စောင့်ပါအုံး နောက်လကျ ၀ယ်ပေးပါ့မယ်
လို့ ချွေးသိပ်သတဲ့။နောက်လ…..အဲ့မှာလည်း လိုတဲ့ငွေက မစေ့။နောက်လ နောက်လ နဲ့ သူတို့ လိုတဲ့ငွေကို
ငါးလ၊ခြောက်လ စုလိုက်ရတယ်တဲ့။လိုတဲ့ငွေလည်းရရော ယောက်ျားလုပ်သူက မိန်းမကိုခေါ်ပြီး အင်္ကျီဆိုင်လေးကို သွားရော။အင်္ကျီလေးက အရင်အတိုင်း။မိန်းမလုပ်သူက ဆိုင်ကို မေးတယ်။ဘယ်သူမှ ဒီအင်္ကျီလေးကို မ၀ယ်သွားသေးဘူးလား၊ဈေးမတတ်နိုင်ကြလို့ လားပေါ့။ဆိုင်ကလည်း ဘယ်သူမှ မ၀ယ်သေးဘူး။
ချုပ်ပုံကို သိပ်မကြိုက်ကြဘူးထင်ပါရဲ့လို့  အရိုးခံအတိုင်းပြန်ပြောတော့…..မိန်းမလုပ်သူက သူ့ ယောက်ျားကို
ပြောတယ်။သူလည်း အဲ့အင်္ကျီကို မယူတော့ဘူးတဲ့။ ဦးလေးကပြောတယ်။မှတ်ထား…မိန်းကလေးတွေက အပြိုင် လုယူရမှကြိုက်တာ။ဘယ်သူမှစိတ်မ၀င်စားဘူး ဆိုရင် သူတို့ လည်းစိတ်မ၀င်စားတော့ဘူး။ ဘယ်တော့မဆို
ကိုယ့်ကို မိန်းကလေးတွေက မကြည်ကြောင်း မပြောနဲ့ ။ရည်းစားတွေ က ဘယ်မြို့မှာဘယ်လောက်။
ဘယ်မှာဘယ်လောက်။ဘယ်မြို့က ရည်းစားတွေဆို အိမ်လိုက်ပါမယ် ဇွတ်လုပ်နေတာ….အစရှိသဖြင့် ပြောပေမှ
သူတို့ ကစိတ်ဝင်စားတယ် လို့ ဆိုဘဲ။ဦးလေး ပေးတဲ့သင်ခန်းစာပါ။နို့တဲ့ သူလည်း အခုထိ အသက်(၅၀) နားကပ် လူပျိုကြီးပါ။

No comments:

javascript:void(0); Save Template