Dec 31, 2007

မှော်


ဟုတ်ကဲ့…ကျွန်တော်တစ်နေ့ က ကျွန်တော်တို့ ဒေသ က ရေနံထွက်တဲ့နေရာကို လေ့လာရေး
ခြေဆန့် ခဲ့ပါတယ်။
မှော်တဲ့။လူတွေကခေါ်ကြပါတယ်။မှော်ဆိုတော့ စုန်းကဝေ မှော်လား။ရစ်ဝေပြုစားတတ်တဲ့မှော်လား။ကျွန်တော်တော့မသိပါ။တစ်ညအိပ်ပြီးပြန်ခဲ့သည်။
လူတွေများလှချည်ရဲ့။ဒါတောင်အချို့ ပြန်ကုန်ကြသည်တဲ့။လူခြေအားဖြင့် ၃ သိန်းခန့် 
ရှိမည်ဟုခန့်  မှန်းရပါသည်။တတ်ကြွနေသူများ၊ စိတ်ဓါတ်ကျနေသူများ။သုံးဖြုန်းနေသူများ။ရှာဖွေနေသူများ။လူတွေ ပေါင်းစုံပါရဲ့။ငွေရှာနည်းကလည်းပေါင်းစုံလှဘိ။သြော်….မှော်တဲ့နော်။ရေနံလည်း တကယ်ထွက်ပါသည်။မြန်မာနိုင်ငံအနှံ့ မှလူတွေကလည်း စုံပါရဲ့။အချို့ လည်း ရေနံတူး။
အချို့ လည်းဈေးရောင်း။ကျွန်တော့်အစ်ကိုဝမ်းကွဲတစ်ယောက်လည်း အဲ့မှာရေနံတူးရင်း ဈေးရောင်းသည်။ကျွန်တော်လည်း သူ့ ဖိတ်ကြားချက်အရ သူ့ ဆီတည်း၊ သူကျွေးတာစား၊ သူလိုက်ပြသည်များကိုကြည့်ပြီးပြန်ခဲ့သည်။ဒေသပေါင်းစုံကလူတွေဆိုတော့ စရိုက်ပေါင်းစုံအောင်လည်း
တွေ့ ရပါသည်။မသမာမှု့တွေကလည်း အစုံ။ပါးပါးလှီးမယ် ဆိုတဲ့ကြားမှာ လူတွေရုန်းကန် နေကြပါရဲ့။ အစပိုင်းကတော့ ၀မ်းရောဂါ တစွန်းတစ ကြားရပြီး လူအချို့ သေသည်တဲ့။သဲ့သဲ့သာကြားရပြီး။နာရေးအသင်း စာရင်းပေါက်လေးယောက်ရှိရာမှ ရောဂါနှင့်တစ်ယောက်။ကျန်သုံးယောက်က လက်သည် မပေါ် အသတ်ခံရသည်။ ကောင်မလေးတွေ လည်း ၀မ်းစာရေးအတွတ် ကွမ်းယာ၊မုန့် ရောင်းကြ လေသည်။ ရင်လေးဖွယ်ရာ။ယောက်ျားသားတွေကြားထဲ တိုးဝှေ့ ရောင်း နေကြသည်။မကြာမကြာ အရှုပ်အယှက် သတင်းတွေလည်းကြားရသည်။အချို့ စာရင်းမရှိပျောက်နေကြသည်။ရေနံတူးလုပ်သားတစ်ယောက်သည် တစ်နေ့ လျင်ငွေ ၃၀၀၀ (သုံးထောင်)ကျော်မှ ၁၀၀၀၀(တစ်သောင်း)ကျော် ထိ ရကြသည်။အချို့ လည်း အလုပ်ပြတ်နှင့်ပေ ၂၀၀ ကို ငါးသိန်းယူပြီးလုပ်ကြသည်။အချို့ ဆို ပေ ၆၀၀ ထိမတွေ့ ကြ ။ထိုအခါမျိုးဆို မောပေပြီ။အစမှ အားလုံးတွတ်လျင် ပေ၆၀၀ ခန့် တွင် သိန်း ၄၀ ကျော်ကုန်ပေပြီ။အချို့ သူများ လည်း အိမ်ရောင်း ၀ိုင်းရောင်း ကားရောင်း ရင်း ရှိသမျှပစ္စည်း တွင်းထဲကျကုန်လေသည်။ပုံမှန်မရှိကြ။အချို့ 
ရေနံရသူများကျလည်း တစ်နေ့  ၄ ပီပါခန့် ရကြသည်တဲ့။ ရသမျှရေနံတွေကို ကုမ္ပဏီကို သွင်းရသည်။တစ်ပီပါလျင် ၉၀၀၀၀(ကိုးသောင်း)ရသည်လို့ လည်း သိရပါသည်။အချို့ ဆို လျှံတွင်းခေါ် ရေနံများ ပန်းထွက်နေသောတွင်းတွေရပါက ၁လနီးပါထိ ၁၅ ပီပါခန့် နေ့စဉ်ရကြသည်တဲ့။
ထိုလျှံတွင်းပေါ်လာလျင် ဘေးပတ်ချာလည်မှ လူများက လည်း သူ့ တွင်း အနက်ကို မှန်းခြေနှင့် လိုက်တော့၏။တွင်းကို တစောင်းဖောက်ပြီး ၀ိုင်းနှိုက်ကြပါသည်။ထိုတွင်းရှင်လည်း ရင်တထိတ်ထိတ်။ သိပ်မပျော်လိုက်ရ။ နောက်မျှယူကြရတော့၏။မြို့ထဲတွင်လည်း အစပိုင်း တွင် ရေနံ ရေနံ နှင့် စကားဝိုင်းတိုင်းတွင် ရေနံ ကြောင်းပြောကြရင်း….။အချို့ လည်း စိတ်ကုန်။အချို့လည်း ဆက်လိုက်။ ဘယ်သို့ 
ဖြစ်စေ မှော် ဆိုသည်အတိုင်း လူအတော်များများတော့ မိသွားကြပြီး အတော်များများ လည် မှော်ရုံတောမှာမောခဲ့ကြပြီ။ကျွန်တော်တို့ မြို့မှ မှော် သို့ နေစဉ် အချိန်မဆိုင်း လိုင်းကားရှိပြီး ပို့ ဆောင်ခ ၁၀၀၀ ယူသည်။ကားလိုင်းများကလည်း စုံလှသည်။ ဈေးသည်များလည်း အတော်လေး သွားကြသည်။မကုန်မရှိ ကြ။ ဈေးကိုလည်း ခေါက်ချိုးတင်ထားကြ ပြန်သည်။မုန့် တွေထဲတွင် အနည်းဆုံးမှာ ၁၀၀ တန်ဖြစ်သည်။ တည်းခိုခန်းခမှာ တစ်ညတည်းခို ခ ၄၀၀၀ ယူသည်။အခန်းသည် လူသုံးယောက်ခန့် သာအိပ်သာသည်။
အချို့ က ငါ့ရှန်တောင်။အချို့ က ငါးရှံတောင်။အချို့က ငါ့သျှန်တောင်။အချို့ က ငွေလျံတောင်။
(အင်တာနက်က မရတစ်ခါရတစ်ခါမို့ ရေးကြီးသုတ်ပျာ တင်လိုက်ရသည်။လူချင်းတွေမှဘဲ အားရပါးရပြောတော့မယ်) ပုံတွေကြည့်ချင်ရင် ) http://phoelynn.multiply.com/ မှာရှိတယ်။

Dec 17, 2007

သူတို့ ပြောသောတစေ့တစောင်း

ကျွန်တော့်မှာ ဦးလေး၊ဒေါ်လေးများစွာရှိပြီး…သူတို့ တွေက အပျိုကြီး၊လူပျိုကြီးတွေအများစု
ဖြစ်ကြပါသည်။လူပျိုကြီး အချိုကတော့ ၄၀ ကျော်မှ အိမ်ထောင်ကျကြ၏။အချို့က
သေသည်အထိ လူလွတ်တွေ။သူတို့ နှင့် စကားစမြည်းပြောဖြစ်တော့………….။

ရွေးချယ်လို့ ရလားဟင်
ကျွန်တော် တစ်နေ့ က အဒေါ်ကြီးတစ်ယောက်နှင့် စကားပြောဖြစ်တော့ သူက ပြောတယ်။
အိမ်ထောင်မှု့ ဘုရားတည် ကားဝယ် ဆေးမှင်ရည်စုတ်ထိုး ဤလေးမျိုးနောင်ပြင်ရန်ခတ်တဲ့မျိုးတဲ့။
ဘယ်နှယ့် ..သူ့ ကျမှ တစ်ခု ပိုသွားရသွားသနည်း။သူကပြောတယ်။ကားတစ်စီးဝယ်ရင် ပြစ်ချက်တွေကို
အကုန် သိထားမှ ၊ ပြောနိုင်မှတဲ့..။မဟုတ်ရင် ဈေးကြီးမိပြီး ကိုယ့် လက်ထဲကျမှ ပြင်လို့ မဆုံးတော့ဘူးတဲ့။
အဲ...ရောင်ဈေး ၀ယ်ဈေးတည့်ပြီဆိုတော့ အဲ့ကားက ပြန်ပြီးငွေရှာပေးသလားဆိုတော့ ရှာပေးပါရဲ့..
သူပြန်သုံးတော့လည်း သောက်သောက်လဲ ကုန်ပြန်ရောတဲ့ဗျာ.။အိမ်ထောင်ဖက်ရွေးလည်းအဲ့လိုဘဲတဲ့။
သူ့ အပြောနော်။
သူပြောတုန်းက နားထောင်နေရင် ကျွန်တော်စဉ်းစားမိတယ် သိလား။ကွန်ပျူတာတစ်လုံး ၀ယ်တာနှင့် နှိုင်းယှဉ်ပြီးတော့။ကျွန်တော် လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်လောက်တုန်းက ကွန်ပျူတာတစ်လုံး ၀ယ်လိုက်တယ်။
နောက်ဆုံးပေါ် ပေါ့ အဲ့အချိန်တုန်းက..။သိပ်မကြာလိုက်ပါဘူး...သူ့ ထက် မြန်တာတွေ ကောင်းတာတွေ၊
လှတာတွေကပေါ်လာပါရောလား။သူ့ ကိုပျက်လို့ ပြင်မယ်ဆိုတော့လည်း အပိုပစ္စည်းက အတော်ကို
လိုက်ရှာရတယ်။ဒါပေတဲ့ ကျွန်တော်တော့ ပြင်ပြင်ပြီးသုံးနေတာ...သူကအတော်လေး အကျိုး ပြုပါတယ်...ကျွန်တော်ကိုပါ။ပညာလည်း တိုးစေခဲ့ပါရဲ့။ Internet ဆိုတာကြီးနဲ့ လည်းမိတ်ဆက်
ပေးခဲ့တယ်လေ။သူ့ က ထိုက်သင့်သလောက်ငွေကြေးလည်းရှာပေးပါရဲ့။သူ့ ကို ထိုက်သင့်သလို Upgrade တော့လုပ်ပေးနိုင်မှပေါ့နော်။သူကလည်း Upgrade လုပ်ပေးလို့ ရနိုင်လောက်အောင်တော့ အဆင့်ရှိတယ်လေ။
Computer ကိုပြောတာပါ။အခုထိသူက ဧည့်ခန်းထဲမှာ ၀ံ့ဝံ့ကြွားကြွား နေရာယူပြီး ဧည့်ခံနေဆဲပါ။အခုစမ်းမယ်
ဆိုလည်း သူ က အသင့်ဆိုတဲ့အနေအထား။ကျွန်တော်ကလည်းသူ့ ကို တော့ ဂရုစိုက်ပါတယ်။ရည်းစားဦး
မြေးဦး ရတဲ့ထိ မမေ့ဘူးလို့ အချို့သူငယ်ချင်းများက စကြသည်။အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်း
ကိုတော့ မစွန့် ရက်ပါဘူးနော်။နောက်ဆုံးအနှစ်ချုပ်ကျ...ကွန်ပျူတာကလည်းအဆင့်ရှိရမယ်၊သုံးတဲ့သူကလည်း
သူ့ ကွန်ပျူတာကို ခေတ်မှီလာအောင် Upgrade လုပ်နိုင်တဲ့အရည်အချင်းရှိရမယ်။မဟုတ်လို့ နောက်ဆုံးပေါ်
ကွန်ပျူတာကြီးဝယ်ပြီး သုံးတဲ့သူက ဘာမှ မသိရင် အလကားပဲပေါ့...။သုံးတဲ့သူကတော့ တော်ပါတယ် ဒါပေတဲ့
Computer က Upgrade လုပ်လို့ ကို မရတော့ရင်လည်း ဘကြီးသား ...ကြိုက်သလောက်စွမ်း..မရဘူးနော်..။
အဲ့နေရာမှာ သူ့ အထွာနဲ့ သူတော့ရှိမှာပေါ့ ။ထင်တာဘဲလေ။ စာချုပ်နှင့် တစ်နှစ်အတွင်းပျက်လျှင် ပစ္စည်းအသစ်
နှင့် လက်ခ အပြီး စိတ်တိုင်းကျစေရမည်ဆိုတဲ့ ယောက်ခမ တွေများရှိရင် လက်တို့ ပါအုံး။(ရယ်စရာသာ)

ခံစားရခက်သော ဇတ်လမ်းတစ်ပုဒ်
တစ်နေ့ ကပေါ့..ကျွန်တော် လ္ဘက်ရည်ဆိုင်မှာထိုင်ရင်း ကောင်မလေးကို ကြည့်နေတုန်း
ဦးလေးတစ်ယောက် ရောက်လာပါတယ်။ကျွန်တော်ကလည်း ဦလေးကို အဲ့ကောင်မလေး
ဘယ်လိုချောကြောင်း…ဘယ်လောက် ကျက်သရေရှိကြောင်း …ရေပတ်မ၀င်အောင်
ပြောမိပါရဲ့။ဦးလေကတော့ ငြိမ်လို့ ….ပြုံးပြုံးလေးနဲ့ နားထောင်နေတယ်။ကျွန်တော်တို့ 
မိုးချုပ်ဘက်က သူ့ အချိန်နဲ့ သူမို့ ဆိုင်ပြောင်ထိုင်ရင်း..ဦလေးက မူးလာတော့ ကျွန်တော့်ကို
ပုံပြင်လိုလိုလေး တစ်ခုပြောတယ်။တစ်ခါတုန်းကပေါ့…ကောင်လေးတစ်ယောက်။အလုပ်ပြီးအလုပ်
လုပ်နေတဲ့ ကောင်လေးတစ်ယောက်..တစ်နေ့ အလုပ်နားတဲ့အချိန်မှာ ဘာရယ်မဟုတ်ဘဲ
ကြေငြာတစ်ခုကို ကြည့်မိရင်….ကြေငြာမင်းသမီးလေးကို မြင်တော့ အတော်လေး သဘောကျမိ
ရော။အဲ့လို နဲ့ ကြည့်ရင်းကြည့်ရင်း သူ့ မှာတစ်နေ့ သူ့ ရုပ်လေးတစ်ခါမှ မမြင်ရရင်မနေနိုင် ဖြစ်
လာတယ်။သူ့ အလုပ်အားရင် မင်းသမီးလေး ရုပ်ရှင်တွေ ကြည့်တတ်လာပြီ။မင်းသမီးလေးကို
အပြင်မှာ တွေ့ ချင်တယ်။အပြင်က ချောင်းကြည့်တယ်။သူ့ ရိုက်ကွင်းတွေကို လိုက်ကြည့်တတ်တဲ့ အနီးကပ်ပရိတ်သတ်ဖြစ်ဖို့ သူကြိုးစားတယ်။ကြားထဲမှာလည်း သူ့ က အမျိုးမျိုး နီးစပ်ဖို့ 
မင်းသမီးနဲ့ ခင်တဲ့လူတွေကို လိုက်ပေါင်း။နောက်ဆုံးတော့ သူ မင်းသမီးလေးနဲ့ အနီးကပ်စကား
ပြောခွင့်ရရော။သူမှာလည်း တစ်နေ့ တစ်နေ့ ဘယ်လို ကုန်တယ်မသိဘူးပေါ့။ကျလာတော့မယ့်သူ့ မွေးနေ့ ကျ မင်းသမီးလေးကို ဖိတ်ချင်တယ်။သူဘယ်လို စကားစရမှန်း မသိဘူး။ပြီးတော့မင်းသမီးလေးတစ်ယောက်ထဲကို အထူးဧည့်သည်အနေနဲ့ ဖိတ်ချင်တယ်။သူ ကကြားထဲမှာလည်း မင်းသမီးလေး သွားရေးလာရေး အဆင်ပြေဖို့ 
သူ့ ကားလေး ပေးထားတယ်တဲ့ ။ကားမောင်းတဲ့လူကိုလည်း မင်းသမီးလေးသွားလို ရာလိုက်ပို့ ပေးဖို့ ပြော
ထားပြီးသားပေါ့။ကားဆရာကနေတဆင့် သူ့ မွေးနေ့ မှာ မင်းသမီးလေး လာပေးဖို့ပြောခိုင်လိုက်တော့ …..မင်းသမီးလေးကလာမယ်တဲ့။သူ တအား ပျော်သွားပါတယ်။သူ့ မှာ တစ်နေ့ တစ်နေ့ နေ့ တွေ ဆိုတာကို
ကုန်သွားဖို့ ဘဲမျှောနေရော။သူ့ မွေးနေ့ ရောက်လာပါပြီ။သူ စွန့် စားပြီး ဘယ်သူမှ မဖိတ်ဘဲ မင်းသမီးလေးတစ်ယောက်ထဲကို ဖိတ်လိုက်တယ်။မင်းသမီလေးရောက်လာတော့ သူ တို့ နှစ်ယောက်ထဲစကား
ပြောမယ်ပေါ့။သူ့ အစီအစဉ်ထဲ မင်းသမီးလေး ရောက်လာပါတယ်။ သူ နဲ့နှစ်ယောက်ထဲပေါ့။သူ့ ရင်ထဲက
စကားတွေကို ပြောဖြစ်တယ်။အထစ်ထစ်အငေါ့ငေါ့…ချွေးပေါက်ကြီးငယ်တွေကျလို့ ။
မင်းသမီးလေးက စဉ်းစားပေးပါ့မယ် ဆို တဲ့အဖြေ ပေးလိုက်တယ်တဲ့။သူ့ မှာလည်း ညကျအိပ်
လို့ မရ။မနက်ကျ အလုပ်လုပ်လို့ မရ…အူမြူးနေရော။အလုပ်လုပ်လို့ မရတော့ သူ ကား
လျှောက်စီးမယ်စိတ်ကူးနဲ့  လျှောက်ထွက်တယ်တဲ့။တစ်လမ်းလုံးလည်း သူ့ မှာ ဂဏှာမငြိမ်။
အဲ့အဖြစ်ကို သတိထားမိတာ ကားဆရာ။ဖြစ်ရင်းကို မေးတော့ ကောင်လေးက အကြောင်းစုံ
ပြောတယ်။အဲ့မှာ ကားဆရာက အံသြတဲ့ ဟန် နဲ့ ဘယ်လို မင်းသမီးနဲ့ လို့ ပြောတော့…
ကောင်လေးက လက်မလေးထောင်ပြီး ဟုတ်ကြောင်း ခေါင်းငြိတ်သတဲ့။ကားဆရာက
ဆက်ပြောတယ်။ကျွန်တော်တော့ ဆရာက ကားမောင်းပေးပါ ဆိုလို့ မောင်းပေးနေကတည်း
က အိမ်ကိုပြန်အိပ်ရတယ် မရှိဘူး။မင်းသမီးအိမ်မှာဘဲ လိုက်အိပ်နေရတယ်တဲ့။ဦးလေးဘာကို
ဆိုလိုသည် ကျွန်တော်သိသပေါ့။ကျွန်တော်မမူးတော့။အိမ်ပြန်ရောက်တော့ အီလည်လည်ရယ်။
ဦးလေးဆိုတော့ ဒေါသထွက်ဖို့ လည်းအခက်ရယ်။ကျွန်တော့်မှာတော့လေ အတော်လေး…………….။
ဦးလေးက သူ ဖတ်ဖူး၊မှတ်ဖူး၊ကြုံတွေဖူးတာတွေကို လည်းကျွန်တော့်ကို အနီးကပ်သင်ပေးပါရဲ့။
အိမ်ထောင်ပြုခြင်းက အချစ်ရဲ့သင်္ချိင်းတဲ့။အချစ်ဆိုတာ လွတ်တဲ့ငါး ကြီးတာပါဆိုဘဲ။
စိတ်ကူးထဲက ရည်းစားကို စိတ်ကူးထဲမှာဘဲ ထာဝရ ရည်းစားလုပ်သွားပါတဲ့။
စိတ်ကူးထဲမှာတောင် အိမ်ထောင်မကျပါနဲ့ နော်တဲ့။ဦးလေးပြောတာတွေက အများကြီးပါ။
သူပြောခဲ့တဲ့ ပုံလေးတစ်ခုကိုမှတ်မိသေးတယ်။
တစ်ခါတုန်းက လူတစ်ယောက်က အမှုတစ်ခုနဲ့ ထောင်ကျခါနီး သူ့ ကို တရားသူကြီးကလာတွေ့ တယ်တဲ့။သူ့ အမှုက ထောင်ကျဖို့ သေချာနေပြီ။ဒါပေတဲ့ သူ လွတ်အောင်လုပ်ပေးလို့ 
ရကြောင်း။နောက်ကြောင်းတွေပြောတော့ သူ့ သမီးက အဲ့ကောင်လေး ကို အသဲအသန် ကြိုက်နေတဲ့
ကောင်မလေး။သူက ထောင်ကလွတ်အောင်လုပ်ပေးမယ်။နို့တဲ့ အပေးအယူတော့ ရှိရမယ်။
ကိစ္စအောင်မြင်ရင် သူ့ သမီးကို ယူရမယ်။ကောင်လေးက အံသြ သဘောကျ လက်ခံလိုက်ရော။
သူ တို့ အောင်မြင်သွားကြတယ်။ကောင်လေးလည်းထောင်မကျတော့ဘူး။
တရားသူကြီးသမီးလည်း သူကြိုက်တဲ့ ကောင်လေးကို ရရောပေါ့။အဲ့လိုနဲ့ နေလာခဲ့တာ…
နေလာခဲ့တာ…ကလေးတွေရ။အိမ်ထောင်သက် ကြာလာကြပြီး…တစ်နေ့ အိမ်ထောင်သည်ကောင်လေး
က အိမ်ရှေ့မှာ ငူငူလေးထိုင်နေတော့ သူ့ မိန်းမ (တရားသူကြီးသမီး)က ဘယ်သို့ ဖြစ်သနည်း။
နေများမကောင်းလော မေးတော့ သူကပြန်ပြောတယ်တဲ့ …``ငါသာထောင်ကျ ခံခဲ့ရင်ဒီနေ့ က ငါ့လွတ်ရက်´´
လို့ တဲ့နော်။အခုတော့ လွတ်ရက်မရှိတော့ဘူးတဲ့။နာမည်ပေးထားတာကို က အိမ်(ထောင်)လို့ ဘဲနော်။
ကျွန်တော်တော့ မထင်မိပါ။ကျွန်တော် နန္ဒာသိန်းဇံ ရေးသော ပြောရင်းပြောနေကြမည့် ချစ်ခြင်း
မေတ္တာ…လောမသိသော စာအုပ်ထဲက ချည်တိုင်ကိုပြန်သော နွားကြီးကို ပြေးမြင်မိပါသည်။
ပုံပြောကောင်းသော ဦးလေးသည် လူပျိုကြီး ဘ၀ နှင့် ၄၃ နှစ်တွင် မော်တော်ကား မှောက်ပြီး
ဆုံးပါးသွားခဲ့သည်။

ပန်ကန်ဆေးသူများ
တစ်ခါတုန်းက ကျွန်တော့် တူလေးတစ်ယောက်ရဲ့မွေးနေ့ ကို သွားပြီး ၀ိုင်းကူလုပ်ပေးတဲ့
နေရာတွေထဲမှာ ပန်းကန်ဆေးတဲ့နေရာကို စိတ်ဝင်စားမိတယ်။ဝင်ကူပြီးဆေးပေးတယ်။ပြီးတော့
စဉ်းစားတယ်။သိပ်မျှော်လင့်ချက်မရှိပေတဲ့ ယတြယာချေမိတဲ့သဘောများ ဖြစ်နေမလားလို့ ။
သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။သူက နယ်က ကျောင်းလာတတ်တာ။သူ ကျောင်းသွားခါနီးကျ
သူ့ ဆရာကို နှုတ်ဆက်ဖို့ အသွား။ဆရာက မေးတယ်တဲ့…မင့် ကောင်မလေးကို သည်အတိုင်း ထားခဲ့တော့မှာလား။ကောင်မလေးနဲ့ အခြေအနေကိုမေးတယ်။သူက ပြန်ပြောတယ်…..အဲ့ကောင်မလေးနဲ့ 
သူက ဘယ်မှမဟုတ်သေးတဲ့အကြောင်း။ပြီးကောင်မလေးက ရည်းစားပွေကြောင်း။ဘယ်သူနဲ့ တုန်းက
ဘယ်လို။ဘယ်သူနဲ့ တုန်းက ဘယ်လို။ပြောပြီးတော့ ကျွန်တော်က ရန်ကုန်ရောက်မှ တကယ်ကို
ရိုးရိုးအေးအေးလေး ကို ရည်းစားထားမှာလို့ ပြောခဲ့သည်တဲ့။ဆရာကတော့ ပြုံးပြီးနားထောင်နေရင်….
``အေးအေး…မင့်က ဒီပန်းကန်ကို ဘယ်သူစားထားတယ်ဆိုတာကို သိတော့ ဘယ်ဆေးချင်ပါ့မတုန်း။
ရန်ကုန်သွားပြီး ဘယ်သူ စားထားမှန်းမသိတဲ့ ပန်းကန်ကို သွားဆေးချေအုံးပေါ့´´…လို့  ပြောလိုက်သတဲ့။
သူက အဲ့တုန်းကတော့ အမှု့မဲ့ အမှတ်မဲ့ရယ်…နောက်တော့သူ….စဉ်းစားရင်း…စဉ်းစားရင်း။
ကျွန်တော်လည်း သူ့ ဆရာ့စကားကို စဉ်းစားရင်း…စဉ်းစားရင်း။

ယိမ်းကြည့်သူများ
နောက်ဦးလေးတစ်ယောက်က ပြောပြန်ရော…..။သူကတော့ ကျွန်တော့်ကို ဝေဖန်တဲ့သဘောပါ။
ကျွန်တော်က အခုထိရည်းစားတစ်ခါမျှမထားဘူး…။အိမ်ထောင်ပြုမယ်ဆိုတောင် စဉ်းစားဖို့ ဘယ်သူဘယ်ဝါ ကို မရှိ ဖြစ်နေတာကို ပါ။သူ ငယ်ငယ်တုန်းက ယိမ်းကြည်သလို ဖြစ်နေသတဲ့။သူယိမ်းကြည့်ရင် သည်တစ်ယောက်ကျ ကြည့်ပြီး နောက်တစ်ယောက်ကျ မကြည့်ရင်အားနာစရာကြီးဆိုပြီး အားလုံးကို မျှဝေပြီးကြည့်သတဲ့။ပွဲပြီးတော့
ဘယ်သူဘယ်ဝါကတော့ ပိုလှတယ်။ဘယ်သူ ကတော့ ပို စွဲဆောင်မှုရှိတယ် …မဝေဖန်တတ်တော့ဘူးတဲ့။
အခုတော့သူ က အိမ်ထောင်သည် ဖြစ်သွားပြီလေ။အသက်လေးဆယ်ကျော်မှ ယူလိုက်တာပါ။နို့တဲ့
သူငယ်ငယ်တုန်းက အကျင့်မပျောက်သေးတော့ သူ့ မိန်းမငယ်ငယ်လေးက ခဏခဏ မျက်စောင်းထိုးခံရသတဲ့။
ကြည့်စရှိတဲ့မျက်လုံး တွေက စိတ်မရှိပေတဲ့ ထိန်းဖို့ တော့ ခက်တယ်နော်။

ကစားကြသူများ
တစ်ခါတုန်းက ကျွန်တော်နှင့် ကျွန်တော့် အဒေါ်တို့ စကားစမြည်းပြောဖြစ်ကြပါတယ်။ရန်ကုန်မှာလွတ်လပ်ရေး
နေ့ ဆိုရင် ကလေးတွေက အင်မတန်ဆော့(ကစား)ကြလေသည်။လမ်းပေါ်မှာ အသံချဲ့စက်တွေနှင့် သူတို့ 
ညဉ်းကြီးနက်သည်အထိဆော့ကြသည်။ကျွန်တော်တို့ ဧရာဝတီတိုင်းနာမည်နှင့် လမ်းတွေမှာ ပိုသလားမသိပါ။
ကျွန်တော်တို့ က ပွဲကြည့်ပရိတ်သတ်ပေါ့။အဒေါ်ကပြောတယ်။ရန်ကုန်က ကလေးတွေ အတော်လေး
ဆော့ကြကြောင်း။သူတို့ ကစားနည်းတွေလည်း အတော်လေးစုံကြကြောင်း။ပြီးကျွန်တော်တို့ ကော နယ်မှာ
ကလေးဘ၀ အဲ့လောက် ဆော့ကြလားတဲ့။ကျွန်တော်ပြန်ဖြေပါတယ်။လူတွေက မျောက်ကဆင်းသက်သည်
ဆိုတဲ့ ဒါဝင် အယူမှန်ကြောင်း။လူကြီးလူငယ် မဟူဆော့ နေကြကြောင်း နှင့်ကျွန်တော်တို့ လည်း ငယ်စဉ်က
နယ်မှာ အတော်လေး ဆော့ခဲ့ ကြကြောင်း။အခုအသက်လေး ရသွားတော့ ကလေးများလို ခြေလက်တွေ
မဆော့တော့ဘဲ…….မျက်လုံးများသာ ဆော့တော့ကြောင်း လမ်းပေါ်က ဖြတ်သွား ဖြတ်လာ မိန်းကလေးများကို
မျက်လုံး ဝေ့ရင်းပြောမိခဲ့ပါတယ်။

သူ့ အထင်

တစ်နေ့ တုန်းက ကျွန်တော် ဦးလေးတစ်ယောက်နှင့် လ္ဘက်ရည်ဆိုင်ထိုင်ရင်း…ဦးလေးက ကျွန်တော့်ကို မိန်းမ ပိုးနည်းသင်ပေးပါတယ်။သူက ပုံလေးတစ်ခုပြောပြတယ်။တစ်ခါတုန်းက လင်မယားနှစ်ယောက်က
ဈေးထဲ လျှောက်လည်ရင်း မိန်မဖြစ်သူက မိန်းမ၀တ် အနွေးထည်ခပ်လှလှတစ်ထည်ကို သဘောကျရော။
အင်္ကျီဈေးကလည်း ကောင်းနေတော့ ယောက်ျားလုပ်သူက စောင့်ပါအုံး နောက်လကျ ၀ယ်ပေးပါ့မယ်
လို့ ချွေးသိပ်သတဲ့။နောက်လ…..အဲ့မှာလည်း လိုတဲ့ငွေက မစေ့။နောက်လ နောက်လ နဲ့ သူတို့ လိုတဲ့ငွေကို
ငါးလ၊ခြောက်လ စုလိုက်ရတယ်တဲ့။လိုတဲ့ငွေလည်းရရော ယောက်ျားလုပ်သူက မိန်းမကိုခေါ်ပြီး အင်္ကျီဆိုင်လေးကို သွားရော။အင်္ကျီလေးက အရင်အတိုင်း။မိန်းမလုပ်သူက ဆိုင်ကို မေးတယ်။ဘယ်သူမှ ဒီအင်္ကျီလေးကို မ၀ယ်သွားသေးဘူးလား၊ဈေးမတတ်နိုင်ကြလို့ လားပေါ့။ဆိုင်ကလည်း ဘယ်သူမှ မ၀ယ်သေးဘူး။
ချုပ်ပုံကို သိပ်မကြိုက်ကြဘူးထင်ပါရဲ့လို့  အရိုးခံအတိုင်းပြန်ပြောတော့…..မိန်းမလုပ်သူက သူ့ ယောက်ျားကို
ပြောတယ်။သူလည်း အဲ့အင်္ကျီကို မယူတော့ဘူးတဲ့။ ဦးလေးကပြောတယ်။မှတ်ထား…မိန်းကလေးတွေက အပြိုင် လုယူရမှကြိုက်တာ။ဘယ်သူမှစိတ်မ၀င်စားဘူး ဆိုရင် သူတို့ လည်းစိတ်မ၀င်စားတော့ဘူး။ ဘယ်တော့မဆို
ကိုယ့်ကို မိန်းကလေးတွေက မကြည်ကြောင်း မပြောနဲ့ ။ရည်းစားတွေ က ဘယ်မြို့မှာဘယ်လောက်။
ဘယ်မှာဘယ်လောက်။ဘယ်မြို့က ရည်းစားတွေဆို အိမ်လိုက်ပါမယ် ဇွတ်လုပ်နေတာ….အစရှိသဖြင့် ပြောပေမှ
သူတို့ ကစိတ်ဝင်စားတယ် လို့ ဆိုဘဲ။ဦးလေး ပေးတဲ့သင်ခန်းစာပါ။နို့တဲ့ သူလည်း အခုထိ အသက်(၅၀) နားကပ် လူပျိုကြီးပါ။

Dec 12, 2007

ကျွန်တော်တို့ မြို့


ကျွန်တော် ဒီနေ့  သူငယ်ချင်းတစ်ယောက်နဲ့ စကားစမြည်းပြောဖြစ်တော့…
သူ က ကျွန်တော်တို့ မြို့အကြောင်းပြောတယ်။ပြီးသူ့ ကဗျာလေးကို ပြတယ်။
ကျွန်တော်လည်း စဉ်းစားတယ်။မြို့လေးအကြောင်းကို…………။ကျွန်တော် လည်း
တစ်ခါတရံ မြို့လေးကို ရောက်တတ်တယ်လေ။သိပ်တော့သိလှသည်မဟုတ်ပေတဲ့….
အကောင်းတွေရှိသလို အဆိုးတွေလည်းရှိပါရဲ့။ငယ်တည်းက အဲ့မှာ ကြီးခဲ့ရတာဆိုတော့
သံယောဇဉ်လေးတော့ရှိတယ်လေ။ကျွန်တော်တို့ မြို့။ကျွန်တော်တို့ မြို့လေးက ထန်းပင်တွေ
ပေါတဲ့မြို့လေးတစ်မြို့။ထန်းလျက် အဓိက ထွက်တဲ့မြို့လေးပေါ့။အခြားထွက်ကုန်တွေ
အနေနဲ့တော့မကျီး၊ပွဲစားနှင့် ကားသမားတွေဘဲဖြစ်ကြပါသည်။ပဲနှင့် မိန်းမလှအနည်းငယ်လည်းထွက်သေး၏။
ရာသီဥတုသာယာ၏၊နွေမိုးဆောင်း ရာသီဥတုပြီပြင်လှ၏။နွေဆိုပူပြီး ဆောင်းဆိုအေးလေ၏။မိုးဆိုလျင် မိုးရွာသည်။ရံဖန်ရံခါ မှလွဲပြီးပေါ့။ကျွန်တော်တို့ မြို့လေး ကို အရှေ့ဘက်(မိထ္ထီလာဘက်မှ) ၀င်လာ သည်ဖြစ်လျင် ထန်းပင်များကိုစတင်တွေ့ ရမည်ဖြစ်ပြီး….ခပ်မို့ မို့ ကုန်းကမူလေးတွေ…မြောက်ဘက်မှ ပုပ္ပါးတောင်ကို ထင်ထင်ရှားရှားမြင်ရမှာဖြစ်ပါသည်။လမ်းတွင် ဘုန်းကြီးကျောင်းများ….။မြို့အနောက်ဘက် (ချောက်၊ဂွေးချို) ဘက်မှလာသည်ဖြစ်လျှင်..ခပ်အုပ်အုပ်ညောင်ပင်ကြီးတွေ…၊ရေကန်လေးတွေ…။ရွာပေါက်စလေးတွေ…ကျိုးတို့ ကျဲတဲ အိမ်လေးတွေ…။ကဲ…မြောက်ဘက်ကဆိုယင်ကော..မြင်းခြ၊ံပုပ္ပါးဘက်ကပေါ့… ခပ်ကျယ်ကျယ်
စိုက်ပျိုးရေးဝန်းတွေ..။ကုန်းတက်ကုန်းဆင်းတွေ….ပုပ္ပါးတောင်မကြီးကို ကျောပေးပြီး…မြို့ထဲကို ၀င်လာမှာပေါ့။အနောက်မြောက်ဘက်…ပုဂံညောင်ဦးဘက်ကလည်းလာလို့ ရတယ်လေ…။
အဲ့ဘက်လာရင်တော့….မြို့ထဲအ၀င်မှာထန်းပင်တွေ တန်းစီနေတာကိုတွေ့ ရမှာဖြစ်ပါတယ်။
လမ်းမှာလည်း ထန်းလျက်ရောင်းတဲ့ဆိုင်တွေ ကိုတွေ့ ရမယ်လေ။မြို့တောင်ဘက်မှာတော့ ကောင်းဒီတောင်
က ကပ်လျက်ရှိနေပါတယ်။တောင်ပေါ်မှာ စေတီလေး တစ်ဆူကိုဖူးတွေ့ ရမှာဖြစ်ပါသည်။
မြို့လေးရဲ့ တည်နေရာပြီးတော့  လူတွေ ကကော… အင်မတန်ဘာသာရေး ကိုင်းရှိုင်းကြပြီး
ဗုဒ္ဓဘာသာသန့် ရှင်း နယ်မြေအဖြစ် ဂုဏ်ယူကြ၏။အင်မတန်လည်း အလုပ်ကြိုးစားကြ၏။
စုကြဆောင်းကြ၏။မြို့လေးက ကြီးလာပေပြီ။ပြီးမြို့လေးမှာ လူတွေ….လူတွေ ပေါလာကြပေပြီ။
ခေတ်ဆိုသောအရာနှင့် အတူလိုက်နိုင်ဖို့ ကြိုးစားနေတဲ့မြို့။အပျော်ပွဲတွေကို အင်မတန်ကြိုက်တဲ့မြို့။
စီးပွားရေး အပြိုင်အဆိုင်ကြိုးစားနေတဲ့မြို့။လှူဖို့ တန်းဖို့ ကြိုးစားပြီးစုဆောင်းနေတဲ့မြို့။လ္ဘက်ရည်ဆိုင်တွေ
မှာ လူတွေများတဲ့မြို့။အရက်ဆိုင်တွေ ပေါတဲ့မြို့။လမ်းတွေမှာကတ္တရာအပေါက်တွေဗလပွနဲ့ မြို့။ဈေးမှာ
ပါတ်လမ်းမရှိတဲ့မြို့။မြင်းလှည်းတွေ လျှောက်နေတဲ့မြို့။ပျံကျဈေးမှာ ဘယ်တော့မှ ဈေးမဆစ်လို့ 
မရတဲ့မြို့။ထွေးညို မိတ်ကပ်လူး သလို ချက်အရက်ကို ဘီအီးရောရောင်းတဲ့မြို့။အရက်ကောင်းဆို
အစစ်ရခဲတဲ့ မြို့။ကားဘီးဘယ်လောက် လှိမ့်လိုက်ရင် ငွေဘယ်လောက်ရတယ်ဆို တာလောက် ကို
တွတ်စက်မကူဘဲအလွတ်ရတဲ့မြို့။ကုန်တင်ကားတွေပေါတဲ့မြို့။ယောက်ျားသားတွေ ရွေအ၀တ်များတဲ့
မြို့။အတန်းပညာရေးကို အားပေးတဲ့မြို့။အပွင့်တွေကို သွားရေကျတတ် ၊ အမိဖမ်းတတ်တဲ့မြို့။
စေတီတွေမှာ ညဘက် ပုတီးစိတ်တတ်တဲ့ မြို့။ဘိုးတော်အားကိုး နဲ့ ရေနံတူးဖို့ စီရင်နေတဲ့ မြို့။
ဂျစ်ကားတွေနဲ့ ဇိမ်ခံပြီး လျှောက်လည်တတ်တဲ့မြို့။နိုင်ငံခြားဆို မလေး နဲ့ စက`်ာပူ
ထည်လဲသုံး အခေါက်ခေါက်ပြောနေတဲ့မြို့။ရွာတွေမှာထန်းတတ်ဖို့ ယောက်ျားတွေ
မလေးရှားရောက်သွားလို့ အဓိကထွက်ကုန် စံချိန်ကျခါနီးမြို့။မုန့်ဟင်းခါးဆို အရည်ပျော်မှကြိုက်တဲ့
မြို့။မုန့်  ဟင်းခါးဆိုင်တွေ မှာညနေဘက် ဗိုက်စည်းဇိမ်ခံနေရရင်ကျေနပ်နေတတ်တဲ့မြို့။အလှူဆိုလျင်
အလှည့် ကြီး ထည့်ရမှကျေနပ်တတ်တဲ့မြို့။အခြောက်ကို မုန်းပေတဲ့ အခြောက်အက တော့ ကြိုက်တဲ့မြို့။
မကျည်းဈေးကို အသေအချာတွတ်ချက်တတ်မှ လူရာဝင်တဲ့မြို့။ဘောလုံးပွဲအကြောင်းကောင်းကောင်း
သိမှ စကားဆန့် တဲ့မြို့။ကာလသားတွေ ကွမ်း အစားများတဲ့မြို့။ကွမ်းယာကောင်းတဲ့မြို့။လ္ဘက်ရည်
(ကျောက်ပန်းတောင်း) ချိုပြစ် ကြိုက်တဲ့မြို့။ ရန်ကုန်-မန္တလေးလမ်းပေါ်ကမြို့။ပုဂံညောင်ဦးနားကမြို့။
ကားဂိတ်တွေပေါတဲ့မြို့။ ပုပ္ပါးတောင်နားက မြို့။အများစု ၀က်သားရှောင်တဲ့မြို့။ဝက်သားဒုတ်ထိုးဆိုင် ၅ ဆိုင်လောက်ဘဲ ဖျစ်ဖျစ်မြည်ရှိတဲ့မြို့။အားလူးကြော်ကောင်းတဲ့မြို့။ရေသန့် ဆိုတာမနေ့ တစ်နေ့ ကမှ တွေ့ 
ပေမယ့် သူမဟုတ်ရင် အဖတ်မလုပ်တော့တဲ့မြို့။တရားစခန်းတွေ ပေါတဲ့မြို့။ဘုန်းကြီးကျောင်းတွေ ပေါတဲ့မြို့။
လူတွေ က အင်မတန်ရိုးတဲ့မြို့။အ၀တ်အထည် တွေဆို အသစ်အဆန်းမှ ဈေးကြီးမှ ကြိုက်တဲ့မြို့။ငွေတွေ ပေါတဲ့မြို့။ဆိုင်ကယ်စီးရတာကို ၀ါသနာပါတဲ့မြို့။ မီးတစ်ရက်ခြားလာတဲ့မြို့။လမ်းမီးတွေ ကျို့တို့ ကျဲတဲမြို့။ စာအုပ်ဆိုင်ရှားတဲ့မြို့။ရေရှားတဲ့မြို့။ မိုးနည်းတဲ့မြို့။တဖြည်းဖြည်းမဟုတ် တမဟုတ်ချင်းကြီးပြင်းလာတဲ့မြို့။
သင်္ကြန်ဆို ရက်အဆစ် တောင်းချင်တဲ့မြို့။ကွန်ပျူတာကို စိတ်ဝင်စားစပြုနေတဲ့ မြို့။အင်တာနက်ဆိုတာကြီးကို မျက်မမြင်ပုဏ္ဏားတွေ ဆင်စမ်းသလို မှန်းစမ်း နေတဲ့မြို့။တယ်လီဖုန်း အ၀င်အထွက် ခတ်တဲ့မြို့။
ဘီဘီစီ၊ဗီအိုအေ၊အာအက်အေ ကြိုက်တဲ့မြို့။လူ့ ဘ၀မှာနိုင်ငံခြား ရောက်ဖူးမှ အဆင်ချောသလို တွတ်
တဲ့မြို့။ဗြိတိသျှလို နားမလည်ပေမယ့် ဗန်ဒိန်းကား ၊ဂျိန်းစပွန်းကားမှ ကြိုက်တဲ့မြို့။လူကဲခတ်ပြီး ဇတ်ကား
ကို နားလည်နေတဲ့မြို့။တရားတော်တွေကို ပါဠိလို နဲ့ ဗြိတိသျှလိုပြောမှ ကြိုက်တဲ့မြို့။
ရန်ကုန်၊မန္တလေးကို ရေအိုးရေမှုတ် သွားလာနေတဲ့မြို့။လူသေရင် သုဂတိရှင် ဆိုတဲ့ အသင်းက လိုက်ပို့ 
ပေးတဲ့မြို့။င်္သချိုင်း ၃ ခုရှိတဲ့မြို့။တစ်နေ့ ကို လူတစ်ယောက် အနည်းဆုံးသေနေတဲ့မြို့။သီတင်းကျွတ်ပြီးတာနဲ့  မင်္ဂလာဆောင်တွေ တန်းစီနေတဲ့မြို့။မင်္ဂလာဆောင်ခန်းမ တစ်ခုဘဲရှိတဲ့မြို့။ပလက်ဖောင်းပေါ်မှာ မော်တော်ဆိုင်ကယ်နဲ့ ဟွန်းတီးပြီး လမ်းလျှောက်တဲ့လူက ဖယ်ပေးရတဲ့မြို့။လမ်းတွေပေါ်မှာ
အဆင်သင့်သလို ကြည့်မောင်းရတဲ့ နားလည်မှု့မြို့။လမ်းဘေးမှာ ကိုက္ကိုပင်ကြီးတွေ ရှိတဲ့မြို့။
GTI ကျောင်းသူတွေ ချောတဲ့မြို့။ မြို့ခံမိန်းမလှတွေ အများစုက မိထ္ထီလာ ကျောင်းသွားတတ်ရင်း ကြင်ယာပါယူလာကြတဲ့မြို့။ ကားကွင်းမရှိတဲ့မြို့။ဆောင်းတွင်းဆို မတရားအေးတဲ့မြို့။မနက်ဆို
သာသနပါလခေါ်တဲ့ အသင်းက သံဃာတွေကို အာရုံဆွမ်းလောင်းတဲ့ အခါ တိုင်း ဘာသာရေးဆိုင်ရာ သီချင်းလေးတွေနဲ့ နွေးထွေးနေတဲ့မြို့။တရားပွဲတွေကို သာသနာ့ရက္ခိတ ခေါ်သာသနာတော် စောင့်ရှောက်ရေး အသင်းမှ ဦးစီး ပြီး ပြုလုပ်ပေးနေတဲ့မြို့။ကိုရီယားကား ကို မြို့လုံးကျွတ် မိန်းမသားတွေ ကြိုက်တဲ့မြို့။ ဇါတ်မင်းသားဖိုးချစ်ကို ကြိုက်တဲ့မြို့။အမျိုးသမီးများ တရားစခန်း၊တရားပွဲတွေ အသွားများတဲ့မြို့။သာရေးနာရေး လက်ညီတဲ့မြို့။ စည်းလုံးတဲ့မြို့။မီးရေးထင်းရေး ဆို ကူညီတတ်တဲ့မြို့။ကျောက်ပန်းတောင်းရောက်လျင် ဦးဖြူတဲမှ ထန်းရေကိုတော့ သတိရသည်။ခါချဉ်ထောင်းလေးနှင့်….ထန်ရေလိုက်ဖက်ပါဘိ။
ကျွန်တော့်သူငယ်ချင်းရဲ့ ကဗျာလေးပါ။

ကျောက်ပန်းတောင်း

ထန်းတောထဲက ပြေးထွက်လာတဲ့မြို့
နှုတ်ခမ်းနီ ပါးနီဆိုးထားတဲ့မြို့
ကမ္ဘာ့ ကွန်ယက်နဲ့ အနေဝေးဝေးကမြို့
ရာသီဥတုနဲ့ တသားတည်းကျတယ်။

ကျရည်စစ်စစ်မကြိုက်ပေမယ့်
ကျရည်ရောင်းဆိုင်တွေ ဟောတစ်ဆိုင်ဟောတစ်ဆိုင်
သားဖောက်အောင်မြင်တဲ့မြို့
ကွမ်းယာဆိုင်ဟာမြို့ရဲ့ အရေပြားရောဂါတစ်မျိုးဖြစ်တယ်။

နံနက်ချိန်ခါတေးသံသာကို မြို့လေးရဲ့ဆွမ်းလောင်းအသင်းကဖွင့်တယ်။
အခါရက်များဆို
မြို့လေးရဲ့ဈေးခမျာ ဖျစ်ဖျစ်မြည်လို့ 
သာရေးနာရေး ဘာသာရေးမှာ တတ်ညီလက်ညီရှိတယ်။

တဒိန်းဒိန်း တဒိုင်းဒိုင်းမြို့ဟာ
စက်ပြင်ဆရာရဲ့ လက်ဖြစ်တယ်။
အချိုလည်းကြိုက်တယ်။

ငါးရိုးတွေ ခေါင်းမှာညှပ်လို့ 
ဟန်ကြီး ပန်ကြီး လက်ပိုက်ကြီးနဲ့ 
ရင်ခွင်ထဲ ဘိလိယက်ခုံတွေ ထွေးပွေ့ ထားတဲ့မြို့
နှုတ်ခမ်းတသပ်သပ် ဗျစ်ရည်ဆိုင်က
အိပ်ရေးပျက်ပုံ စမုံစမွှားနဲ့ 
မမျှော်ရတဲ့ ဖောက်သည်အလာကို စောင့်တယ်။

အလိပ်အခေါက်များတဲ့မြို့
ဘက်ခမ်းရဲ့ ဖရီးကစ်ကိုသိပ်ကြိုက်တယ်တဲ့။

အနောက်မှာလေဘယ်လောက်ထန်ထန်
အိပ်ရေးမပျက်တဲ့မြို့ဟာ ဒီမြို့
ကမ္ဘာ့ ရွာကြီးဆိုတာ
ဘောလုံးသတင်းသာ အချိန်နှင့် အမျှမှန်ခြင်းလို့ 
လှေနံဓားထစ်သိထားတဲ့မြို့
မြို့လေးရဲ့ ယဉ်ကျေးမှု့က
လက်သွားရှိမှ လက်ပြန်ရှိခြင်းလို့ အဓိပ္ပါယ်ဖွင့်ထားတဲ့မြို့
ကြီးကောင်ဝင်စမြို့
သူ့ လက် ကိုင်ကိုဖွဖွလေးကိုင်ပြီး မောင်းထွက်သွားတယ်။

လူကိုချစ်တဲ့မြို့က လူကိုဖုန်နဲ့ နမ်းတယ်။
မြို့ကိုချစ်တဲ့ လူတွေက ဖုန်နဲ့ ဝေရာကို သွားတယ်။
ဒီလိုနဲ့ မြို့ဟာ ဖုန်ထူခဲ့တယ်။
မြို့လေးဟာနတ်တောင်ရင်းမှာမှေးမှီလို့ 
နို့ သက်ခံတယ်။

ဒီလိုနဲ့ တာယာဘီးတွေ ကြီးသထက်ကြီးလာတယ်။
ညညဆို
အလင်းရောင် ပါးကွက်ကြားကွက်ပြီး လမ်းသလားတယ်။
ဆိုင်ကယ်သံနဲ့ တည်ဆောက်ပြတယ်။
ဒီလို နဲ့ 
မြို့ဟာခေတ်ကို ခြေကလျှိုပြီးစကတ်တိုဝတ်ပြတယ်။

ဒေါက်ဖိနပ်စီးချင်တဲ့ မြို့ဟာ
စာသူငယ်ခဲမှန်ဖူးသလိုမျိုး
လမ်းကိုပဲ တသသကြည့်နေတယ်။

မောကြီး ပန်းကြီးမြို့
ညနေမှာ ဘ၀အမောတွေ ချိုင့်ထဲထည့်လို့ 
ချွေးစို့ စို့ အိပ်တန်းပျံတယ်။

ဒီလိုနဲ့ 
မြို့လေးဟာ သိပ်အရောင်တောက်ပြချင်နေတယ်။

ဒီလို နဲ့ 
မြို့လေးခမျာ သူ့ အလှကို အဖြူအစိမ်းဝတ်ပြီး
ခဲရာခဲဆစ် ဖန်တီးကြည့်နေတယ်။

ဒီလို နဲ့ 
မြို့လေးဟာ ရောင်နီလာအလှကို
တစ်ကိုယ်ရေ တစ်ကာယသမားတစ်ယောက်ရဲ့ လွတ်လပ်မှု့မျိုးနဲ့ 
စောင့်ကြည့်နေရရှာတယ်။

နေသွေးငယ်

Dec 6, 2007

မှိုစားကြသူများ

ကျွန်တော် အရင်တုန်းက ကျောင်းအားရက် တွေ နဲ့ တိုက်ဆိုင်လို့  ရေလှောင်တမံ စီမံကိန်း တစ်ခုကို အဖော်တစ်ယောက်နှင့် အလည်လိုက်သွားခဲ့ဖူးပါသည်။လေးငါးရက် အိပ်ပြီးပြန်လာခဲ့သည်။ရွာလေးတစ်ရွာမှတဆင့် ဆည်တည်ဆောက်ရေး သို့ ၂ မိုင်ခန့် တောလမ်းခရီးကို လမ်းလျှောက်ရသည်။တောထဲအတွတ် စားစရာ အစုံကို ရွာတွင်အပြီး ၀ယ်ယူကြရသည်။ရွာကို ပြန်ဝယ်ဖို့ ကမလွယ်ဘူးလေ။ကျွန်တော်တော့ဘာရယ်၊ညာရယ်ကောင်းကောင်းမသိ၊နားမလည် သော်လည်း မြန်မာပြည် ၏ ထုံးစံအတိုင်း
ခေါင်းလေး ညိတ်လိုက်၊လိုက်ပြသည်များကို အတွန့် တတ်လျှောက် မေးလိုက်။ အဲ့သည်မှ အင်ဂျင်နီယာများ ကတော့
ကျွန်တော်နှင့် အဖော်ကို အတော်လေးခင်ကြပါသည်။တောထဲတွင် လိုသည်မရှိ နီးရာတွင်မှ ခူးခပ်ချက်ပြုတ်ကျွေးကြသည်။ကျွန်တော်
တို့ လည်းတစ်နေ့ ….တောထဲကို လမ်းလျှောက်အထွက် မူးမူးနှင့် အပြန်ကျ ချက်ပြုတ်စားဖို့ လိုက်ရှာရင်း….မှိုတစ်ခင်းတွေ့ ကြသည်။
ခူးလိုက်တော့ ပုဆိုးတစ်ကွင်းစာ အပြည့်ရသည်။ညဘက်ကျ ကျွန်တော်တို့ ချက်ကြသည်။အင်ဂျင်နီယာများကတော့ သူတို့ အလုပ် တစ်ဖက်နဲ့ မို့ မ၀င်အား။ကျွန်တော်နှင့် အဖော် ၊ ပြီး နှစ်ယောက်လောက် ၀ိုင်ချက်လိုက်သည်။ ဟင်းကမွှေးလာပြီ…….။တစ်အောင့်နေရင်
စားလို့ ရပြီ။ကျွန်တော်တို့ ထမင်းခူးလိုက်သည်။ဟင်းကျက်တော့ ဟင်းထည့်ပြီး လူကြီးများကို သတိရသည်။သူတို့ ကို ဦးချရမည်ပေါ့။
ကျွန်တော်တို့ ဟင်းခွဲလိုက်ပါသည်။သည်တစ်နေ့ မှဘဲ ထူးထူးခြားခြား မှိုဟင်း။ဝိုင်းကူသော အင်ဂျင်နီယာက ပြောသည်။ကျွန်တော် စဉ်းစားသည်။အယင်က မစားဖူးပါတဲ့ ။အဲ့လို ဆို ကျွန်တော်တို့ ခူးလာတဲ့မှိုတွေက စားကောစားကောင်းလား။ကျွန်တော် စဉ်းစားတယ်။
ကျန်သူများလည်း ကျွန်တော့်လို ပဲဖြစ်သည် ထင်ပါရဲ့။သူတို့ မတို့ ရဲ။ကျွန်တော်တို့ ထမင်းပန်းကန်တွေကို ကိုင်ရင်း ငုတ်တုတ်တွေ…။
အဲ့လို ဆို သွန်ပြစ်ပါလားဆိုပြန်တော့ …မလုပ်ရက်။နှမျောသည်။ဟင်းရည်လေးတို့ လိုက်။ထမင်းစေ့လေးတွေ ရေလိုက်။ဗိုလ်ကြီးတို့ 
က လိုဏ်ခေါင်း (tunnel) ထဲမှာ။သူတို့ မကြာခင် ပြန်လာကြတော့မှာ…။ဗိုလ်ကြီးဆိုလို့ ….. အင်ဂျင်နီယာရာထူးများထဲတွင်လည်း ဗိုလ်ကြီးခေါ်SAE ရာထူး ရှိလေ၏။ဗိုလ်ကြီးက အမောတကောနှင့်ပြန်လာပြီး…မျက်လုံးများကတော့ ကျွန်တော်တို့ ထမင်းဝိုင်းအလယ်မှ မှိုဟင်းဆီဝယ်။ဗိုလ်ကြီး စားမည်လုပ်တော့ ကျွန်တော်တို့ တော့ ချက်ပြီး မစားဝံ့ကြောင်း ဗိုလ်ကြီးကို ပြောပြသည်။ဗိုလ်ကြီး က မှိုတစ်ဖတ်ကို ယူပြီးဝါးလိုက်သည်။ပြီး အားရပါးရ လွေးလေတော့၏။စားကောင်းတယ်လို့ တောင် ပြောသေးသည်။ကျွန်တော်တို့ ကဘေးမှာ….။မျက်လုံးလေးတွေက စူးစမ်းသလို …အားကျသလို ။စားတော့မစားရဲသေး။ကျွန်တော်တို့ တလှုပ်လှုပ်။ဗိုလ်ကြီး ကို နောက်နာရီဝက်လောက် ကြည့်နေကြသည်။သူဘာမျှမဖြစ်။ကျွန်တော်တို့ မနေနိုင်တော့။မှိုဟင်းကောင်းလေ၏။နောက်လူများဖို့ 
တောင် မက ပိုပိုလျှံလျှံ။မှိုဟင်းတစ်ခွက်….။ကျွန်တော် တို့ သူငယ်ချင်းများကြားထဲတွင် ပြောစရာတစ်ခုဖြစ်ခဲ့ပါသည်။သူငယ်ချင်းများ ရည်းစားထားလျင်၊မိန်းမယူလျင် ကျွန်တော်တို့ အဖွဲ့ က မှိုဟင်းကို ငေးနေဘိ သကဲ့သို့ ငေးနေလေ့ ရှိပြီး…..စောင့်ကြည့်
လိုက်ဦးမည်ဆိုတဲ့ အထာလေးတွေ ကိုယ်စီနှင့်။သူငယ်ချင်းတစ်ယောက် မိန်းမခိုးတုန်းကလည်း ကျွန်တော်တို့ အဖွဲဝိုင်းပြီး မှိုဟင်းတစ်ခွက် ချက်ပေးလိုက်သေးသည်။ကျွန်တော်တော့ အခုထိ ရှေ့လူများ ဘာမျှမဖြစ်ခဲ့ကြပေတဲ့….. မှိုဟင်းတစ်ခွက် မနှိုက်ရဲသေး။ကိုယ်တိုင်ခူးပြီး ချက်ပေးခဲ့ရတဲ့ လူတွေလည်း ရှိတယ်လေ။
ကျွန်တော် လွန်ခဲ့တဲ့ နှစ်တုန်းက မြို့ပေါ်မှာ မှိုစိုက်ခင်း မရှိဘူး…။မှိုစိုက်မယ်ဆိုပြီးလုပ်ခဲ့သေးသည်။ စိုက်လည်းစိုက်ဖြစ်ခဲ့သည်။
(၆)လခန့် ဘဲ လုပ်ငန်းတာရှည်ခဲ့သည်။ အဲ့အလုပ်က မကိုက်ဘူးလားဆိုတော့။ မဟုတ်။ရာသီဥတုအေးလွန်းသည်က တစ်မျိုး၊
မိုးရွာရက်ရှည်သည်က တစ်မျိုး။လူမစောင့်နိုင်သည်က တစ်မျိုး။ကျွန်တော်လက်လျှော့ခဲ့သည်။အတွေ့ အကြုံပေါ့။မှိုတွေ ရခဲ့ပါသည်။အစပ်ကောင်းတော့ စိုက်ခင်းအပြင်ရောက်လျင် အကုန်လုံးကုန်သည်။သူကအေးလွန်းလျင်မထွက်။အေးလွန်းလျင် မြင်းချေး၊ငုံးချေးလိုက်ဝယ်ပြီး ပိုထည့်ပေးရသည်။များသွားလျင်လည်းလောင်ကုန်သည်။ပြီး မှိုခင်းအုပ်သည့် ပလပ်စတစ်စက အောက်စအလွတ်မခံ။လေ၀င်ပြီး သရမ်းသွားလျင် ကျွန်တော်တို့ တော့ ကုန်ပြီသာမှတ်ပလေ့။ မှိုခင်းထဲမှာ လူမသိသူမသိ မမြင်မိလို့ အရွယ်လွန်မှိုတွေ ကိုလည်း ကျွန်တော် ကိုယ်ချင်းစာ၊နှမျော စွာနဲ့ နှုတ်ပြီးလွင့်ပြစ်ခဲ့ရ။ပြီး ပြောပြရအုံးမယ်။မှိုရောင်း တဲ့အခါတွေ
မှာ အချိန်အခါတန်လို့ ပွင့်သွားရင် ရောင်းပန်းမလှတော့ဘူး။မှိုတွေ ပွင့်ကုန်တော့ အလေးချိန်မစီး။ဝယ်သူကလည်း မကြိုက်။
အရသာပေါ့ သွားသည်တဲ့။ကျွန်တော်….စကားတစ်ခုကို သတိရမိသည်။သမီနဲ့ ငါး အိမ် ကြာကြာမထားနဲ့ တဲ့ ။သမီးကညာ ခါမလင့်စေနဲ့ 
လို့ လည်း ဆိုတာကို။ကျွန်တော်တို့ တော့ အဲ့တုန်းက မှိုပေါ့နော်။ပွင့်သွားမှဆိုရင် နှစ်ဦးနှစ်ဖက်နစ်နာသည်။အချို့လည်း ရာသီဥတုအရ အရွယ်မရောက်သေးခင် ပွင့်သွားကြ၏။အဲ့အခါမျိုးဆို ပိုလို့ မကိုက်ပေ။အရွယ်ထွားပြီး အလုံးလှမှ၊ပြီး မပွင့်သေးပေမှ ကျွန်တော်တို့ 
အစဉ်ပြေလေ၏။ကျွန်တော် အယင်တုန်းက မှိုဟင်းတစ်ခွက်အကြောင်း ပြောဖူးတော့ ….. ကျွန်တော်စိုက်တဲ့မှိုကိုတော့ ကျွန်တော် ယုံယုံကြည်ကြည် စားခဲ့ပါတယ်။အတောက်ပြေ ….ကန်စွန်းရွက်လေးနဲ့ ရောပြီး တော့လေ။

javascript:void(0); Save Template