
တစ်ခါတုန်းက ကျွန်တော့်ကို လူတစ်ယောက်က ပြောဘူးတယ်။သူစာအုပ်တစ်အုပ်ထဲမှာ တွေ့ တာတဲ့။ရေးတဲ့လူက အနောက်တိုင်း က လူတစ်ယောက် လို့ ဘဲ မှတ်မိတော့တယ်။စာရေးသူက ဘာသာမဲ့တစ်ယောက်တဲ့။သူအနေနဲ့ ဘာသာရေးတွေကို လေ့လာတော့ဟိုဟာမကျေနပ်၊သည်ဟာမကျေနပ် နဲ့ ဖြစ်ရောတဲ့။သူ ဆက်လေ့ လာရင်းလေ့လာရင်းနဲ့ တစ်နေရာကနေ ....ဗုဒ္ဓ ပြောခဲ့တဲ့ ဟောခဲ့တဲ့တရားတွေကို တွေ့ ရောတဲ့။သူ ကျေနပ်တယ်ပေါ့ ။ဆက်လေ့ လာတယ်။ကျေနပ်တယ်။အဲ့ဒါနဲ့ ဗုဒ္ဓဘာသာထွန်းကားတဲ့ နေရာတွေမှာ သူ သိချင်တာတွေ ပို စုံစုံလင်လင် ရနိုင်တယ်လို့ တွေးပြီး...။ဗုဒ္ဓဘာသာနိုင်ငံတွေကို ခြေဆန့် ပြီး လေ့လာရေး ထွက်ခဲ့တယ်တဲ့။သူလို ချင်တာတွေ ရခဲ့တယ်တဲ့။ သူ့ နိုင်ငံ ပြန်ရောက်တော့ သူ တွေ့ ခဲ့တာတွေကို ပြန်ပြီး ရေးတာပေါ့ ။ ဗုဒ္ဓဘာသာနိုင်ငံတွေက ရာသီဥတုသာယာကြောင်း နဲ့ လူတွေက အလွန် အလုပ်လုပ်ကြကြောင်း၊အင်မတန်လည်း စိတ်ဓါတ် ပြင်းထန် ကြကြောင်း၊အတော်လေးလည်း စုကြ၊ဆောင်းကြကြောင်း။အလုပ်တစ်ခုအတွတ် အတော်လေး ကြိုးစားပြီးအပြိုင်အဆိုင် အလုပ်လုပ်ကြ ကြောင်းနဲ့ သူတို့ တွေ ဘာလို့ များ ကိုယ့် ကိုယ် ကို ဘာလို့ ဗုဒ္ဓဘာသာလို့ ပြောကြပြီး ဗုဒ္ဓကို ဘာလို့ ရှိခိုးနေကြပါ လိမ့်တဲ့။
ကျွန်တော်စဉ်းစားပါတယ်။ဟုတ်တော့ ဟုတ်ပါတယ်။ဗုဒ္ဓ က စွန့် လွတ်ဖို့ ပဲ ဟောခဲ့တာပါ။စုဖို့ ဆောင်းဖို့  ပြင်းပြင်ထန်ထန်အလုပ် လုပ်ဖို့ ဟောမရှိ။နိဗ္ဗာန် မှာ ငွေရှားသည့်အထင်နှင့် ယခု အချိန်ရတုန်း စုဆောင်းကြမှ တော်ပေမည်ဆိုလျင်တော့ မပြောတတ်ပါ။အချို့ သည် ယခုလှူ လျင် နောက်ဘ၀ကျ ပြန်ရသည် ဟု တထစ်ချ မှတ်၍ လှူခြင်းနှင့် အတိုးပေးခြင်းရောယှက် ပြုလုပ်ကြ၏။
မြင်မိတာလေးတွေပါ။ထင်မိတာလေးတွေပါ။
No comments:
Post a Comment