ဒေါ်ဒေါ်..မမ...ဦးဦး...ကိုကို....တို့ နှင့် ညီငယ်၊ညီမငယ်လေးတို့ ဖို့  သီတင်းကျွတ် လက်ဆောင်
မြင်မိသည်တို့ ကို စာစီမိခြင်းမျှသာဖြစ်ပါသည်။ လွန်တာရှိရင်တော့ တောင်းပန်ပါရဲ့
မိုးရွာနေသည်
မိုးကရွာတော့ ရွာလိမ့်မယ်။
အို....ဒီနားလေး ခဏဘဲကို။ မလွတ်လည်း နီးရာ ၀င်ခိုနေမှာပေါ့။ ဘာရယ်မဟုတ်ဘဲ တွေးလို့သာတွေးရတယ်။ အစီအစဉ်က ရှိပြီးသား။
(တစ်) စာအုပ် ၀င်အပ်မယ်။
(နှစ်) စိတ်ကြိုက်တွေ့ ရင် ထပ်ငှားမယ်။
(သုံး) ပြီးတော့ မြောက်ဘက် မျက်စောင်းထိုးက လ္ဘက်ရည်ဆိုင်မှာ အချိန်ဖြုန်းမယ်။ (မိုးရွာခဲ့ရင် မိုးခိုရင်းပေါ့။)
ကဲ...လုပ်နေကျ အစီအစဉ်တွေရှိရဲ့သားနဲ့ ဘာလို့ လျှောက်ပြီးတွေးနေရတာလဲ။ အချိန်ကုန်တယ်။ လွယ်အိတ်ထဲက ထီးကို ထုတ်ခဲ့ပြီး အခန်းတံခါးကို ခပ်သွက်သွက်ပိတ်ကာ လှေကားအတိုင်းပြေးဆင်းလာမိသည်။
တအိန်အိန်အော်လျက် ၀ရုန်းသုန်းကားပြေးတတ်လာသောကြံဆုံ။ ကျွန်တော့်ကောင်ကြီး ဘာဖြစ်လို့ ပါလိမ့်။ ဒီကောင်က အင်မတန်ငြိမ်တဲ့ကောင်။ ခင်လည်းခင်တတ်ပါရဲ့။ ကိုက်ဖို့ ဝေးစွ။ ယောင်လို့ တောင်မဟောင်။ နို့ တဲ့... အခုပြေးတာတဲ့ ပုံက အတော်လေး နာနာကျင်ကျင် ပြေးတတ်လာပုံ။ ဘယ်သို့ ဖြစ်သနည်း။ ခွေးချင်းကိုက်လို့ လား။ မဟုတ်တန်ပါ။ ဗလကောင်း သလောက်လည်း အားကြီး သည်းခံတယ်။ သူ့ ဆိုလမ်းထဲ လူရော ခွေးရောက ချစ်ကြတာ။ လမ်းထဲမှာ သူ့ ကို ယှဉ်ကိုက်ဖို့ ရာ ခွေးတစ်ကောင်းမျှ မရှိ။ ကျွန်တော် ဇဝေဇ၀ါ ဆက်ဆင်းလာရာ...။
ဟော...တွေ့ ပါပြီ။ တရာခံ လက်သည်။ မြေညီထပ်က မိန်းမကြီး။ ဒုတ်တစ်ချောင်းကိုင်လို့  တရူးရူး ဒေါသထွက်နေလေရဲ့။
" လမ်းဘေး ချီးစားခွေး၊ အလကားခွေး၊ ခွေစုတ်"
ကျွန်တော် လှေကားကွေ့ အဆင်း မျက်နှာချင်းဆိုင်တွင်ဖြစ်သဖြင့် ဆင်းစ ခြေလှမ်းတုံ့သွားမိသည်။
" မောင်ရင့်ခွေးကြည့်ထိန်းနော်။ မဟုတ်ရင်တော့ မပြောမရှိနဲ့ "
" ဗျာ...ဗျာ..အန်တီဘာကို ပြောတာလဲမသိဘူး"
ကျွန်တော် ကတယ် မသိရိုးအမှန်ပါ။ သူဆိုလိုတာက ကြံဆုံကိုရယ်။ ဒါပေတဲ့ ကြံဆုံက ကျွန်တော့်ခွေးမဟုတ်။ ဘယ်သူ မွေးထားမှန်းလည်း ကျွန်တော်မသိ။ ဒီကောင်က ကြုံရာတွင်အိပ် ပြီး ကြုံရာလူက ကျွေးသည်ကို စားသည်။ ကျွန်တော်လည်း ကျွေးသည်။ ကျွန်တော်သိတာ ဒါအကုန်ဘဲ။ မိန်းမကြီးက ကျွန်တော့်ကို မျက်စောင်းထိုးပြီး ထွက်သွားသည်။ ဒီကောင်ကြံဆုံ မီးဖိုချောင်ထဲ ၀င်စားလို့ လား။ အို....ငါနဲ့ မှမဆိုင်တာ။ လူကိုများ ဘာမဆိုင် ညာမဆိုင်။ နေနှင့်အုံး။ နောက်မှ ပြောရအုံးမယ်။ စဉ်းစားရင်း ဆင်းလာရာ မြေကြီးပေါ် ခြေချမိရုံရှိသေး မိန်းမကြီးက သူ့ ခွေးအား အခန်းထဲ ဆွဲထည့်ပြီး တံခါးကို ဆောင့်ပိတ်လိုက်သည်။ ဘယ်တည်းက နောက်က လိုက်လာသည် မသိရသော ကြံဆုံသည် ကျွန်တော့်ကို ကျော်၍ နောက်ပြန်လှည့်ကာ မြှီးနှုန့်ပြနေသေးသည်။
"ဟိတ်ကောင်၊ ကြံဆုံ..မင်း ဒီအိမ်က ခွေးနဲ့ ကိုက်တာလား"
ကျွန်တော်မေးသည်ကို ကြံဆုံက အဓိပ္ပါယ် သိဟန်မတူ။ မာန်ဖီခြင်း မရှိ။ အမြီးနှုန့်လျက်။ ကျွန်တော် ပြန်ပြုံး ပြလိုက်သည်။
"ညဥ့်ခွေးကိုကြိုးနဲ့ ချည်နော်။ လမ်းထွက်တာ ငါမကြိုက်ဘူး။ လမ်းထဲ ခွေလေခွေးလွင့်က ပေါပါဘိနဲ ။့"
မိန်းမကြီးအခန်းထဲ တွင် အော်နေသည်။ မိန်းမကြီးနှယ်ဆိုးလိုက်တာ။ ကြံဆုံ ကတော့ စမကိုက်လောက်ပါဘူး။ သူ့ ခွေးက စကိုက်တာရှိမှာပါ။ အတွေးထဲ၌ ရှိသော်လည်း...နေနှင့် အုံးပေါ့၊ နောက်မှတွေ့ တာပေါ့။ မြေညီခန်းကို မကြည်ကြည့် တစ်ချက် ကြည့် လိုက်သည်။ မိုးဖွဲလေးများပင် ကျလာချေပြီ။ လက်ထဲက စာအုပ်က ရေစိုလို့ မဖြစ်။ ကျွန်တော် စာအုပ်ဆိုင်သို့ အပြေးလေး လှမ်းလာခဲ့သည်။ လမ်းတောင့်ချိုးတစ်နေရာအရောက်....။
" အယ်"
ကောင်မလေး သုံးယောက်။ အပြေးတစ်ပိုင်းနှင့်။ ညာစွန်မှ ကောင်မလေးနှင့် တိုက်မိသည်။ သူတို့ လည်း ပြေး။ ကိုယ်လည်း ပြေးမို့ မပြောသာ။ နို့ တဲ့ လူကိုပင် လှည့် မကြည့် ဘဲ ထွက်သွားကြသည်။ ရန်ကုန်သူတွေလုပ်ပြီး မိုးကြောက်လိုက်တာလည်း လွန်ပါရော။ ကျွန်တော်လည်း ကြည့်မနေတော့ဘဲ ထွက်လာခဲ့သည်။ ပြီးတော့မှ စဉ်းစားမိသည်။ သူတို့ မှာက ထီးတွေ နဲ့ ဘဲ။ ကျွန်တော်လည်း ခပ်သုတ်သုတ်ဆက်လျှောက်လာရာ.....တစ်နေရာမှာ အဖြေပေါ်လေပြီ။ မတင်မကျ ကြံဆုံကြီး ကိစ္စပါ တစ်တွဲတည်း ပါလာခဲ့ပါပြီ။ တော်သလင်း ရောက်ပြီလား မသိဘူး။ ကျွန်တော် တစ်ယောက်တည်း ပြုံးနေမိသည်။ စာအုပ်ဆိုင်ထဲ ၀င်မိတော့ မိုးက အတော် သည်းနေပေပြီ။
"ဦးလေးရေ...မနေ့ ကတည်းက အပ်မလို့ ဟာ မပြီးသေးတာနဲ့ မအပ်ဖြစ်သေးတာ နှစ်ရက်ပေါ့နော်"
"အေး...မင်းလာမလားလို့ မျှော်နေသေးတယ်...လာရင်လည်း သိပ်မမှောင်စေနဲ့ နော် ဒီလမ်းက ခွေး အားကြီးပေါ။ သောင်းကျန်းတာလည်း လွန်ရောဘဲ"
"သူ့ ရာသီကို ဦးလေးရ....ဘာတဲ့
ကြောင် …ပြာသို
ငါး … ၀ါဆို
ခွေး …တော်သလင်း
လူ …မသေမချင်း .....လို့ ဆိုတာကိုလေနော်"
ကျွန်တော်အရွန်းဖောက်လိုက်သည်။
"အောင်မယ် တတ်တယ်။ မသေမချင်ဆိုတဲ့လူကြီး ...သူဖြင့် မစွံဘဲနဲ့ "
"အချိန်မကျသေးလို့ ပါ ဦးလေးရာ..ကြည့်နေပါ...သိပ်မကြာတော့ပါဘူး"
ကျွန်တော့်မှာ ကြည့်နေပါဟု မာန်တင်းပြီး ပြောမိသော်လည်း အရည်အချင်းကို မယုံ။ ကိုယ့်ဘာသာကိုယ် မလုံ။
"ဒီစာအုပ် ဖတ်ပြီးပြီလား။ နောက်ဆုံးထွက်တာ ကောင်းတယ်.ဖတ်မလား"
ဦးလေးကြီးက စာအုပ်ပုံထဲမှ တစ်အုပ်ကိုထုတ်ပြသည်။ ကျွန်တော်မဖတ်ရသေး။
"ဒါဘဲယူသွားမယ်။ မှတ်ပေးပါ ဦးလေး။"
ဦးလေးကြီးက စာအုပ်ကိုမှတ်ပြီး ပြန်ပေးသည်။ ကျွန်တော်က အယင်စာအုပ် ငှားခဖိုး ရှင်းပြီး ဆိုင်မှအထွက်တွင် ဦးလေးကြီးက လှမ်းအော်သည်။
"ဟေ့..ဟေ့ ..မင့်မလဲထီးမပါဘူးလား"
"ကဗျာ ကယာဆိုတော့ မေ့လာလို့ ပါ။ ဒီနားလေးဘဲ။ ပြေးလိုက်လည်းရပါတယ်"
"ရန်ကုန်မှာက ထီးအမြဲဆောင်ရတယ်။ ငါ့ထီးယူသွား။ ပြီးမှပြန်လာပေး။ ဟုတ်လား။ "
"နေပါစေ ဦးလေးရယ်…ပြေးလိုက်ပါ့မယ်။"
"စာအုပ်လေးလည်း အားနာပါအုံးလေကွာ…နော်။ "
ထိုမှပင် ကျွန်တော် ဦးလေးကြီးကို ပြန်ပြုံပြရင်း
"အဲ့လိုဆို ကျွန်တော် ဒီမှာ ခဏနေအုံးမယ်။ မိုးစဲမှ သွားမယ်လေ"
ပြောပြောနှင့်ပင် ခွေးခြေခုံ တစ်ခုကို ယူထိုင်ပြီး ဆေးပေါ့လိပ်ဖွာရင်း စာအုပ်ကိုဖွင့် လိုက်သည်။
"ကဲ…ကြည့် လွန်ကို လွန်တယ်။"
ဦးလေးကြီးက စကားမစပ်….ဘာကိုပြောသနည်း။ ကျွန်တော့်ကိုလားမသိ။ ကျွန်တော် မော့ကြည့်မိသည်။ သည်တော့မှ
ဦးလေးကြီးက
" ခွေးတွေနှယ် မိုးရွာကြီးတောင်ကွာနော်"
ဘေးဘီပတ်ကြည့်မိတော့ ဘာမျှ မတွေ့ ။ လ္ဘက်ရည်ဆိုင်ထဲ အလျိုလျို ၀င်နေသောလူများသာ။
"မတွေ့ ပါဘူး ဦးလေးရ "
" ဟိုမှာကွာ။ အနောက်ဘက်မှာ "
သြော်ဟုတ်ပါရဲ့။ အနောက်ဘက် ခပ်လှမ်းလှမ်းမှာ ခွေတစ်အုပ် အလုပ်ရှုပ်နေလေရဲ့။ သြော် ...ဟု ပြောမိသော်လည်း မသိမသာ သက်ပြင်းချရင်း "မိုးရွာကြီးတောင်ကွာနော်" ဆိုသည့် စကားကို အထပ်ထပ် စဉ်းစားနေမိသည်။ မိုးရွာရင် လ္ဘက်ရည်ဆိုင်မှာ
မိုးဝင်ခိုရင်း …… ဆိုပြီး စဉ်းစားပြီး ထီမယူလာမိသော ကျွန်တော့်ကိုယ် ကျွန်တော် ကြက်သီး ထမိသည်။ မိုးကလည်း သည်းတော့မယောင်။ လ္ဘက်ရည်ဆိုင်မှ မိုးကာများ ချပေးနေပေပြီ။ သည်လိုဆိုရင်ဖြင့် နေရာ ရတော့မည် မဟုတ်။ အမြန်သွားပြီး နေရာဦးမှ တော်ပေတော့မည်။
"ဦးလေးရေ မိုးကလည်း မတိတ်နိုင်ဘူးနော်။ ကျွန်တော် ဟိုဘက်နား အရေးတကြီး သွားစရာ ရှိသေးလို့ ။ စာအုပ် ခဏထားခဲ့မယ်နော်။ အပြန်မှ ၀င်ယူတော့မယ်နော် ။"
ကျွန်တော်သည် ဦးလေးကြီး ပြန်ဖြေသည်ကိုပင် မစောင့်တော့ဘဲ သုတ်ခနဲ ပြေထွက်လာမိသည်။ လ္ဘက်ရည်ဆိုင် ရောက်တော့ ကျွန်တော် ထိုင်နေကျ နေရာလေးက လူမဦးသေး။ အသင့်ပင် ထိုနေရာလေးတွင် ထိုင်လိုက်သည်။
"အစ်ကိုကြီး ပုံမှန်ဘဲလား "
စားပွဲထိုးကောင်လေးက မေးသည်ကို ပြန်ပြုံးပြရင် ခေါင်းအသာငြိတ်ပြလိုက်သည်။ သူတို့ သိသည်ဘဲ။ ကျွန်တော့် အတွတ်က ကျစိမ့် နှင့် စီးကရက်တစ်ပွဲ။ စီးကရက် တစ်ပွဲ လာချပေးပြီး ကောင်းလေးက အတော်နှင့် ပြန်ပေါ် မလာတော့။ ကိစ္စမရှိ။ ရေနွေးကြမ်းနှင့် စီးကရက်လည်း လိုက်တာဘဲကိုလေ။ လက်ထဲမှ ရေစိုနေသော ဆေးပေါ့လိပ်ကို လွင့်ပစ်ပြီး စီးကရက်ကို မီးညှိသည်။ ကောင်းလိုက်တာလေ။ မိုးအေးအေး။ ရေနွေး တစ်ခွက်နှင့် စီးကရက် တရှိုက်။ စိတ်ရော လူပါ လန်းသွားရသည်။ ကျွန်တော့်၏ သွေးလည်ပတ်စီးဆင်းမှု့သည်လည်း သီးချင်းသံ တီးလုံးနှင့်အတူ ကောင်တာဒေါင့်ဆီသို့  လမ်းလျှောက်လာသော မိန်းကလေးနှင့်တွဲ ၍ စည်းချက် ခုန်နေလေသည်။ လှလိုက်တာ ကောင်မလေးရယ်။ ကျက်သရေ ရှိလိုက်တာ။ ကျွန်တော့် စိတ်အစဉ်သည် ခေတ္တမျှ မူးမေ့သွားလေသည်။
ကျွတ်စိစိ ပြောသံများနှင့် အတူ မထိတထိ ရယ်သံမျာက ကျွန်တော့်နားထဲသို့ ကလိ၍ ၀င်ရောက်လာသည်။
ကောင်မလေးရယ်…..မင့်အကြောင်းတွေကို အဲ့ကောင်တွေ မဟုတ်မက လျှောက်ပြောနေတာ သိလား။ အလကားကောင်တွေ။ သူတို့  ပြောနေတာများလေး …စုံလို့ ….အို …စုံလို့ ။ သူတို့ မို့ ပြောရက်တယ်ကွာ။
အို ..ဘာဖြစ်လဲ။ လူတွေကတော့ ဒီလိုဘဲ ပြောနေကြမှာဘဲ။ ဘာဂရုစိုက်စရာ ရှိတုန်းလေနော်။ မဟုတ်ရင် ပြီးတာဘဲလေနော်။ အဲ….ဟုတ်ခဲ့ရင်ကော….။ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မေးနေမိသည်။ ကျွန်တော် မစဉ်းစားမိသေး၊ မပြောတတ်သေးပါ။ ဘာဖြစ်လဲလေ…။ ကျွန်တော်သက်ပြင်းချရင်း ကောင်မလေးရှိရာ ကောင်းတာဒေါင့်ဆီသို့  ကြည့်မိသည်။
ကောင်းမလေက အဲ့နားလေးမှာ ထိုင်လိုက်ရင် တအားလှတာ သိလား။ ဘေးက မီးစိမ်းလေးတွေနဲ့  ကိုယ့်အမြင်ထဲမှာတော့ မင့်လေးက နတ်သမီးလေး တစ်ပါးပါကွာ။ အိပ်မက်တိုင်းမှာ စိုးမိုးနေတဲ့ စေတစ်လုံးပိုင်ရှင် လှဧကရီလေး တစ်ပါးပါကွာ။ ဆံပင်လေးတွေကလည်း ပျော့ပြီး အိနေမှာဘဲနော်။ ရှေ့မှာ ကျနေတဲ့ ဆံပင်လေးတွေကလည်း သူ့ အလိုလို ကပိုကယို ကျနေတာ ဖြစ်ပေမယ့် ကိုယ့်စိတ်ထဲမှာတော့ ဘယ်လို ဆွဲဆောင်မှု့ ရှိနေမှန်းမသိဘူး။ မဟာနဖူးကလည်း ထင်းနေတာဘဲသိလား။ ဇင်ယော်မျက်ခုံး ဆိုတာတော့ ကြားဖူးပါရဲ့။ ခုံးမျက်စ သုံးရက်လဆို တာလည်း တွေးကြည့်ဖူးပါရဲ့။ ကိုယ်သာဆိုရင်လေ မျက်ခုံး တွေအားလုံးထဲမှာ မင်းလေးမျက်ခုံးက အလှဆုံးလို့ ပြောမှာဘဲ သိလား။ ကြည်လဲ့နေတဲ့ မျက်ဝန်းတစ်စုံနဲ့ မျက်ခုံး တစ်စုံမှာ ကိုယ်အတွတ်တော့ ဆွဲဆောင်မှု့ အစုံရှိနေလေရဲ့။ နှာတံ ၊ နှုတ်ခမ်းနဲ့  မျက်နှာကျတွေကိုပါ ဆက်တွဲပြောပြမယ် ဆိုရင် ပပ၀တီတော့ ငိုမှာဘဲ သိလား။
ပြီးတော့လေ ကောင်းမလေးကို ကိုယ့်ဘာသာ နာမည်ပေးထားတာ ရှိတယ်။ “မရာတီတဲ့”။ အမရာနဲ့ ပပ၀တီကို ရောထားတာလေ။ မင်းကတော့ ဘာကြီးမှန်းမသိဘူး လို့ ပြောမှာဘဲမဟုတ်လား။ မင်းမကြိုက်ရင် မခေါ်ပါဘူး။ မင်းအတွတ် ကိုယ့်ရင်ထဲက စကားတွေပါ။ ကိုယ့်ရင် ထဲက မင်းအတွတ် သီးသန့် နာမည်လေးပါ။ ဘယ်လိုဘဲဖြစ်ဖြစ် မင်းလေးကတော့ ကိုယ့်အတွတ် မရာတီလေးပါကွာ။
"ပြန်မယ်ပြန်မယ်။ အိပ်ချင်ပြီ။"
ကောင်းမလေး၏ မောင်လေးက ဂျစ်တိုက်နေသည်။ ဒီကောင်းလေးက လူဆိုးလေး။ သူ့ အစ်မနားကပ်ပြီး တဂျစ်ဂျစ်။
ထိုအခါမှ ကျွန်တော်လည်း စိတ်နှင့်ကိုယ် ကပ်မိတော့သည်။ ဘယ်အချိန်က လာချသွားသည် မသိရသော လ္ဘက်ရည်ခွက် ရောက်နေချေပြီ။ လ္ဘက်ရည်ကို မွှေပြီးသောက်လိုက်သည်။ ကောင်မလေးက ပြုံးနေသယောင်။ အရသာရှိလိုက်တဲ့ လ္ဘက်ရည်။
" ကလေးက ပြန်ချင်နေတာ ပြန်ပို့ လိုက်။ မှောင်နေပြီ။ ညဉ်းလည်း ပြန်တော့"
သူ့ အဖေကြီး ၏ သြဇာသံ။ ပြီးတော့ အဖေ( သူ့ အဖေ) က ကျွန်တော့်ကို ကြည့်ပြီး မျက်နှာလွှဲသွားသည်။ ကျွန်တော်လည်း ပျာယီးပျာယာ ဘာလုပ်မိသည်မသိ။ ခွက်ထဲမှ လ္ဘက်ရည်နှင့် စာပွဲပေါ် အရုပ်ဆွဲနေမိသည်။ ကောင်းမလေးက သူ့ မောင်လေးကို ဆွဲပြီး ထွက်သွားသည်။ သူ့ အဖေကွယ်တွင် ကျွန်တော့်ကို ပြုံးပြသွားသည် ထင်မိသည်။ အဟုတ်ပင်လော။ ထင်ခြင်းပင်လော။ မည်သို့  ပင်ဖြစ်စေ ကျွန်တော်ပျော်ပါသည်။
စားပွဲထိုးကောင်လေးက ကျွန်တော့်နားရောက်နေပါပြီ။ သူတို့ သိသည်ဘဲ။ ကောင်မလေးပြန်လျင် ကျွန်တော်လည်း ပြန်တတ်သည်ကို။ ငွေရှင်းလိုက်သည်။ ဆိုင်မှ ထွက်လာမိသည်။ မိုးမတိတ်သေး ။ မသည်း ရုံလေးရွာနေသည်။ ကျွန်တော့်တွင် ထီးမပါ။ ကျွန်တော်မသိ။ ဆက်လျှောက်နေမိသည်။ စာအုပ်ဆိုင်ရှေ့ရောက်မှ စာအုပ် ၀င်ယူဖို့ သတိရသည်။
ထားလိုက်တော့ နောက်နေ့ မှ ယူတော့မည်။
လမ်းထဲ ချိုးဝင်လိုက်သည်။ လမ်းထဲမှ ခွေးအသီးသီး သင့်ရာအရိပ်အောက်မှာ ကွေးကုန်ကြပြီ။ အိမ်ရှေ့ရောက်တော့
မောင်ကြံဆုံက ငုတ်တုတ်ရယ်။ မိုးရွာကြီးထဲမှာ။ ကျွန်တော် ရပ်ကြည့်မိသည်။ ကြံဆုံက အမြှီးလှုပ်ပြသည်။ ကျွန်တော်က ပြန်ပြုံးပြလိုက်သည်။ ဇွဲကောင်းလှသော ၊ တနည်း ကြိုးစားလှသော ၊ သတ္တိရှိလှသော ကြံဆုံကြီးကို ဂုဏ်ပြုချင်လာသည်။ အခန်းထဲတွင် ညစာအတွတ်ချန်ထားသော ၀က်သားနှင့် ထမင်းကျန်သေးသည်။ ကျွန်တော် စားစရာများ ကို ချပြီး လမ်းပေါ်တွင် ကြံဆုံကြီးအား ကျွေးနေမိသည်။ မြေညီခန်းအတွင်းမှ တ၀ုန်းဝုန်းအသံနှင့်အတူ မီးပွင့်လာသည်။ ကြိုးတွဲလောင်းနှင့် ခွေးက တံခါးကို တွန်းနေသည်။ မိန်းမကြီး ထွက်လာပြီး ဆွဲခေါ်သွား ၍ ကြိုးနှင့် ချည်လိုက်ဟန်ရှိသည်။ အခန်းတွင်းမှ ကြိုးချည်ထားခံရသော ခွေလေးကား တအိအိ။ ကြံဆုံကြီး ဆက်မစားတော့ ။ ကျွန်တော်လည်း ကြံဆုံကြီးကို ကြည့် ၍ တစ်ကိုယ်တည်း ပြောမိသည်။
“အေးပါကွာ။ တော်သလင်းပြီး သတင်းကျွတ်ပါကွ….နော်။”
စေ့စေ့တွေးပြီး ပြုံးမလား....ပြစ်ပြစ်နှစ်နှစ် ဆဲလား၊ နှစ်သက်ရာကိုသာလုပ်ပါ။
ခွေးများသည်တော့ ပြုံးလျှင် အမြီးနှုန့်သည်။ ဆဲလိုလျင် ဂဲဂဲ ဟုအော်လျက် သွားဖြီးထားသည်။
Oct 6, 2008
သီတင်းကျွတ် လက်ဆောင်
Posted by
Phoe Lynn
at
1:15 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment