မှန်ကန်ထဲကငါးတွေ
----------------
ငါးတွေရဲ့ စကားသံကို ခင်ဗျား ကြားသလား။
မှန်ကန်ရဲ့တစ်ဖက်ကနေ
စကားလုံးတွေနဲ့ ပြစ်ပေါက်နေကြတယ်။
အရေးတကြီး
သူတို့ တစ်တွေရဲ့ခံစာရချက်တွေကို
သူတို့ တွေရဲ့မွန်းကြပ် ပိတ်လှောင်မှု့တွေကို
``ငါတို့ဟာ သက်ရှိ ဖြစ်တယ် ငါတို့မှာ လွတ်လပ်ခွင့်ရှိတယ်။
ငါတို့ဘ၀ကို ငါတို့စိတ်ကြိုက် ကူးခတ်ခွင့်ရှိတယ်´´
နာကြည်းမှု့ ပလုံစီတွေ တလှိမ့်လှိမ့်
အောက်စီဂျင် မ၀ရေစာနဲ့
ကန့်သတ်ချုပ်ချယ်မှု့နယ်ပယ်
သူတို့ခင်ဗျားကို တတွတ်တွတ် တောင်းဆိုနေကြတယ်
ခင်ဗျားကတော့ ကိုယ်အယူအဆနဲ့ကိုယ်
ကိုယ်အတ္တကို ချော့မြူဖို့
ခင်ဗျားတစ်ကိုယ်စာကျေနပ်ဖို့
အပွင့်အတွတ်နဲ့ အပင်ကို နှုတ်ခဲ့တယ်
ငါးတွေရဲ့ စကားသံကို ခင်ဗျားကြားသလား
မှန်ကန်ထဲမှာ မမှန်မကန် ထည့်ထားခံထားရတဲ့ ငါးတွေပေါ့
အမှန်တရားဟာ အင်အားကို အရှုံးပေးလိုက်ရတယ်။
သူရိန်ငယ်
24-12-05
သူ့ သဘောထား
---------------
အတော် ကိုအကျိုးပြုခဲ့ပါတယ်....
လောကကြီးနဲ့ စင်္ကြာဝဋ္ဌာကြီးရယ်
ရောက်ရှိကြောင်း လက်မှတ်ထိုးထားတယ်တဲ့....။
တစ်နပ်တစ်နပ်စားတဲ့ ပေါ်ဆန်းမွှေးဆန်ကိုစားရင်း
ရသတဏှာ အပေါ်အခါခါ ဆန်းစစ် ရင်း
လူ့ ဘ၀ စားစရာတော့ရှိမှလို့ တွေးမိတယ်တဲ့။
အနောက်တိုင်းက အကောင်းစားဆိုတာတွေကို ၀တ်ထားတဲ့
သူ့ ခနာမှာ ပြည်တွင်းဖြစ်ကိုအားပေးတဲ့ဟာတစ်ခုမှမရှိတဲ့အတွတ်
မျက်ရည်ကျ မိသတဲ့။
သူ့ တစ်ကိုယ်လုံးမှာ ၀တ်ထားတဲ့ ဟာတွေကို
လူတွေတန်ဖိုးထားနေတာ ဘာလို့ တုန်းလို့ 
ရံဖန်ရံခါ ဖာသာအထင်ကြီးမိတယ်တဲ့။
မာစီးဒီ စီးရင်း.... ခြေလျှင် နဲ့ Bus သမားတွေကပိုပြီး
ကျန်းမာ မှာဘဲလို့ တွေးပြီး ၀မ်းနည်းသတဲ့။
မတတ်သာလို့ လေလည်မိတဲ့အခါတွေမှာ..
ငတ်နေတဲ့ခွေးတွေ..အာသာပြေစေဖို့ တဲ့။
ကမာကြီးမြေသြဇာအလို့ ငှာ အိမ်သာထိုင်ပေးရတဲ့အခါများမှာလည်း
သူအတွေးက နိဗာန်နပစယော ဟောတု...တဲ့။
ကိုင်ထားတဲ့ အလုပ်တစ်ခုကလည်း
မသက်မသာ အလကားမနေတတ်လွန်းလို့ ပါတဲ့။
သူ့ အကြောင်း အကောင်မပြောတဲ့လူတွေကိုလည်း
လူ့ ဘ၀ မနေတတ် အနေ ခတ်တတ်တယ်တဲ့။
သူ့ ရဲ့ကြီးမြတ်မှု့တွေအတွတ်လောကကြီးကိုတိုင်တည်ပါသတဲ့။
ခပ်လှမ်းလှမ်းက ပန်း
--------------------
ရွေးမြဲရွေးမိခဲ့တဲ့ငါ အလွန်းနေတာလား။
လည်လွန်းနေတာလား။
တစ်ခုလိုချင်ရင်တစ်ခုပေးရတယ်တဲ့။
လိုချင်ခဲ့တာတွေကို ရက်စွဲတွေက လုံးခြေပြီးလွှင့်ပစ်တယ်။
ပေးဖို့လက်တွေက စွံ့ အကျန်ခဲ့လေရဲ့။
အပြင်းအထန်ဆိုတာကို
အသက်အရွယ်က ကြေညက်အောင်စားသောက်ပြစ်ပြီ။
ပေးသောလက်နဲ့ ယူသောလက်ကို
စွပ်ပြုပ်လုပ်သောက်ပါတဲ့။
ဘောလုံးနဲ့ကစားသမား ဘယ်သူက အမှန်တကယ် ကစားနေတာလဲ။
ကိုယ်ကချည် ကစားလို့မရနိုင်တာသိပါတယ်။
ဒါပေတဲ့အမြဲတမ်း သူများကစားတာကိုတော့မခံနိုင်ဘူး။
စုထားမိတဲ့ချောကလက်တွေ ခွေးကျွေးပြစ်မယ်သိလား။
အို....လောကကြီးရယ်
ငါဖို့မနက်ဖြန်တိုင်းမှာ
သေဆုံးခြင်းကို မှတ်မှတ်ရရ ထည့်ပေးပါ။
ခံစားချက်ဆိုတာကို ကိုယ်တိုင်ချက်ပြုတ်ရတာ မသက်သာလှပါဘူးဗျာ။
အချဉ်ထုပ်နဲ့လဲစားခွင့်ပြုပါ။
ဘယ်လိုဘဲဖြစ်ဖြစ်ပါ
ခံယူချက်သံစဉ်တွေကိုတော့ သေဆုံးခွင့်မပေးနိုင်ဘူး။
အတုမဲ့ ဓါးတစ်လက်ရယ်၊ ကခုန်နေတဲ့ ဗုံတစ်လုံးရယ်ဆို
ငါ့ဖို့ထပ်တောင်းဆိုစရာမရှိတော့ပါဘူး။
ငှက်ပျော
-----------
သူ့ အလိုလိုပေါက်တဲ့အပင်
သူ့ အကြောင်းတော့ကြားဖူးပါရဲ့ ။
ချိုအီမွှေးတဲ့သူ့ အသီး
ငါမမြည်းဖူးတာ ငါအသိပါ။
သူ့ အသားကိုထစ်ထစ်ခုတ်
ဟင်းခါးလုပ်သောက်တော့
မုန့် ဖတ်နဲ့ ရောမှ
တာသွား အစာခံတာငါအသိပါ။
သူ့ အရွက်ကို
ကောက်ညှင်းထည့်ပြီးထုတ်
ခပ်ပေါပေါရောင်ခဲ့တဲ့ လမ်းဘေးဈေး
အရှုံအမြတ်မတွတ်ခဲ့တာ ငါအသိပါ။
အသီးမသီတဲ့ငါ့အပင်
စိတ်တိုတိုနဲ့  တစ်ခါခုတ်
အမြစ်မပြုတ်တဲ့ပြင်
ထပ်ပွားနှစ်ပင်မြေမရှိတော့တာ ငါအသိပါ။
သူ့ ကိုမြေလှန်
လက်ကျန်မြေကိုရောင်းဖို့ အရေး
ငါ့ဆံပင်ပယ်ချ၊သင်္ကန်းတစ်စနဲ့ 
ဗုဒ္ဓအတွေးခပ်ရေးရေးသိဖို့ လိုတာငါအသိပါ။
ဖွင့်ဟချက်များ
--------------
ချစ်ခြင်းတရားတဲ့....
ပြန်တွေးကြည့်မိတော့ ခေါက်ရိုးမရှိခဲ့ရပါဘူး။
ရှိထားလိုက် ပျောက်သွားလိုက်။
သိမ်းထားလိုက် ခိုးသွားလိုက်။
ကြယ်တွေက ပေါ်တစ်ခါပျောက်တစ်လှည့်။
နေနဲ့ လကို သရုပ်ခွဲရင်း ငါက ကျားနာတစ်ကောင် ဖြစ်ခဲ့တယ်။
ငါ မကုတ်ဖဲ့ ခဲ့ရပါဘဲ မင့်မှာ က ပဲ့တစ်ခါ ပြည့်တစ်လှည့်။
ဘယ်လို ဘဲဖြစ်ဖြစ် မင့်ကိုအပြစ်မတင်ပါဘူး။
အရင် ဒါဏ်ရာတွေ ကျက်တဲ့တစ်နေ့  ပြန်ပြည့်လာမှာပါ။
လပြည့် ညတွေဆို ငါရင်ခုန်တယ်။
မင့်မရှိတဲ့ညတွေ မှာ ကြယ်တွေနဲ့ ကစားခဲ့တာ ငါဝန်ခံပါတယ်။
မင့်ကတော့ ဘယ်လိုပြေးပြေး မလွတ်နိုင်တဲ့ ညတစ်ခုရဲ့ လရိပ်ပါ။
ချစ်သူရယ်....ငါလေ ပြေးရင်း ဆွဲအားမဲ့တစ်နေရာမှာ လွတ်နေတယ်။
မင့်မလိုက်နိုင်ဖို့  ငါ နေပူပူမှာဘဲ အိပ်တော့မယ်။
မိုးရာသီမှာ မိုးပေါက်တွေနဲ့ ကစားမယ်။
ဆောင်တွင်းမှာ နှင်းပေါက်တွေကို ရေနွေးကြိုသောက်မှာပေါ့။
နွေရာသီဆိုရင်တော့ ယပ်တောင်တစ်ချောင်နဲ့ နေမယ်။
နေပူရင် ယပ်ခပ်နေပြီး စိတ်ညစ်လာရင် ခေါင်းနောက် ထိုးထားမယ်။
ချစ်သူရယ် မင့်က ငါ့ကို ထားရာနေ စေရာသွား ဖို့ ခွေးတစ်ကောင်လုပ်ခဲ့တယ်။
အခု ငါ လက်တည့်စမ်းချင်တဲ့ မျောက်တစ်ကောင်ဖြစ်သွားပြီ။
တစ်စစီ ခံစားချက်များ
--------------------
တစ်ခါတုန်းက ကြားချင်ခဲ့တဲ့ သတင်းတွေ
မြင်ချင်ခဲ့တဲ့ မြင်ကွင်းတွေ
ဖြစ်စေချင်ခဲ့တဲ့ အတွေးတွေ
ငါ...............အခုတော့
ကြာတတ်တဲ့ နားတွေကို ပိတ်ထားချင်တယ်။
ကြားခြင်း ဆိုတာကို ကြောက်နေလေရဲ့။
မြင်နေရတာကို ငြီးငွေ့ နေပြီ။
ရင်ခုန်ရတဲ့ ကိစ္စတွေ ဆိုတာကို
အခါခါ ဆန်းစစ်ဖို့ ဘဲ အားသန်တော့တယ်။
အတွေးဆိုတာတွေကို မီးမြိုက်
ခပ်မဆိတ် နေရတာကိုဘဲ သဘောကျလာ ခဲ့ပြီ။
လူတွေ နှင့် ငြီးငွေ့ ခြင်း ဆိုတာကို လူတွေပြောပြောနေတဲ့
လောကဆိုတာကြီးက အသက်နဲ့ အမျှ တွဲပြနေတယ်။
မိုးအုံ့ နေတဲ့ အညိုရောင်ထဲမှာ ငါ့လွတ်လပ်မှု့ တို့  ရဲရင့်နေလေရဲ့ ။
အလိုလို ရောက်လာမဲ့ တစ်နေ့ ဆိုတာကို ကြိုးနဲ့ ချည်ထားနိုင်ရင်....။
ကြိုမသိခြင်းဆိုတာ ...သဘာဝတရားရဲ့ လက်ဆောင်ပါ။
အရမ်းလှတဲ့အပြုံးတစ်ခု....ရှုံ့ မဲ့သွားတဲ့အခါ
အရမ်းလှတဲ့ မင့်တစ်ယောက် အလိုလို အကျည်းတန်ချိန်။
ဝင်းဝါနေတယ်လို့ ငါ အမြဲတွေးခဲ့တဲ့ မင့်မျက်နှာ အဆီပြန်တဲ့ အချိန်။
လေးစားမှု့ နဲ့ တုန်ရီမှု့  ငါတစ်ကိုယ်တည်း
ခြောက်ကပ်ကပ် ရယ်သွေး မိတယ်။
ရွဲ့ နေတဲ့ အတည့်တွေကို မြင်တတ်လာခဲ့။
တည့်နေတယ် ဆိုတာ တလွဲတွေ များဖြစ်နေမလား။
အဆုံးမှာ ကွန်ပျူတာများလို message box ပေးလို့ ရမလား။
Do you want to save the changes to ``your life´´?
လို့ မေးခဲ့မယ်ဆို ရင်
default မှာ No လို့ ဘဲပြောလို့ ရခဲ့ရင်။
တောင်းပန်ပါရဲ့ .....သူမောနေပြီ။
နောက်ထပ် မကျီစားပါနဲ့ ။
ကလိထိုးရင် ယားတတ်တာ သဘာဝပါ။
မင့်ကို မြင်ရင် သူကြောက်တတ်နေပါပြီ။
ယောင်ရမ်းပြီး........ထ ကမှ မင့်ပျော်မှာဆို ရင်
ကလိတော့မထိုးပါနဲ့ ....ကပြပါ့ မယ်...။
တောင်းပန်ပါရဲ့  ...မင့်ကြောင့် နှလုံးသားမှာ
သွေးထွက်သံယို မှု့တွေများခဲ့ပြီ။-
စနစ်တကျ ဖရိုဖရဲဖြစ်သွားခြင်း
------------------------------
ဟိုးတုန်းထဲကသိခဲ့ပါတယ်။
ဒါပေတဲ့အမှတ်တမဲ့ဘဲ။
ဖြစ်တည်ခြင်းနှင့် ပျက်စီးခြင်းသင်ခန်းစာတွေအတွတ်
အချိန်တွေက ဖရိုဖရဲ ၀တ်ကောင်းစားလှတွေနဲ့
ငါ့ဆီရောက်လာတယ်။
စူးစမ်းခြင်းနဲ့ရှာဖွေခြင်းဆိုတာတွေကို လုံးခြေပြီးလွှင့်ပြစ်တယ်။
ခပ်တည်တည်နဲ့ဖီးလိမ်းထားတဲ့ ငါ့စိတ်တွေက
ဘယ်ဘက်လား ညာဘက်လား။
ကိုယ့်ဘာသာကိုယ် ရှုပ်ဖွနေမိတဲ့အခါလဲရှိနေတတ်ပြန်ရော။
တိုက်ဆိုင်လာတဲ့ သီချင်းတွေမှာကျ
ခွေခွေလေးမှိန်းနေတတ်ပြီး
အဖြစ်ဟောင်းတွေကို အစဉ်လိုက်ဝါးမြုံ့နေရင်း ကျေနပ်နေသလိုဘဲ။
အရာတွေက သူ့အလိုလို ဖြစ်တည်တယ်လို့
ရံဖန်ရံခါတွေးတတ်ပေမယ့်
သူ့အလိုလိုပျက်သုန်းခြင်းအတွတ်ကျ
တစ်ပတ်လောက် ဗိုက်အောင့်နေတတ်ပြန်ရော။
လောကဆိုတာ သူ့အဖို့တော့လာကောပါလို့ ပြောပြောနေတတ်ပြီး
လ္ဘက်ရည်သောက်ရင်း ခပ်ပေါပေါစကားတွေကို တီးခတ်နေတတ်ပါရဲ့။
အနာဂါတ်ဆိုတာကိုကျ သူက ဇီဒန်းမဟုတ်သလို
ဘားသက်လည်းမဟုတ်တဲ့အတွတ်
ဘာမှ မပတ်သတ်ဘူးလို့ဆိုတတ်ပြန်တယ်။
Aug 24, 2007
ကျွန်တော်သတိထားမိသော ကဗျာ အချို့
Posted by
Phoe Lynn
at
12:18 AM
1 comments
Aug 15, 2007
တစ်နေ့ စာအလွဲများ
ကျွန်တော် သည်နေ့ ကံမကောင်းဘူးလို့ ပြောရမလား။ကံကောင်းတယ်လို့ ပြောရမလား မသိဘူး။လူအတော်များများနဲ့  စကားများခဲ့ရတယ်။အထူးသဖြင့် သက်ကြီးပိုင်းတွေ ပါ။ အဘွားကြီး တွေ ပေါ့ ။အဘိုးကြီးတွေကျတော့ ကျွန်တော်နဲ့ အားကြီးတည့်တာ သိလား။အားလုံးနီးပါးက အပျိုကြီး ၊လူပျို ကြီးတွေပါ။လူပျိုကြီးတွေက အားကြီးပေါင်းလို့ ကောင်းတယ်။နို့ တဲ့ အပျိုကြီးတွေ ကျ ပြောင်းပြန်။သူတို့ က ဆရာကြီးတွေ ...။ဘယ်သူ့ တွေ့ တွေ့ ဆရာလုပ်လိုက်ရမှ ကျေနပ်တာ။ပြောတာခေါင်ညိတ်။ပြန်မပြောနဲ့ ။ အဲ.....မဟုတ်ရင်တော့ တွယ်ပြီ သာ အောင့်မေ့ပေရော့။ကျွန်တော် အရင်တုန်းကတော့ သူတို့ ကျေနပ်ပါစေတော့ လို့ နေပါတယ်။
သည်နေ့ တော့ကျွန်တော်လည်း စိတ်ညစ်တာနဲ့ အကုန်လုံး ဘဲ့ ချည်ဘဲ ပြောပြစ်တာပေါ့။ဘယ်ရမလဲ ကျွန်တော်လည်း စိတ်နဲ့ ဘဲ။
တစ်ယောက်က ဘာသာရေး အင်မတန် လုပ်တဲ့ အသက်၆၀ ကျော် အပျိုကြီး တစ်ယောက်။ သူက ကျွန်တော့်ကို စပြောတယ်။ ဒီနေ့ ခေတ် ကလေးတွေ အင်မတန် ဘာသာရေးအသိနည်းတဲ့အကြောင်း၊ တရားပွဲဆို မလာချင်ဘူး။အရက်သောက်မယ်ဖဲရိုက်မယ် ဆို ရင်တော့လာခဲ့။လက်ဖက်ရည် ဆိုင်တွေဆို လည်း ကောင်လေးတွေနဲ့ ပြည့်လို့ ။ဘာတွေများ ပြောနေကြလဲ မသိဘူးတဲ့။ယောက်ျား တွေတန်မဲ့ အတင်းတွေ လည်းအားကြီးပြော နဲ့  ဘာနဲ့  ပြောတော့ ကျွန်တော့် ကို ထိလာပြီ။ကျွန်တော်က လက်ဖက်ရည်ဆိုင် အားကြီးကြိုက်တာဗျ။ကျွန်တော် ပြန်တွယ်ပါတယ်။ကျွန်တော်လက်ဖက်ရည်ဆိုင်ထိုင်တာ ကလေးတွေ နဲ့ ထိုင်တာက များကြောင်း၊သူတို့ တွေနဲ့ များသောအားဖြင့် ဘာသာရေး ဆွေးနွေးဖြစ် ကြောင်း စသည်ဖြင့် စလိုက်တာပေါ့။ အဲ့မှာ ကျွန်တော် အကွက်ဆင်ပြီးသွားပြီ။ သူကိုဆက်ပြောတယ်။ယနေ့ ကလေးတွေက အတော်လေး အားရစရာကောင်းကြောင်း။အတော်လေး စဉ်းစားတတ်ကြကြောင်း။သူတို့ ရဲ့ ဘာသာရေးလေ့လာပုံက အတော်လေး နှစ်နှစ်ကာကာရှိလှကြောင်းပေါ့ ။သူ ကျွန်တော့်ကို မျက်လုံးပြူးကြည့်ပါတယ်။ကျွန်တော့် အကွက်ဝင်ပါပြီ။ကျွန်တော်စပြီ။ကလေးတွေ က ရှေးလူကြီးများလို မိရိုးဖလာ ဘာသာရေးမဟုတ်ကြောင်း၊သူတို့ က အားလုံးကို ဆန်းစစ် လေ့လာပြီး မှ သက်ဝင်ကြကြောင်းနဲ့ သူများက ဦးချလို့ ရောယောင်ပြီး ဦးချမှာ မဟုတ်တော့ကြောင်း။အို စုံလို့ ပေါ့။အဲ့မှာ သူက ကျွန်တော့်ကို ကလေးတွေနဲ့ ဘာတွေ များပြောကြတုန်းတဲ့.....ခနဲ့ တဲ့လေသံနဲ့ ပါ။
ကျွန်တော်ကလည်း ပြန်ပြောတာပေါ့။ဘာသာရေး တွေထဲက စုံလို့ ပါ၊သူတို့ မေးတာတွေက အချို့ က မဂ်လမ်ပေါက်သွားပြီဆို ပြီးတော့``သမီးနေ၊သမီးနေ၊ အမေက အပါယ်တံခါးပိတ်ပြီးသား.....သမီးမလုပ်နဲ့ ။အဲ့ပိုးဟပ်တွေကို အမေ ဘဲ သတ်လိုက်မယ်´´
ဆိုတာကို ကျွန်တော့်ကို ဘယ်လို မြင်လဲတဲ့ လို့ ပေါ့။အဲ့မှာသူ တုန်သွားရော။သူ့ ကိုယ်သူလည်း အပယ်တံခါးပိတ်ပြီလို့  ထင်နေတာကို။
ဘာရယ် ဘယ်လို တွေဖြစ်ကုန်ရော။ကျွန်တော်ဆက်ပြောပါတယ်။ကောင်းတာလုပ်မှ ကောင်းတာရမယ် ဆို တာ ဘာလို့ အကုန်မမှန်
တာတုန်း လို့ ကလေးတစ်ယောက်က ပြောတာကို ပြောတော့ သူကပြောတယ် အရင်ဘ၀ တွေ ရဲ့ အကျိုးဆက် မကုန်သေးလို့ ပေါ့ တဲ့။အဲ့မှာ ကလေးတွေက ကျွန်တော့်ကို ပြောပြတယ်ဆိုပြီး မိစ္ဆာဒိဠိ တွေအကြောင်း ပြောတော့တာပေါ့။သူကလည်း အကြောင်းအကျိုး
ဆက်စပ်ပုံတွေ ပြောတော့တာပေါ့။ကျွန်တော်က ဆက်ပြောတယ်။အဲ့မှာ (၁၂၊၂၊၁၉၆၀)တုန်းက မိုးကုတ်ဆရာတော်ဘုရားကြီး ဟောခဲ့တဲ့ ကံသင်္ခါရတရားသည် အနိစ္စဖြစ်ပုံ တရားအကြောင်း ဆက်ပြောတာပေါ့။အကြောင်မဲ့သော အကျိုးတို့ သည် ရံဖန်ရံခါဖြစ်တတ်ပါ၏ ဆို တဲ့ ကလေးတစ်ယောက်က ပြောတာကို မှတ်မိလိုက်လို့ ပါ။သူဆက်မပြောတော့ဘဲ ငြိမ်သွားတယ်။ပြန်တော့တောင် မသိချင်ယောင်ဆောင်
နေလေရဲ့။ကျွန်တော်မမှားဘူးလို့ တော့ ထင်တာဘဲ။စိတ်တော့ မကြည်တော့ဘူးပေါ့။
နောက်တစ်ယောက် က ၇၀ လောက်အဘွားကြီး။ကျွန်တော်ကို တရားနာပါတဲ့။ကျွန်တော်မှာ တရားမရှိတဲ့အတွတ်ကြောင့် မအေးချမ်းဘူးတဲ့။ကျွန်တော့်ကို တိုက်ရိုက် ချိုးတာ သိလား။ကျွန်တော် သူ့ စကားကို ကြားတော့ပို မအေးချမ်းတော့ဘူး။ ကျွန်တော်ပြန်တွယ် ရမှာပေါ့။ ကျွန်တော့် အသက်အရွယ် က တရားနာရမယ့် အရွယ်မဟုတ်တော့ဘူးပေါ့။သိပြီးတာတွေကို ဆန်းစစ်ရမယ်၊အားထုတ်ရတော့မယ်။အချို့ လူတွေက တော့ လူမှန်းသိတဲ့ အချိန်ကစပြီးတရားနာ၊အရွယ်ရောက်တော့လည်းနာ၊ အိုသွားတဲ့အထိလည်းနာ။နာဘဲနာနိုင်လွန်းတယ်။ကြားဖူးပြီးသားတွေကိုဘဲ ထပ်တလဲလဲ အပြန်ပြန် နာပြီး တကယ်တမ်းကျ တော့ ဘာမှ မသိ၊မရသွားကြဘဲ....``ဟောရင်း ဟောရင်း ဟောသောဘုန်းကြီးသာ လျှာပြတ် ၍ ပျံလွန်တော် မူလတ္တံ ထိုသူများက စိုးစိမျှ တရား ရဟန်မပြ ´´....လို့ တွယ်လိုက်တယ်။ပြီးသူ့ ကို ကျွန်တော် မကြိုက်တဲ့ ဘုန်းကြီးပွဲတွေမှာ ပြောနေ ကျ စကားတစ်ခွန်းပြောလိုက်တယ်။ ``ချောက်ကမ်းပါးများဖြင့်အတိပြီးသော ဤ လောကကြီးဝယ် မျက်မမြင်တစ်ဦးက အခြားမျက်မမြင်များအား လမ်းပြနေသည်မှာ အဘယ်မျှ ရယ်ဖွယ်ကောင်းပါသနည်း´´လို့  ...။သူ ဆက်မပြောတော့ဘူး။နားတော့ အေးသွားတာပေါ့နော်။
အဲ့မှာတင် ပြီးလားဆိုတော့ မပြီးသေးဘူးဗျာ ။သည်နေ့ ကွင်းဆက်လိုက်ကို ဖြစ်တာ သိလား။လာပြန်ပါရော ....အန်တီကြီးတစ်ယောက်၊ကျွန်တော့်ကို ဆေးလိပ်သောက်လို့ တဲ့.....။ဥာဏ်ရှိပါတဲ့။ကျွန်တော့်ကို လူပိန်းတဲ့။ပြီးဆုံးမတာကို နားထောင်မှကြိုက်သတဲ့ဗျာ။ကျွန်တော် မြင်တာတော့ သူ လည်းဆွမ်းကြီး ၀င်လောင်းလိုက်တာဘဲ။လူရှုပ်တုန်း ခေါင်းပုတ်သွားတာဗျ။အချောင် သာဓုခေါ်တာသိလား။ကျွန်တော်တော့လေ လမ်းကြုံ လို့  ၀င်တီးသွားတာကို ဆုံးမတယ်၊ဆုံးမတယ်လို့  သုံးသုံးသွားတာလောက် မုန်းတာမရှိဘူးသိလား။လူတစ်ယောက်နဲ့ တစ်ယောက်ဘယ်လိုလုပ် အကြိုက်တူမှာ လဲနော်.... တစ်ယောက်ကိုတစ်ယောက် လက်ညိုးထိုး နေရင် အားလုံးက ပြောစရာတော့ရှိမှာဘဲ ဗျနော်။ကျွန်တော်လေ ဒေါသထွက်တာပေါ့။
ပြန်စဉ်းစားပါတယ်။ကျွန်တော် သည်နေ့ မောပါပြီ။ဟုတ်ကဲ့မှတ်ထားပါ ပေါ့။ နောက်နေ့ မှ တွေ့ တာပေါ့လို့  ပြောပြီးပြန်ခဲ့ပါတယ်။
မနက်ဖြန်ကျ ကျွန်တော့် ဘဘတွေနဲ့ သွားမှာပါ။တွေ့ ကြအုံးမှာပေါ့ ။
ပြောလိုက်ရတော့ ပေါ့သွားတယ်။ကျွန်တော် မှန်လား၊မှားလားတော့ မသိဘူးနော်။ ၁၅၊၈၊၂၀၀၇ ဗုဒ္ဓဟူးနေ့ 
(မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ ၏တရားခွေ မူရင်းများကို ၃၈လမ်းမှ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့တွင် လည်းကောင်း၊မိုးကုတ်ဌာနချုပ်တွင်လည်ကောင်း ရနိုင်ပါသည်။)
Posted by
Phoe Lynn
at
10:30 PM
3
comments
Aug 13, 2007
ပြောပြရအုံးမယ်၊
သိလား။ကျွန်တော်သည်နေ့လက်ဖက်ရည်ဆိုင်သွားထိုင်တော့သူငယ်ချင်းတွေ အများကြီးလည်း ရောက်နေတာ တွေ့ တယ်။ သူတို့လည်း ရောက်နေကြတယ်။ကျွန်တော်ကို သူ တို့ အပူတွေစုံလို့ ပြောလိုက်ကြတာ။တကယ်ကို စုံလို့ ။ အချို့ ကအိမ်ထောင်သည်။အချို့ကလူပျို။အိမ်ထောင်သည်ကတစ်မျိုး ညည်းသလို ...လူပျို ကလည်း မရိုးရအောင် ညည်းပြပါတယ်။ အမှန်ကတော့ ကျွန်တော်လည်း စိတ်ညစ်လို့အေးအေး လူလူ ပျော်ပျော်ပါးပါး နေချင်လို့ လက်ဖက်ရည်ဆိုင် ထိုင်ကာမှ ပိုဆိုးနေပါလားပေါ့။ကျွန်တော်သူ တို့ ပြောတာတွေ ကို နားထောင်ပေးတယ်။အိမ်ထောင်သည် သူငယ်ချင်းက ယူထားတာမှ သိပ်မကြာသေးဘူး။သူတို့ ခိုးပြေးတုန်းက ရန်ကုန်ကိုလာတာ။ကျွန်တော်လည်းရှိတယ်။သူတို့ကပျော်လို့။ကျွန်တော်တို့က အိပ်စရာရှာ...နေရာမရှိ ရင် နေ့ ခင်းဘက် အပြင်မှာ အချိန်ကုန်။သိလား။အဲ့တုန်းက ကျွန်တော့် ကို အဒေါ် က အားကျလားတဲ့။တကယ်လို့  ကျွန်တော် မင်္ဂလာဆောင်ရင် သူ ဆွဲပြီးသာ ထဲက နှင်းဆီပွင့် ပန်းချီ လက်ဆောင်ပေးမယ်တဲ့။ ကျွန်တော် ကြောက်ပါတယ် နှင်းဆီပွင့်ကို ။သူ က အမြင်လှပါတယ်။ အနံ စူးပါတယ်။အဲ လှလို များတော့  သူ ကို ထာဝရ ပိုင်ထားဖို့  ပန်ချီဆွဲပြီး ယူထားမယ် လို့ များ သွားစိတ်မကူးလေနဲ့ ။သူ့ မှာက အချို့ မမြင် ရတာတွေရှိသေးတယ်။တကယ်ကို ပရိယာယ်များတယ် သိလား။လက်တွေ့ ဆွဲ ဖူးမှသိမယ်။ဟိုထဲ ၀င်သွားသလို ....သည်ထဲ ၀င်သွားသလို ...။ပွင့်ဖတ်တွေက တကယ်ကို ပရိယာယ် ကြွယ်ပါတယ်။ကျွန်တော် မိန်းမခိုးလာတဲ့ သူငယ်ချင်းကို အဲ့ဒါ ပြောပြတယ်။သူက အဲ့လို ပြောတော့သိပ်ကြိုက်တာ မဟုတ်ဘူး။
သည်နေ့ တွေ့ တော့ နောက်တစ်ခါ ပြန်ပြောတယ်။ သူ မမှတ်မိဘူး။ထားပါ။လူပျိုတွေကလည်း ညည်းလိုက်တာ။ သူတို့ အလုပ်တွေ....နဲ့ ရည်းစားတွေ အကြောင်း။ကျွန်တော် ပုံပြင်တစ်ပုဒ် ပြောဖြစ်တယ်။
တစ်ခါတုန်းကပေါ့ လို့ စ လိုက်တာပေါ့ ။ ဘုန်းကြီးတစ်ပါး နှင့် သီလရှင်တစ်ပါး နှင့် ဖိုးသူတော်တစ်ယောက် ကစိတ်ညစ်လို့သေချင်တယ်ဆိုပြီးလှည်းလမ်းမှာတန်စီပြီးအိပ်နေရောတဲ့။စပါးတင်လှည်းတစ်စီးလာတော့.....ဘုန်းကြီး၊သီလရှင် နဲ့ဖိုးသူတော်တို့ က သူ့ ကို အရင် ကြိတ်ပြီးအရင်ဆုံးသတ်ပေးပါ ...လို့ နေရာလု နေကြရောတဲ့။ လှည်းသမားက လည်း ဘယ်သူ့ ကို ဦးစားပေးရမယ် မသိတော့ ။ဘာလို့ သေချင်တာတုန်း မေးတယ်တဲ့။ သူ တို့ က သောကတွေ ၊ အပူတွေ ....များလွန်းလို့ ပါပေါ့။ဖိုးသူတော်က သူ့ အပူတွေကို ပြောတာပေါ့ ။အဲ့မှာ သီလရှင် နှင့်ဘုန်းကြီး ကလည်းပြောတာပေါ့။သူ ဟာနဲ့ သူတော့ဟုတ်နေ တာဘဲ ။ဘယ် သူ့ ကို ဦးစားပေး ရမယ် မသိတော့ လှည်းသမားက လက်တွေ့ စမ်းမယ်ဆို ပြီး အားလုံးကိုပြောသတဲ့။အားလုံးက အစမ်းခံဖို့ အသင့်ပေါ့ ။လှည်းသမားက ...စပါးတစ်ဆုပ်ကို ယူပြီး ဖိုးသူတော် ဗိုက်ပေါ်တင် ပြီး ပထမ စမ်းတယ်တဲ့။စပါးတွေက တဖျောက်ဖျောက် နဲ့ အခွံ့ တွေ ကျွတ်ကုန်ရောတဲ့။ ဟုတ်ပါပြီ ...ဖိုးသူတော် ပူတာမှန်တယ်ပေါ့ ။နောက် သီလရှင် ....။သူ့ လည်း ပူတာဘဲ။သူ အလှည့် မှာ ပေါက်ပေါက်တွေ ဖြစ်ကုန် သတဲ့ ။ သူလည်း ပူတာပါဘဲ။ဘုန်းကြီးအလှည့် .....ဘုန်းကြီးဗိုက်ပေါ်ကျ စပါးတွေက ရေကရာ ကိုဖြစ်ရောတဲ့။
ကျွန်တော် ပြောဖြစ်တယ်။စမ်းကြည့်လို့ ရရင် ငါ့ ဆီကို စပါးတွေ ပို့ လိုက်ပါ ကရေကရာ စားရတာပေါ့ လို့ .....။သူတို့ ရယ်ပြီး ပြန်သွားလေရဲ့ ။တကယ်ပါ။ကျွန်တော် တစ်ခါတစ်လေ အတော်လေး စိတ်ဆိုး စိတ်ညစ်ပါတယ်။တွေ့ မှ ပြောရအုံးမယ်။
ကရေကရာ နှစ်ပွဲရတာပေါ့ နော်။
Posted by
Phoe Lynn
at
9:49 PM
0
comments
မှတ်ထားတာလေးတွေပါ
ကျွန်တော်တို့ အနေနှင့် မိမိဖာသာ ဗုဒ္ခဘာသာဟုအမည်ခံပြီး အရင်းခံကို ကျွန်တော်တို့  မသိကြပါ။
မိစ္ဆာဒိဠိ၊မိစ္ဆာဒိဠိဟု အဖန်တစ်ရာကြေအောင် ပြောနေကြသော်လည်း ထိထိမိမိ မသိကြပါ။ကျွန်တော်တို့ သိသင့်သည် ထင်ပါသည်။ကျွန်တော် တစ်နေရာမှ မှတ်ထားသည်တို့ ကိုမှတ်မိသလောက် စုစည်း ဖော်ပြပေးပါမည်။မိစ္ဆာဒိဠိ ၆၂ မျိုး ရှိရာ....ပုဗ္ဗန္တာနု ဒိဠိ( ၁၈ )မျိုး နှင့် အပရန္တာနု ဒိဠိ (၄၄ )မျိုး ရှိပါသည်။
မစ္ဆာ=လွဲသော၊မှားသော
ဒိဠိ=အယူ
ပုဗ္ဖန္တာနု ဒိဠိ ( ၁၈ )မျိုး (ရှေးအဖို့ အယူ)
သဿတ ဒိဠိ (တည်မြဲ အယူလေးမျိုး)
အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏။ မြုံ့ ၏။တောင်ထွတ်ကဲ့သို့ တည်၏။မြဲသောတံခါး
တိုင်ကဲ့သို့ တည်၏။သတ္တ၀ါတို့ သာလျှင် တစ်ဘ၀မှ တစ်ဘ၀သို့  ပြေးသွားကုန်၏။ ကျင်လည်းကုန်၏။သေကုန်
၏။ဖြစ်ပေါ်ကုန်၏။အတ္တနှင့် လောကသည် မြဲသော အရာတို့ နှင့် တူစွာ အမြဲ ရှိနေသည် သာတည်း။ ဟုသိ၏။
ပဌမ၀ါဒ====ဘ၀နှင့် ပြန်မြင် ၍ အထက်ပါအတိုင်းတွေးတော၏။
ဒုတိယ၀ါဒ====ကဒ်နှင့် ပြန်မြင် ၍ အထက်ပါအတိုင်းတွေးတော၏။
တတိယ၀ါဒ====ဆယ်ခုသောကဒ် နှင့် ပြန်မြင်၍ အထက်ပါအတိုင်းတွေးတော၏။
စတုတ္တ၀ါဒ==== တွေးတောကြံဆ၍ ပြော၏။
ဧကစ္စသဿတ ဒိဠိ (အချို့ တည်မြဲ အယူလေးမျိုး)
ပဌမ၀ါဒ==== ဗြဟ္မာဘ၀မှ ဆင်းသက်၍ ထိုဘ၀ကိုပြန်မြင်သူ။
ဗြဟ္မာ သည်မြဲ၏။ဖန်ဆင်း၏၊ဗြဟ္မာ ဖန်ဆင်းသော ငါတို့ သည် မမြဲ။ဖောက်ပြန်၏။ပျက်စီး၏။
ဒုတိယ၀ါဒ====အပျော်ကြောင့်ပျက်သောနတ်မှလူပြန်ဖြစ်သူ။
အပျော်မှ ဆင်ခြင်သောနတ်တွေ မြဲကုန်၏ ဟု ယူ၏။
တတိယ၀ါဒ====ဒေါသကြောင့်ပျက်သောနတ်မှ လူပြန်ဖြစ်သူ။
ဒေါသစိတ်ကင်းသော နတ်တွေမြဲကုန်၏ ဟုယူ၏။
စတုတ္တ၀ါဒ ====ကြံစည် စူးစမ်း၍ပြော၏။
ရုပ်သည်ဖြစ်ခြင်း ရှိ၍ မမြဲ ၊ မနော ၊၀ိညာဉ် ဟုဆိုအပ်သော (နာမ်) အတ္တ သည်မြဲသော
အရာတို့ နှင့် တူစွာ မြဲနေလတ္တံ ဟု ယူ၏။
အန္တာနန္တဒိဠိ အဆုံးရှိ ၊အဆုံးမရှိ အယူ လေးမျိုး (ဈာန်ဖြင့်ကြည့်၍)
ပဌမ၀ါဒ====လောကသည်အဆုံးရှိဧ။် ဟုယူ၏။
ဒုတိယ၀ါဒ====လောကသည် အဆုံးမရှိဟု ယူ၏။
တတိယ၀ါဒ====လောကသည် အဆုံးရှိသည်လည်းဟုတ်၊ အဆုံးမရှိသည်လည်း ဟုတ် ဟုယူ၏။
စတုတ္တ၀ါဒ====စူးစမ်၍ အဆုံးရှိ ဟုတ်၊အဆုံးမရှိ ဟုတ် ဟုပြော၏။
အမရာဝိက္ခေပ၀ါဒ (အဆုံးမရှိ လွှင့်ပစ်သောအယူလေးမျိုး)
ပဌမ၀ါဒ====မမှန်ပြောခြင်းကို ကြောက်သောကြောင့် ဤ ကား ကုသိုလ်၊ ဤကားအကုသိုလ် ဟုမဖြေ။
ဒုတိယ၀ါဒ====စွဲလမ်းခြင်းကို ကြောက်သောကြောင့် ဤ ကား ကုသိုလ်၊ ဤကားအကုသိုလ် ဟုမဖြေ။
တတိယ၀ါဒ====စစ်မေးခြင်းကို ကြောက်သောကြောင့် ဤ ကား ကုသိုလ်၊ ဤကားအကုသိုလ် ဟု မဖြေ။
စတုတ္တ၀ါဒ====ပညာနုံ့ သောကြောင့် ၊အလွန်တွေဝေသောကြောင့် လွှင့်ပစ်သော စကားကို ဆို ၏။
အဓိစ္စသမုပန္န၀ါဒ (အကြောင်းမဲ့ အယူနှစ်မျိုး)
ပဌမ၀ါဒ====ဈာန်ဖြင့် ပဋိသန္ဓေသညာပေါ်ခြင်းကို သိဧ။်။ထိုထက်ပို မမြင်နိုင်။
``အတ္တသည်လည်းကောင်း ၊လောကသည်လည်းကောင်း၊ အကြောင်းမဲ့ဖြစ်ပေါ် ၏။
အဘယ်ကြောင့်ဆိုသော် ....ငါသည် ရှေးက မရှိခဲ့ ။ငါသည် မရှိဘဲလျက် ယခုထင်ရှားရှိလာဧ။်´´။ ဟုယူ၏။
ဒုတိယ၀ါဒ====တွေးတော၍....အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အကြောင်းမဲ့ဖြစ်၏
ဟုယူ၏။
အပရန္တာနု ဒိဠိ လေးဆယ့်လေးမျိုး(နောက်အဖို့ ကို စွဲ ၍ ယူသောမိစ္ဆာဒိဠိ)
ဥဒ္ဓမာဃာတနိက သညီဝါဒ (သေပြီးနောက် သညာရှိ အယူတစ်ဆယ့်ခြောက်မျိုး)
၁။အတ္တသည် ရုပ်ရှိ၏။သေပြီးနောက် ပျက်စီးခြင်းမရှိ၊သညာရှိ၏။
၂။အတ္တသည် ရုပ်မရှိ။သေပြီးနောက် ပျကစီးခြင်းမရှိ၊ သညာရှိ၏။
၃။အတ္တသည် ရုပ်ရှိလည်းဟုတ်၊ ရုပ်မရှိလည်း ဟုတ်၏။
၎။အတ္တသည် ရုပ်ရှိလည်းမဟုတ်၊ ရုပ်မရှိလည်း မဟုတ်။
၅။အတ္တသည် အဆုံးရှိ၏။
၆။အတ္တသည် အဆုံးမရှိ။
၇။အတ္တသည် အဆုံးရှိလည်း ဟုတ်၏။အဆုံးမရှိလည်းဟုတ်၏။
၈။အတ္တသည် အဆုံးရှိလည်း မဟုတ်။အဆုံးမရှိလည်းမဟုတ်။
၉။အတ္တသည် တစ်မျိုးတည်းသောသညာရှိ၏။
၁၀။အတ္တသည် အမျိုးမျိုးသော သညာရှိ၏။
၁၁။အတ္တသည် သေးငယ်သော သညာရှိ၏။
၁၂။အတ္တသည် ကြီးကျယ်သောသညာရှိ၏။
၁၃။အတ္တသည် စင်စစ်ချမ်းသာချည်ရှိ၏။
၁၄။အတ္တသည် စင်စစ် ဆင်းရဲ ချည် ရှိ၏။
၁၅။အတ္တသည် ချမ်းသာ၊ဆင်းရဲ ရှိ၏။
၁၆။အတ္တသည် ချမ်းသာ၊ဆင်းရဲမရှိ ၊သေပြီးနောက် ပျက်စီးခြင်းမရှိ ၊သညာရှိ၏။ ဟုယူ၏။
ဥဒ္ဓမာဃာတနိက အသညီဝါဒ (သေပြီးနောက် သညာမရှိ အယူရှစ်မျိုး)
၁။အတ္တသည် ရုပ်ရှိ၏။သေပြီးနောက် ပျက်စီးခြင်းမရှိ။သညာမရှိ။
၂။အတ္တသည် ရုပ်မရှိ။သေပြီးနောက် ပျက်စီးခြင်းမရှိ။သညာမရှိ။
၃။အတ္တသည် ရုပ်ရှိလည်းဟုတ်၏၊ရုပ်မရှိလည်းဟုတ်၏။သေပြီးနောက် ပျက်စီးခြင်းမရှိ။သညာမရှိ။
၎။အတ္တသည် ရုပ်ရှိလည်းမဟုတ်၊ရုပ်မရှိလည်းမဟုတ်။
၅။အတ္တသည် အဆုံးရှိ၏။
၆။အတ္တသည် အဆုံးမရှိ။
ရ။အတ္တသည် အဆုံးရှိ ဟုတ်၏။အဆုံးမရှိဟုတ်၏။
ဂ။အတ္တသည် အဆုံးရှိ မဟုတ်၊ အဆုံးမရှိ မဟုတ်။သေပြီး နောက်ပျက်စီးခြင်းမရှိ၊သညာမရှိ။
ဥဒ္ဓမာဃာတနိက နေ၀သညီ နာသညီဝါဒ(သေပြီးနောက် သညာရှိလည်းမဟုတ်၊မရှိလည်း မဟုတ်အယူရှစ်မျိုး)
၁။အတ္တသည် ရုပ်ရှိ၏။သေပြီးနောက် ပျက်စီးခြင်းမရှိ၊သညာရှိသည်လည်းမဟုတ်၊မရှိလည်းမဟုတ်ဟုပြ၏။
၂။အတ္တသည် ရုပ်မရှိ။
၃။အတ္တသည် ရုပ်ရှိလည်းဟုတ်၊မရှိလည်းဟုတ်၏။
၎။အတ္တသည် ရုပ်ရှိလည်းမဟုတ်၊ရုပ်မရှိလည်းမဟုတ်။
၅။အတ္တသည် အဆုံးရှိ၏။
၆။အတ္တသည် အဆုံးမရှိ။
၇။အတ္တသည် အဆုံးရှိလည်းဟုတ်၏။အဆုံးမရှိလည်းဟုတ်၏။
၈။အတ္တသည် အဆုံးရှိလည်းမဟုတ်၊အဆုံးမရှိလည်း မဟုတ်၊သေပြီးနောက်ပျက်စီးခြင်းမရှိ၊
သညာရှိလည်းမဟုတ်၊မရှိလည်းမဟုတ်။
ဥစ္ဆေဒ၀ါဒ(ပြတ်စဲအယူခုနှစ်မျိုး)
၁။သေပြီးသည်နောက်၌ မရှိ၊အချင်းမျှဖြင့်အတ္တသည် ပြတ်စဲ၏။
၂။ကမ၀စရ နတ်ပြည်၌ အခြားအတ္တရှိ၊ထိုအတ္တလည်းသေပြီးပျက်၏။
၃။ဗြဟ္မာပြည်၌ ဈာန်နှင့်ဖြစ်သော အတ္တထပ်ရှိ၊ထိုအတ္တလည်းသေပြီးပျက်၏။
၎။ထိုထက်ပိုမြင်ပြီး ထိုအတ္တလည်း သေပြီးပျက်၏ ဟုယူ၏။
၅။ထိုထက်ပိုမြင်ပြီး ထိုအတ္တလည်း သေပြီးပျက်၏ ဟုယူ၏။
၆။ထိုထိုထက်ပိုမြင်ပြီး ထိုအတ္တလည်း သေပြီးပျက်၏ ဟုယူ၏။
၇။ထိုထိုထို တို့ ထက်ပိုမြင်ပြီး ထိုအတ္တလည်း သေပြီးပျက်၏ ဟုယူ၏။
ဒိဌဓမ္မနိဗ္ဗာန၀ါဒ(မျက်မှောက်လောကီ နိဗ္ဗာန်အယူငါးမျိုး)
၁။အတ္တသည် ကာမဂုဏ်ငါးပါးနှင့်နေရလျှင် နိဗ္ဗာန်
၂။ပထမဈာန်နှင့်နေရလျှင် နိဗ္ဗာန်။
၃။ဒုတိယဈာန်နှင့်နေရလျှင် နိဗ္ဗာန်။
၎။တတိယဈာန်နှင့်နေရလျှင် နိဗ္ဗာန်။
၅။စတုတ္တဈာန်နှင့်နေရလျှင် နိဗ္ဗာန်။
ကျွန်တော်တို့ ဗုဒ္ဓ ၏ နောက်ဆုံးပန်းတိုင်မှာ နိဗ္ဗာန်ဖြစ်ပါသည်။အဲ.....နိဗ္ဗာန်ဆိုတာကိုကောကျွန်တော်တို့ ဘယ်လို ခံယူထားတာလဲ၊? အရေးကြီးပါတယ်။
မိစ္ဆာဒိဠိ ၊၀ီစိကိစ္ဆာ၊တဏှာ။ဆိုတာဘာတွေလဲ?။
မိစ္ဆာဒိဠိတွေကို သိမှ သမ္မာဒိဠိကို သိမှာပေါ့နော်။
မိစ္ဆာဒိဠိ တွေရှင်းမှ ထင်မှား ယုံမှား ၀ီစိကိစ္ဆာတွေက လွတ်မှာပေါ့ နော်။
အဲ့မှာမှ လိုချင်တပ်မက်မှု့ တဏှာက မနှိပ်စက်နိုင်တော့မှာပေါ့နော်။
ကျွန်တော်ကြားဖူးတာ ကံတွေနောက်မှာ ကုသိုလ်၊အကုသိုလ် တွေ မလိုက်တော့ဘူးတဲ့။
မျက်စိဖြင့် အဆင်းရူပါရုံ ကို မြင်သော်(ယောင်္ကျား၊မိန်းမ)စသော နမိတ်ကိုမှတ်ယူလေ့မရှိ၊(လက်ခြေ၊စသော
အင်္ဂါ၊ပြုံးရယ်ဟန်၊စသော အမူအရာ)အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊အကယ်၍ စက္ခုအနြေကို မစောင့်စည်း
ဘဲနေလျင် ယင်းအကြောင်းကြောင့်၊ မက်မောခြင်း၊`အဘိဇ္ဇျာ´ ၊နှလုံးမသာခြင်း`ဒေါမနဿ`ဟူသော ယုတ်မာသော အကုသိုလ် မကောင်းမှု့တို့ သည် ထိုမစောင့်စည်းသူအားလိုက်၍ နှိပ်စက်ကုန်ရာ၏။
စောင့်စည်းခြင်းနှင့်ပြည့်စုံ သူသည် မိမိသန္တာန်၌ ကိလေသာနှင့် မရောသောချမ်းသာကို ခံစားရ၏။
လောက၌မက်မောခြင်း အဘိဇ္ဖျာကို ပယ်၍နေ၏။အဘိဇ္ဇျာမှစိတ်ကိုစင်ကြယ်စေ၏။ပျက်စီးစေလိုသော ဒေါသ ကိုပယ်၏။လေးလံထိုင်းမှိုင်းခြင်း ´ထိနမိဒ္ဓ ´မှကင်းစေ၏။ပျံ့ လွင့်ခြင်း ´ဥဒ္ဒစ္စ´ ၊နောင်တတဖန် ပူပန်ခြင်း
´ကုက္ကုစ္စ´ မှ စိတ်ကို စင်ကြယ်စေ၏။ ယုံမှာခြင်း´ ၀ီစိကိစ္ဆာ ´ကိုလွန်မြောက်သည် ဖြစ်၍ ကုသိုလ်တရား တို့  ၌သို့ လော သို့ လော မရှိ နေ ၏။
ကြားဖူးနားဝပါ။ကုသိုလ်အလို့  ငှာ ဝေငှလိုက်ပါတယ်။ ဖိုးလင်း
Posted by
Phoe Lynn
at
12:58 AM
0
comments
ထိုထိုခဏဖြစ်ခဲ့လေသမျှ
တစ်ခါတုန်းက ကျွန်တော့်ကို လူတစ်ယောက်က ပြောဘူးတယ်။သူစာအုပ်တစ်အုပ်ထဲမှာ တွေ့ တာတဲ့။ရေးတဲ့လူက အနောက်တိုင်း က
ကျွန်တော်စဉ်းစားပါတယ်။ဟုတ်တော့ ဟုတ်ပါတယ်။ဗုဒ္ဓ က စွန့် လွတ်ဖို့ ပဲ ဟောခဲ့တာပါ။စုဖို့ ဆောင်းဖို့  ပြင်းပြင်ထန်ထန်အလုပ် လုပ်ဖို့ ဟောမရှိ။နိဗ္ဗာန် မှာ ငွေရှားသည့်အထင်နှင့် ယခု အချိန်ရတုန်း စုဆောင်းကြမှ တော်ပေမည်ဆိုလျင်တော့ မပြောတတ်ပါ။အချို့ သည် ယခုလှူ လျင် နောက်ဘ၀ကျ ပြန်ရသည် ဟု တထစ်ချ မှတ်၍ လှူခြင်းနှင့် အတိုးပေးခြင်းရောယှက် ပြုလုပ်ကြ၏။
မြင်မိတာလေးတွေပါ။ထင်မိတာလေးတွေပါ။
Posted by
Phoe Lynn
at
12:05 AM
0
comments